And I - 2

682 100 0
                                    

တရှူးရှူးတရှဲရှဲ အသံများ၊ ရယ်​မော​နေသံများ၊ တ​ထောင်း​ထောင်းထ​နေ​သော အသားကင်နံ့နှင့် အရက်နံ့တို့ကြားတွင် ​ဆောင်းဟန်ဘင်းမှာ မသက်ဆိုင်သည့် အလား တစ်​​ယောက်တည်း ထီးထီးကြီး ထိုင်​နေ​သော်လည်း မျက်နှာချင်းဆိုင်မှ ကျန်း​​ဟောင့်မှာ​တော့ အသား​လေးစားလိုက်၊ အရက်​လေးကို​ မော့လိုက် စကား​လေး​ပြောလိုက်၊ ရယ်လိုက်​ မောလိုက်ဖြင့် အင်မတန်ကို ​ပျော်ရွှင်​နေ​တော့သည်။

လူ ၉​​ယောက်ကြားတွင် သူတစ်​​ယောက်ထဲသာ မည်သည်ကိုမှ မတို့မထိမိ။ အသားကင် မကျက်တကျက် ကလည်း ဝမ်းအတွက် မ​ကောင်း၊ အရက်ကလည်း တစ်ခွက်​သောက်ပြီး ​မှောက်သွားတတ်၍ မကြိုက်။ ကား​မောင်းရမည် ဖြစ်၍ ပို​တောင် မ​သောက်ချင်​သေး။

​ပျော်​နေ​သော ကျန်း​ဟောင့်မှာ​တော့ အဝင်​ တော်​တော်များပြီး အာသွက် လျှာသွက် အပြင် လက်တို့ပါ သွက်လာပြီး ဘယ်ဘက်မှ မက်ချူး၏ ပခုံး​​ပေါ်မှီလိုက်၊ ညာဘက်မှ ယူဂျင်း၏ပါးကို ကိုင်လိုက် တို့ကို လုပ်လာ၍ ​ဆောင်းဟန်ဘင်းမှာ မျက်ခုံးတို့ လှုပ်လာရ​​တော့သည်။ လက်​တွေပါလာပြီဆိုလျှင် မကြာခင် ​ဘေးလူကို ဖက်နမ်း​တော့မည့် အ​နေအထား မဟုတ်ဘူးလား။

​ကျန်း​ဟောင့်​က ​နောက်တစ်ခွက်ကို ထပ်မံသောက်ဖို့ ပြင်​နေ​တော့ ကျန်း​ဟောင့် လက်ထဲမှ ခွက်ကို လုယူလိုက်ရင်း တစ်ကျိုက်တည်း ​မော့လိုက်လိုက်​တော့ အားလုံးက တိတ်ဆိတ်သွားပြီး​နောက် ​စက္ကန့်ဝက်အကြာတွင်​တော့ ​ဟေးခနဲ ထ​အော်ကြ​​တော့သည်။

မကြာလိုက်ပါ ဌာနမှူးကင် ကိုယ်တိုင် ပုလင်းလိုက်ကို ယူချလာပြီး သူ့​ဘေးဝင်ထိုင်ကာ ငှဲ့​ပေး​နေ​၍ ယဥ်​ကျေးမှု​အရ ငြင်းမရဘဲ သောက်လိုက်ရ​တော့သည်။ ​ထူးထူးဆန်းဆန်း ​ဆောင်းဟန်ဘင်း အရက်​သောက်​နေသည်ကို မြင်ရ၍ တစ်ဌာနလုံးမှ ဝမ်းသာအားရဖြင့် တစ်ခွက်ပြီး တစ်ခွက် လာငှဲ့​ပေး​နေ​တော့လည်း ငြင်းမ​ကောင်း၍ ​သောက်ရပြန်သည်။

၈ခွက်​​မြောက်ကို သောက်ပြီးချိန်တွင်​တော့ ​ဆောင်းဟန်ဘင်းမှာ မခံရပ်နိုင်​အောင် ဖြစ်လာရ​တော့သည်။ အစာအိမ်က လက်မခံနိုင်​​တော့​သော်လည်း ဂယူဘင်းက အတင်း​တိုက်၍ ထပ်​သောက်ဖို့ ပြင်​တော့ ငြိမ်​နေသည့် ကျန်း​ဟောင့်က တားလာသည်။

And IWhere stories live. Discover now