၃၄+၃၅

1.4K 230 8
                                    


အပိုင်း ၃၄

ဟူရင်းက ပြောသည်။
“ လောင်းကြမလား ဘယ်သူနိုင်မယ်လို့ ထင်လဲ”

ကျိုင်ရှင်းချန်က လက်မြောက်သည်။
“ ကျွန်တော်တော့ ဟော့ကောကို ရွေးတယ်”

ဝမ်နော့ကလည်း လက်မြောက်သည်။
“ ကျွန်တော်လည်း ဟော့ကောပဲ”

“ ငါတော့ ယန်ကျစ်”
ဟူရင်းက ပြောသည်။

သူက ပြော၍ဆုံးသည်နှင့် လူတိုင်းက ရယ်လိုက်ကြသည်။

လင်းချင်နင်က အရှေ့မှ လူများကို ကြည့်ပြီး ပြောသည်။
“ ဒါဆိုရင် ငါ ဖေးရွှီဘက်ကပဲ လောင်းလိုက်တော့မယ်”

လူတိုင်းက သွမ့်ရီဟွားကို လှည့်ကြည့်လိုက်ကြသည်။ သွမ့်ရီဟွားက ရယ်သည်။
“ တကယ်တော့ သုံးယောက်လုံး နိုင်နိုင်တယ်လို့ ထင်တယ်။ ယန်ကျစ်ဆိုရင် ပိန်ပေမဲ့ ခန္ဓာကိုယ်ရှိတယ်။ သူက ပုံမှန် လေ့ကျင့်မှန်း သိသာတယ်။ဟော့ကောဆိုရင် ပြောဖို့တောင် မလိုတော့ဘူး တချက်ကြည့်ရုံနဲ့တင် သန်မာမှန်း သိသာတယ်။ဖေးရွှီကတော့ နေ့တိုင်း ပြေးနေကြဆိုတော့ လေ့ကျင့်ခန်း သေချာလုပ်တာ သိသာနေပြီ။ ဒီတော့ သူလည်း သန်မာမှာပဲ”

“ သူတို့တွေ ထိုင်ထလုပ်ကြမှာလား ဒိုက်ထိုးကြမှာလား မသိဘူး၊ ထိုင်ထလုပ်ဖို့ပဲ မျော်လင့်တယ်”

ကျိုင်ရှင်းချန်က ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရသည်။
“ ဘာလို့လဲ”

“ လက်မောင်းအားက ခါးရဲ့ အားလောက် အရေးမကြီးဘူးလေ”
ဟူရင်းက ခပ်တည်တည်ရှင်းပြသည်။

“ စကားပြောတဲ့အခါ အသုံးအနှုန်းတွေကို သတိထားကြပါ”
ပရိုဂရမ်အဖွဲ့က အနောက်မှ လှမ်းအော်သည်။

အားလုံး ရယ်လိုက်ကြသည်။

ဖေးရွှီတို့ကလည်း အသံကြားသည့်အခါ လှည့်ကြည့်သည်။ထိုတခဏတွင် အပြာအနီက တစ်ဖွဲ့ဆီ ကွဲနေသည်။သို့သော် ကျိုင်ရှင်းချန်က အနီဘက်သို့ ရောက်နေသည်။အခြားသုံးယောက်အတွက်ကမူ ကျိုင်ရှင်းချန်က အနီဘက်သို့ သွားနေသည်မှာ မထူးဆန်းချေ။ယနေ့ပြိုင်ပွဲက ထိုသုံးယောက်ကသာ အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now