𝐂𝐡𝐚𝐩𝐭𝐞𝐫 - 𝟒

103 7 2
                                    

(Unicode)

"First Love"

One's first experience of the feeling of romantic love

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" ဂျယ်မင်းရေ မနက်စာစားလို့ရပြီ "

" အေးလာပြီ "

စားပွဲခုံမှာတင်ထားတဲ့ ပန်းကန်သုံးပန်းကန်
ဘဲကြောင့် နည်းနည်းတော့ တစ်ခုခုကိုစိတ်ထင့်လိုက်သည်။

" ဟင် ဟဲချန်း မင်းဟာကလည်းသုံးပန်းကန်ထဲ
အကို့အတွက်ကော "

" မပါဘူးလေ "

" ဟ "

" သုံးယောက်စာဘဲချက်မိလို့ "

ကျွန်တော်ရပ်ဘဲကြည့်နေလိုက်တယ်။

" မင်းကလည်း ကွာ ဒီမှာအားနာစရာကြီး "

" မနာပါဘူး ငါ့အမျိုးမှ မဟုတ်တာ "

သူပြောတာလည်းဟုတ်ပင်မဲ့ နာဂျယ်မင်းဆိုတဲ့
ကောင်လေးကတော့ခေါင်းကုတ်ပြီး တစ်ခုခုကိုအကြံထုတ်နေတယ်။ သူ့ကျွန်တော်စားရဖို့ ကြံနေပြီထင်ပါရဲ့။

" ရပါတယ် ငါမစားတော့ဘူး မင်းတို့ဘဲ
စားလိုက်တော့ "

" ဟာမဟုတ်တာ အစာအိမ်ရောဂါဖြစ်ကုန်မှာပေါ့ ခဏလေး "

သူက နောက်က ပန်းကန်အလွတ်တစ်လုံးကိုယူပြီး သူ့ဆီက ထမင်းကြော်တွေကိုခွဲထည့်ပေးနေတယ်။
ရယ်ချင်စရာကောင်းတာက သူတစ်ယောက်တည်း
မျှလိုက်ရင်သူနည်းမှာစိုးလို့ကျန်တဲ့သူတွေဆီက
ပါ ကောက်ထည့်လိုက်တယ်။

ကျန်နှစ်ယောက်မျက်လုံးက ဒီကောင်မလွယ်ပါလား
ဆိုတဲ့အကြည့်ဖြင့်။

" လာပါ စားလို့ရပြီ လာထိုင် ဟဲချန်းက ဟင်းချက်အရမ်းကောင်းတာလေ "

" အင်းစားလိုက်မယ် "

တကယ်လည်းမှန်ပေရဲ့ ဆူပုတ်ပုတ်ကောင်လေးမှာ
ဒီလိုထူးခြားတာ ရှိနေမယ် မထင်မိဘူးလေ။

Our Days Where stories live. Discover now