1

715 51 7
                                    

ဆူညံနေတဲ့ သီချင်းသံ၊စကားပြောသံတွေဟာ Bar clubအတွင်း ပျံ့နှံ့နေသည်။ ဟိုဒီ ကခုန်ကာ ပျော်ပါးနေကြတဲ့လူတွေဟာလဲ ပြည့်နှက်လျက်ရှိသည်။

ဒါပေမဲ့ ဂျေးရဲ့ အာရုံတွေကတော့ တစ်နေရာတည်းတွင်သာ စုပြုံနေသည်။ Bar Counterအတွင်းမှ ကော့တေး အား ကျွမ်းကျွမ်းကျင်ကျင် စပ်နေသော လက်ပိုင်ရှင် ကောင်လေးတစ်ယောက်ထံတွင်သာ။ အဖြူရောင် အင်္ကျီနှင့် ဘောင်းဘီအနက်အား တွဲဖက်ဝတ်ဆင်ထားပြီး အကြော ပြိုင်းပြိုင်းထနေသည့် လက်တစ်စုံက ဂျေးကို ဆွဲဆောင်လျက်။ ရွှေအိုရောင် ဆံပင်တွေက ယောက်ျားဆန်သည့် ထိုကောင်လေး မျက်နှာပေါ်ထက် ဝဲကျနေသည်။ ခွေးပေါက်လေးနဲ့ တူသည်။

မွှန်ထူနေသည့် အယ်လ်ဖာ၊ အိုမီဂါ အနံ့ပေါင်းစုံကြားထဲမှာ ဂျေးတော့ ပျော်စရာလေးတွေ့ပြီထင်ပါရဲ့။ ဂျေးရဲ့ လာဗန်ဒါရနံ့ အိုမီဂါ ဟော်မုန်းများက ပျော်မြူးနေမြန်း သိသာအောင် သင်းသင်းကလေးဖြစ်နေသည်။

ဂျေးဟာ ထိုကောင်ကလေးအား မျက်တောင်မခက်ဘဲ တောက်လျှောက် စိုက်ကြည့်နေလိုက်သည်။ လက်ထဲက ခပ်ပြင်းပြင်း ကော့တေးအား စိမ်ပြေနပြေ သောက်ကာ အရသာခံရင်း စိုက်ကြည့်နေလျက်။

လက်ထဲက စပ်နေသည့်အရက်ခွက်အား အရှေ့က လူထံချပြီးသည့်နောက် ထိုကောင်လေး မျက်လုံးတွေက သူ့ဆီသို့ ပြန်လည် စိုက်ကြည့်လာသည်။ မျက်လုံးတွေ အကြည့်လွှဲပစ်ဖို့ရာ ဂျေးမှာ စိတ်ကူးမရှိပေ။ အပြန်အလှန် စိုက်ကြည့်ရင်းပင် ဂျေးဟာ လက်ထဲက ကော့တေးအား သောက်လိုက်သည်။

အကြည့်ချင်းစုံပြီးသည့်နောက်ပိုင်း ထိုကောင်လေးက သူ့အား သိသိသာသာတစ်မျိုး၊ မသိမသာတစ်မျိုး ကြည့်လာသဖြင့် ဂျေး တစ်ချက်ပြုံးလိုက်သည်။

လက်ကျန် ကော့တေးအား အကုန်မော့ပြီးသည့်နောက် ဂျေးဟာ အတော်လေး ရီဝေဝေဖြစ်လာသည်။ ပိုက်ဆံရှင်းဖို့အတွက် လူမခေါ်တော့ဘဲ ကောင်တာသို့ ထသွားလိုက်သည်။

အနီးကပ်မြင်ရတော့ ကောင်လေးဟာ အတော်လေးချောမြန်း သိသွားသည်။ အရပ်ကလဲ မတိမ်းမယိမ်းဖြစ်သဖြင့် မသိလျှင် ထိုကောင်လေးကို အိုမီဂါလေးထင်နေကြမှာဘဲလို့ တွေးမိလိုက်သေးသည်။ သူအား စိုက်ကြည့်နေသည့်ကောင်လေးကို ပြန်ကြည့်ရင်း ထိုကောင်လေးလက်ထဲ ပိုက်ဆံထည့်ပေးလိုက်ပြီး ထွက်သွားဖို့ ပြင်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Jul 24, 2023 ⏰

Add this story to your Library to get notified about new parts!

Anti Romance Where stories live. Discover now