နေထွန်းရဲ့ အထုတ်တွေကို Taxi ပေါ်က ကူချပေးရင်း ခန့်မင်းသက်တည် မျက်စိရှေ့ကအိမ်ကို လှမ်းကြည့်လိုက်သည် ။ အတော်အသင့် ကျယ်ဝန်းသော ခြံလေးနဲ့ အုတ်အိမ်လေးက သူ့ဟာနဲ့သူ သပ်သပ်ရပ်ရပ်တော့ နေချင်စရာရှိပါသည်။
နေထွန်းရော ၊ သူ့မိန်းမရောရဲ့ ပစ္စည်းတွေက သိပ်မများတာကြောင့် ခနလေးအတွင်းမှာပဲ ပစ္စည်းတွေကချလို့ပြီးသွား၏ ။ ကားသမားကို ပိုက်ဆံရှင်းပေးလိုက်ပြီးနောက် နေထွန်းက သူ့မိန်းမ လက်ကိုဆွဲကာ ခန့်မင်းသက်တည်ဘေးကို ရောက်လာသည်။
'' အိမ်ကို မင်းပြောပြတုန်းက ဒီလောက်အဆင်ပြေလိမ့်မယ်လို့ မထင်ထားဘူး ။ ဝါဝါကလည်း အရမ်းသဘောကျတယ်တဲ့ ။ ကျေးဇူးကွာ ။ တိုက်ခန်းဆိုလည်း ငါကအဆင်ပြေအောင်နေတတ်ပေမယ့် ဝါဝါကကျ ဘယ်နေတတ်မလဲကွာ ။ ''
'' တကယ် ကျေးဇူးတင်ရမှာက ငါ့အသိကွ ၊ ဒီအိမ်လည်း သူရှာပေးလို့ ဒီလောက်မြန်မြန်ရတာ ။ ငါတို့ရပ်ကွက်ထဲတော့ မဟုတ်ပေမယ့် သိပ်မဝေးတော့ ငါလည်း အရေးအကြောင်းဆို ပြေးလာလို့ရတာပေါ့ ''
'' အော် အေး ၊ မင်းအသိကိုလည်း ငါလူချင်းတွေ့ပြီး ကျေးဇူးတင်စကားပြောချင်ပါတယ် ။ တစ်ရက်ချိန်းပေးလေကွာ ။ မင်းတို့နှစ်ယောက်လုံးကို ငါတစ်ခုခုလိုက်ကျွေးချင်လို့ပါ ''
'' အင်း ငါသူ့ကိုတော့ ပြန်ပြောကြည့်လိုက်ပါမယ် ။ ဒါပေမယ့် သူလက်မခံမှာကတော့ သေချာသလောက်ပဲ ။ အဟက် ''
ခန့်မင်းသက်တည် ပြောနေရင်း မျက်နှာတည်လေးနဲ့ ငြင်းနေမယ့် ရထာ့ရဲ့ပုံစံကို မြင်ယောင်မိတာကြောင့် မထိန်းနိုင်ဘဲ ရယ်လိုက်မိသည် ။ သေချာပေါက် မျက်မှောင်က ကြုတ်ထားဦးမှာ ။
'' အေးပါကွာ ၊ မေးတော့မေးကြည့်ပေးပါဦး ''
'' ကို ၊ ဝါဝါတတ်နှင့်မယ်နော် ၊ ပစ္စည်းလေးတွေချချင်လို့ ၊ ကိုခန့်မင်းလည်း ခနနေအိမ်ထဲလိုက်ခဲ့နော်၊ အမောလေးဘာလေးဖြေပေါ့ ''
ထို့နောက် အိမ်ထဲတတ်ဖို့ စကားစလာတဲ့ ဝါဝါခိုင်ကြောင့် စကားစပြတ်သွားရသည်။ ဝါဝါခိုင် အိမ်ထဲဝင်သွားမှ
ВЫ ЧИТАЕТЕ
A Tale of Two Hearts (Temporary Rest)
Художественная проза𝑨 𝒎𝒆𝒎𝒐𝒓𝒂𝒃𝒍𝒆 𝒕𝒂𝒍𝒆 𝒐𝒇 𝒂 𝒔𝒊𝒎𝒑𝒍𝒆 𝒂𝒏𝒅 𝒓𝒆𝒇𝒓𝒆𝒔𝒉𝒇𝒖𝒍 𝒚𝒐𝒖𝒏𝒈 𝒎𝒂𝒏 𝒂𝒏𝒅 𝒂 𝒔𝒕𝒓𝒐𝒏𝒈 𝒃𝒐𝒚 𝒘𝒉𝒐 𝒊𝒔 𝒔𝒆𝒏𝒔𝒊𝒕𝒊𝒗𝒆𝒍𝒚 𝒄𝒂𝒓𝒓𝒚𝒊𝒏𝒈 𝒉𝒊𝒔 𝒇𝒂𝒎𝒊𝒍𝒚'𝒔 𝒃𝒖𝒓𝒅𝒆𝒏
