ep(34)

2.6K 154 4
                                    

🖤 CAN 'T  LOSE  YOU  🖤




ep(34)




ရုံးချိန်း ...

ရှောင်ကျန့်က မနက် 6 နာရီလောက် ထပြီး ရေမိုးချိုး ပြင်ဆင်းပြီး မနက်စာ လုပ်ထားတယ် ။ ညက ရိပေါ်က ဒီနေ့ သူ့ကို တနေရာ ခေါ်သွားစရာ ရှိတယ်တဲ့ အရေးကြီးတယ်လို့ ပြောတယ်  ။

ဒါ့ကြောင့် သူက လိုအပ်တဲ့ အိမ်သန့်ရှင်းရေး အနည်းကျဥ်းလုပ်ပြီး ရိပေါ်အ၀တ်တွေကို မီးပူတိုက်ကာ နေရာတကျ သိမ်းဆည်းပေးတယ် သူအားလုံး လုပ်ပြီးသွားတော့ အချိန်က 8 နာရီ ကျော်နေပြီ  ။

ရိပေါ်က ဒီနေ့ ကုမ္မဏီမသွားဘူးပြောတယ် ဒါ့ကြောင့်မို့ လွတ်လပ်ပေါ့ပါးမဲ့ အ၀တ်စားမျိူးဘဲ ထုတ်ပေးထားလိုက်တယ် ။ ပြီးတော့ အိပ်နေတဲ့ ရိပေါ်ဘေး တစောင်း၀င်ထိုင်းပြီး မျက်နှာချောချောကို ခနလောက် စိုက်ကြည့်လိုက်တယ် ။

အရမ်းချောတာဘဲ ကျောင်းတုန်းကဆို သူ့ဘေးနားမှာ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေလို့ သ၀န်တိုရတာ အသက်တောင် တိုတော့မလိုဘဲ   ။ ရန်တွေလည်း ခန ခန ဖြစ်တဲ့ ဇိုးပေါ့ ။ ရိပေါ်မိဘတွေ ပြောတာတော့ သူ ( ရှောင်ကျန့် ) နဲ့ မတွေ့ခင်ထိ ရိပေါ်က ရဲစခန်းမှာဘဲ နေတယ်ဆိုလားဘဲ Wang Mammy က အာမခံနဲ့ လိုက်ထုတ်ပေးမဲ့ သူ့ Daddy ကတော့ သဘောမကျဘူးထင်တယ် ရဲစခန်းကို ရိပေါ်ရဲ့ အိမ်အဖြစ် အပိုင်၀ယ်ထားပေးဖို့တောင် ပြောနေတာ  ။ ဒီတနှစ် အတွင်းမှာလည်း ရှောင်ကျန့်က ရိပေါ်မိဘတွေနဲ့ 2 ခါလားဘဲ ဆုံဖူးသေးတာ သူ့ဘက်ကကိုက တွေ့ဖို့ လက်မခံခဲ့တာ ရိပေါ်ကို ယောကျ်ားလို့ မသတ်မှတ်တဲ့ အပြင် သူ့မိဘတွေကိုလည်း ယောက်ခမလို့ သဘောမထားနိုင်လို့  ။  ဒါကတော့ သူ့စိတ်ထဲက မရေရာတဲ့ မေးခွန်းတွေပေါ့

ပါးစပ်ကသာ ရိပေါ်ကို မုန်းတယ်ချည်း ပြောနေတာ သူ့စကားကို သူ့နှလုံးသားက လက်မခံတာ သူကိုယ်တိုင် သိသားဘဲ ။  ရိပေါ် အိမ်ပြန်နောက်ကျရင် စိတ်ပူတယ် ။ အရက်နဲ့ ဆေးလိပ်မသောက်ဖို့ ခနခန မှာတယ် အတာက သူ့ကျန်းမာရေး ထိခိုက်မှာစိုးလို့ ။ သူအကြောက်ဆုံးကတော့ သူ့ဆီက သာယာမှု မရလို့ ရိပေါ်တခြားတယောက်ဆီ စိတ်ပြောင်းသွားမှာကိုဘဲ ။ တွေးတောင် မတွေးရဲဘူး ဒါက တကယ် ကြောက်ဖို့ ကောင်းတယ်

🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now