မြတ်နိုးရသူဆီက ကောက်ရိုးမျှင်

3 0 0
                                    


ကျနော် ကော်ဖီခွက်ကလေးကို ဆပ်ပြာနဲ့ သေချာ ပြန် ဆေးလိုက်တယ်။ 

ရေနွေးအိုးတည်ပြီး ဆူနေတဲ့ ရေပူတွေကိုကော်ဖီခွက်ထဲထည့်တယ်။

 ကော်ဖီတစ်ထုပ် နို့မှုန့်တစ်ထုပ် ထည့်ပြီးမွှေလိုက်တယ်။

ဒါ ကျနော့်ကိုယ်ပိုင်ခွက်မဟုတ်ဘူး။ 

ကျနော့်ကို အထင်မကြီးတဲ့ တစ်စုံတယောက်ဆီက တောင်းယူထားတာ။

 လူတွေက ရေနစ်ရင် အကူအကယ်ရဖို့ မြက်တစ်ပင်ကိုတောင် ကျစ်ကျစ်ပါအောင် ဆုပ်ထားတတ်ကြတယ် မဟုတ်လား။ 

ကော်ဖီခွက်လေးဟာ တစ်စုံတစ်ဦး ရဲ့ အငွေ့အသက်တွေကို ရှင်သန်စေတဲ့အရာလေးမို့ပါ။

ကော်ဖီခွက်ကလေးကို စကားပြောချင်တယ်။ ကျနော့်ကို ပြန်ပြောမှာမဟုတ်ဘူး။

 ကျနော်အဲဒါကို မမေ့ပါဘူး။ 

ဒါပေမယ့် ကော်ဖီခွက်လေးက သံတမန်ဆန်လွန်းတယ်။

 သူမအကြောင်း ကျနော့်ကို ပြောပြနေသလိုပဲ။

ကျနော် ကော်ဖီကို တကျိုက်မော့လိုက်တယ်။ 

ကျနော်ခွက်ကလေးကို စကားပြောမိတယ်။ 

တိုင်တည်တာ တိုင်ပင်တာမျိုးလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ 

သက်မဲ့ပစ္စည်းကို ပုဂ္ဂိုလ်တစ်ယောက်လို သဘောထားတာက သိပ်တော့ မကောင်းလှဘူးလေ။ 

ဒါပေမယ့် လူတွေဟာ သိပ်ပြီး အထီးကျန်လာလွန်းရင် အဲ့ဒီလို လုပ်တတ်ကြတယ်မဟုတ်လား။

ကော်ဖီခွက်လေးထဲမှာကော်ဖီရှိတယ်။ 

ကော်ဖီက ဆိမ့်သက်တယ်။ 

ခွက်ကလေးကို သူမ ပိုင်ဆိုင်ခဲ့တာ ဖြစ်သလိုသူမကို ကိုယ်စားပြုတယ်လို့ ကျနော် ယူဆတယ် ။ 

အုတ်နီခဲရောင်ဖျော့ဖျော့ ခဲရောင်ဖျော့ဖျော့နဲ့ ပန်းပွင့်တွေ ရေးချယ်ထားတယ်။ 

သူမလိုပဲ ကျက်သရေရှိပြီး တော်ဝင်နန်းထိုက် အလှနဲ့ မခေလှတဲ့ ခွက်ကလေးပါ။

ခွက်ကလေးကိုမြင်တိုင်း ငိုက်မျည်းရာကနေ လန်းဆန်းလာတယ်။ 

ကျနော် ဒီအတိုင်းမျောမနေဖို့ ခွက်ကလေးကတိုက်တွန်းတယ်။

 ကျနော် စာဖတ်တာ စာရေးတာပဲဖြစ်ဖြစ် ဒီခွက်ကလေးက နံဘေးမှာ လိုအပ်တယ်။ 

ခွက်ကလေးကို နှစ်နှစ်ကာကာ တန်ဖိုးထားမိတယ်။ 

လာဝယ်ရင် မရောင်းသလို ပျောက်သွားရင်လည်း ရင်ကွဲရမယ့် အရာလေးပဲ။

သူမကို မပိုင်ဆိုင်ခဲ့ပါဘူး။ 

သူမဆီက မရမကတောင်းယူထားတဲ့ ကော်ဖီခွက်ကလေးတော့ရှိတယ်။ 

သူမကို သတိရရင် ကော်ဖီဖျော်သောက်မယ်။

 ဖျော်လိုက်သမျှ ကော်ဖီတွေကတော့ ကျနော့် ရင်ဘတ်ထဲက အချစ်နဲ့အလွမ်း ကိုကိုယ်စားပြုတာပေါ့။

ကျွန်တော်နဲ့ကော်ဖီခွက်Where stories live. Discover now