ep(38)

3.2K 156 4
                                    

🖤  CAN  'T  LOSE  YOU  🖤





ep(38 )




" ဘာဖြစ်ရပြန်ပြီလဲ သည်းရယ် "


ရိပေါ် စိတ်အေး လက်အေး ဖြစ်အောင် အောက်ထပ်က စာကြည့်ခန်းထဲမှာ အလုပ်လုပ်နေတာ အပေါ်က သောင်းကျန်းနေတဲ့ အသံကြားလို့ ကမန်းကတန်း ပပြေးတက်လာမိတော့ သားက သူ့ပါပါးကို မျက်ရည် အဝဲသားနဲ့ မော့ကြည့်နေလေရဲ့


" မောင့်သားပေါ့ ရှူးပေါက်ဖို့ကို ဘောင်းဘီ ချွတ်ပေးမယ် ခနစောင့်လို့ ပြောတာကို ကျနော်က ကြာလို့ဆိုပြီး ဘောင်းဘီထဲမှာ ပေါက်ချလိုက်တယ်လေ အကျင့်မကောင်းချက်ကတော့ အဖေအတိုင်းဘဲ "

အော် ဒီကောင်က ဘယ်နေရာမှ အပြစ်မလွတ်ပါလား ။

သားက 3 နှစ်ရှိပြီ စကားလည်း ပြောတတ်ဆိုတတ်နေပြီး လည်လိုက်တာမှ လွန်ရော ပုံစံကလည်း သူ့အဖေလို ဇောင်ကြွားကြွားနဲ့ တလောကလုံးကို ​ချေမိုးနေတာ ။

သားက မျက်နှာပေါက် မျက်နှာထားက အစ သူ့အဖေနဲ့ဘဲ တူလွန်းနေတာ အကျင့်ရောဘဲ သူနဲ့ တူတာ တခုမှ မရှိဘူး ။ သူသာ ၀မ်းနဲ့ လွယ်မမွေးခဲ့ရရင် ယုံမှာတောင် မဟုတ်ဘူး ၀မ်ရိပေါ် တယောက်ထဲရဲ့သားလေ

ရိပေါ်က သားနား လျှောက်သွားပြီး သားကို ပွေ့ချီလိုက်တော့ဆို သားက မျက်ရည် အရွှဲသားနဲ့ သူ့အဖေကို တိုင်ပါတော့သည် ။


" Dad ပါးပါးက သားကိုအော်တယ် 😭 "

" သားက ဘာလို့ ဘောင်းဘီထဲ သေးပေါက်ချတာတုန်း လူကောင်ကြီးက ကြီးနေပြီကို မိန်းမတောင် ယူတော့မဲ့ဟာ သေးပေါက်ချစရာလားကွ "

" သားက ရှူးထွက်တော့မယ်လေ ပါးပါးက ဘောင်းဘီမှ လာမချွတ်ပေးတာ "

ရိပေါ် သားစိတ်ကျေနပ်အောင် ရှောင်ကျန့်ကို အပြစ်တင်မလို့ လှမ်းကြည့်လိုက်လျှင် ခါးထောက်ပြီး ကြည့်နေတဲ့ သည်းသည်းကြောင့် ပြောစရာ စကားတောင် လည်ချောင်းထဲ ပြန်၀င်သွားရသည် ။

" မင်း မှားတာ ဟျောင့် "

" ဟင့်အင်း  သားမမှားဘူး ပါးပါး မှားတာ "


🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now