25(zaw)

213 4 0
                                    

''အပူကအရမ်းကြီးနေတော့ ဂြိုလ်တု ထည့်မှရမယ်''

ဆရာဝန်ရဲ့အပြောကြောင့် အိပ်ယာပေါ် မှေးနေတဲ့ ကောင်လေးက
ကိုယ်လေးကျုံ့သွားသည်၊ ဒါကို ချာတိတ်ရဲ့ဘယ်ဘက်မှာ ထိုင်ရင်း
ချာတိတ့်ဘယ်လက်ကို ကိုင်ထားတဲ့ ဝသုဏ်ဟာ သတိထားမိပါသည်။

''ဆရာထည့်ပေးခဲ့မယ်''

''မရဘူး!''

ဆရာဝန်တောင် ဆေးအိတ်ကိုလက်လှမ်းတုန်း ဝသုဏ့်ကို လည်ပြန်
အလန့်တကြားကြည့်ရသည်။

''ကျွန်တော်ဘဲထည့်မယ်..ဆရာ''

''ကိုင်း..ဒါဆိုလည်း ဟုတ်ပီ ဆရာမနေ့ကပေးတဲ့ဆေးတွေကိုတော့
ဆက်တိုက်ထားပေး paraadiam 500 ကိုတော့ 4 နာရီခြား
တစ်ခါ သက်သာတဲ့အထိထည့်ပေး..''

''ဟုတ်ဆရာ..ကျွန်တော် ဆရာပြောတဲ့အတိုင်းလုပ်ပါမယ်''
.
.
.
.
ချာတိတ်ကို ဆူပြီရိုက်လိုက်မိတဲ့နေ့ရဲ့ ညဘက်စပြီး ချာတိတ်ဖျား
တာ နှစ်ရက်မြောက်ရှိပြီ...အဖျားဟာ ကျလိုက်၊တက်လိုက်နဲ့
နောက်ဆုံး ကိုယ်တွေကိုက်ခဲလာတာကြောင့် ဝသုဏ်မှာ
တော်တော် စိတ်ပူရပါသည်။ဒီနှစ်ရက်လုံးလည်း ဝသုဏ် ကိုယ့်ကိုယ်
ကို နောင်တလည်းရ အပြစ်လည်းတင်မိသည်၊ချာတိတ်ဟာ သူ့ကြောင့် နဲ့ လန့်ဖျား ဖျားရတာ။

ဆန်ပြုတ်အိုးချပြီး ခဏအအေးခံနေတုန်း ရေခဲသေတ္တာထဲက
ဂြိုလ်တု ကို ယူပြီး ချာတိတ်ဆီပြေးရသည်၊ ချာတိတ်ကိုမြန်မြန်
သက်သာစေချင်ပြီ။

''မှိုင်း''

''ဟင်~~''

''ကိုယ် အဖျားကျအောင်ဆေးထည့်မလို့...''

''ဟင်~~''

ဗိုက်လေးထွက်ကတည်းက ဘေးတစောင်းအိပ်နေကြမို့ ကောင်လေး
ကို အသိပေးပြီးတာနဲ့ ချည်ဘောင်းဘီလေးကို ချွတ်ကာ ထည့်စရာ
ရှိတာထည့်ရတော့သည်။

''အင့်!''

''ပြီးပြီ..ပြီးပြီးနော်''

''ဟင်း~~~''

အပူပြင်းတော့ ချာတိတ်ဟာ ည ည်းနေရသည်၊ ကိုယ် တွေပါ
ကိုက်ခဲတော့ ချာတိတ်တော်တော်ခံစားရသည်၊ ဝသုဏ် တကယ်ကိုမကြည့်ရက်ပါ။

ကိုယ့်မှိုဏ်းWhere stories live. Discover now