အပိုင်း တစ်

93 9 0
                                    

ဆင်ခြေဖုံးရပ်ကွက်လေးဆီသို့ အိမ်ပြောင်းရွေ့ကားလေးတစ်စီး ကွေ့ပတ်ခါဝင်လာရင်း ပစ္စည်းများ နေရာချပေးနေသည်

ထိုစဉ်ရပ်ကွက်ထဲမှ လူများကလည်း စုစုစပ်စပ် ပေါ်တင်တစ်မျိုး ချောင်း၍တစ်ဖုံ ကြည့်နေကြသည်

ထိုစဉ် ထိုပစ္စည်းချနေသော နေရာဆိုင်ခန်းလေးမှ အမျိုးသမီးတစ်ဦးထွက်လာသည်

ခြေဖမိုးဖြူဖြူလေးတွင် မည်သည့်ခြေဆိုးဆေးမျှမပါဘဲ ရဲနေလျှက် ဂျင်းကြပ် ဇာပေါက်အဖြူအင်္ကျီဖြူလေးဖြင့် ထွက်လာခဲ့သည်

"စားပွဲခုံလေးတွေကတော့ ဒီမှာဆင်ပေးပါနော်
အစ်ကို အဲ့ပါဆယ်ပုံးကအနောက်ခန်းထဲထည့်ပေးပါနော်"

ဖြူမို့မို့အသားလေးမှာလည်း နက်မှောင်နေသောဆံသားရှည်လေးများနှင့်လိုက်ဖက်စွာရှိနေပါသည်

"ဟိုမှာ အုပ်ကြီးမလား" ဟူ၍ ဆံပင်ကောက်ကောက်နှင့် အဒေါ်ကြီးတစ်ယောက်က ပြောနေသည်

"သူပါးစပ်ကပွစိပွစိပြောပြီးထွက်သွားတာမလား"

"သူ့သမီး ကျော့နဒီလေ ခုပြန်ရောက်ပြီ အဲ့တာနေမှာပေါ့"

"ဟဲ့အားကစားတက္ကသိုလ်က ကလေးမလေးမလား"

.................................................................................

ကျော့နဒီသည် ဖတဆိုးမုဆိုးမအမေကြီးမှ ကျွေးမွေးစောင့်ရှောက်ပျိုးထောင်ခြင်းခံရသည်ဆိုသော်လည်းဘဲ လိမ္မာသည် စာလည်းကြိုးစားသလို အလုပ်ကိုလည်းတာဝန်ယူမှုရှိသည် ထို့ကြောင့်နည်းပြကြီး၏အားထားရသူဖြစ်နေသည် သို့သော်လည်း ကံမကောင်းအကြောင်းမလှ၍
ပြစ်ဒဏ်ချခံရပြီး ၁နှစ်ကျောင်းနားခံခဲ့ရသည်။

ကျော့နဒီသည် မိန်းကလေးဆိုသော်ညား ယောင်္ကျားများနှင့်တန်းတူ အလုပ်လုပ်နိုင်သည် အလုပ်ကြမ်းအလေးပင်အရာအားလုံးသူမကိုယ်စွမ်းဖြင့်အားကိုးကာလုပ်ယူသည် သူမငယ်ငယ်ကတည်းက အတွေးသည် တခုဘဲဖြစ်သည်

မုဆိုးမသူမ၏အမေအား ပါးစပ်သရမ်းသော ထိုလူကြီးများထံမှကာကွယ်ပေးနိုင်ရမည် မေမေသည် သူမ၏ကမ္ဘာသူမ၏ခိုလှုံရာတစ်ဦးတည်းသောအိမ်ကလေးဖြစ်သည်
မေမေ အားကိုးနိုင်ရမည့် သူဖြစ်ရမည် မေမေ့မှာကျော့တစ်ယောက်လုံးရှိနေသ၍ မေမေဟာ ဘာစိတ်အားငယ်မှုမှ မရှိစေရအောင် မေမေ၏အားကိုးရဖြစ်ရမည်  စသည် မေမေ မေမေဟူသော ဝေါဟာရများသာ ကျော့၏အသွေးအသားစိတ်ထဲတွင်သာရှိသည်

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Jul 27, 2023 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

Camellia Is Now Blooming Où les histoires vivent. Découvrez maintenant