ep(33)

2.4K 157 5
                                    

🖤 CAN 'T LOSE YOU 🖤




ep(33)



ရှောင်ကျန့်တို့ ခုရောက်နေတာက ပေကျင်းမြို့ရဲ့ နာမည်ကြီး စားသောက်ဆိုင်လေး တခု ။ ရိပေါ်က သူ့ရဲ့ အစားပုတ်လေးကို သူများတွေ အမြင်မခံချင်လို့ VIP အခန်းတခန်းဘဲ ယူလိုက်တယ် ။ နာမည်ကြီး စားသောက်ဆိုင်မို့ အပြင်ပိုင်းမှာက လူတွေ ပြည့်ကြတ်နေတာဘဲ ။ အများစုကတော့ အစားစားဖို့ထက် ပုံရိုက်ဖို့ လာတာ ဖြစ်လိမ့်မယ် ။

" Woww ဆိုင် အပြင်ဆင်လေးက အရမ်းလှတာဘဲ "

ရှောင်ကျန့်က VIP ခန်းထဲရောက်တဲ့ဆို သေချာ လျှောက်ကြည့်ပြီး လက်မထောင်ကာ မှတ်ချက် ကောင်းကောင်းပေးလိုက်သည် ။

" ပုံရိုက်ပေးရမလား "

သူ့ယောကျ်ားက အလိုက်တသိ မေးလာတာမို့ ရှောင်ကျန့် မမူတော့ဘဲ သူကိုင်ထားတဲ့ ဖုန်း2လုံးထဲက ရိပေါ်ရဲ့ ဖုန်းကိုဘဲ လှမ်းပေးလိုက်တယ် ။ ပြီးတော့ သူ့ဖုန်းလေးကို စားပွဲပေါ် တင်ထားလိုက်တယ် ။

" ခင်ဗျား ဖုန်းနဲ့ဘဲ ရိုက်ပေး "

" Why "

" ဘာလို့လဲဆိုတော့ Wallpaper ပြောင်းလို့ရအောင်လေ အဲ့ဒီအိပ်နေတဲ့ ပုံကြီးကရုပ်ဆိုးတယ် "

နှုတ်ခမ်းတထော်ထော် နဲ့ ပြောနေတဲ့ သူ့အချစ်ကြောင့် ရိပေါ် ဟက်ကနဲ ရယ်မိလိုက်တယ် ။ ဘာလို့ အလောက် ချစ်ဖို့ ကောင်းနေရတာလဲ ဗျာ ။

" ဒါပေမဲ့ မောင်က သဘောကျတယ်လေ "

" တော်ပါပြီ ခင်ဗျားရဲ့ Frlit မှု တသိန်းကို နားမထောင်နိုင်ဘူး ပုံလှလှလေး ရိုက်ပေးနော် Weibo မှာတင်မလို့ "

ထိုစကားကြောင့် ရိပေါ်ဟာ သိသိသာသာ မျက်မှောင်ကျုံ့သွားတယ် ပြီးတော့ သူက ထိုင်ခုံမှာ စိတ်အေး လက်အေး တောင် ၀င်ထိုင်လိုက်သေးတယ် ။

" ဘာလဲ ပုံရိုက်ပေးမယ်ဆို "

" အစားအရင် စားရအောင် ဗိုက်ဆာနေပြီဆို "

" မရဝူး နောက်မှ စားမယ် "

" စားပြီးမှ ရိုက် "

" မရဝူးလို့ စားပြီးမှ ရိုက်ရင် ဘယ်လိုလှတော့လဲ ခုရိုက်ပေးလို့ နော် ~~ နော်လို့ "

🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now