part 1

25 2 3
                                    

အရမ်း လှပတဲ့ တောကြီးထဲမှာ ကောင်လေးနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် စွမ်းအား ယှဉ်ပြိုင်နေကြတယ်။

"အ့ ဟမ် "

"ကဲ ကိုယ်နိုင်တယ်နော် Lennox"

LENNOX ဆိုတဲ့ကောင်လေးဟာ တစ်ခြားတော့ မဟုတ်ပါ ငွေရောင် ဆံပင် ရှည်တွေ၊ငွေရောက်ဘက်မသွား အမဲရောင်ဘက်လဲ မသွားတဲ့ မျက်လုံးကြည်ကြည်လေးတွေ နှင်းလို ဖြုစွတ်နေတဲ့ အသားအရေ ကို ပိုမို ထင်ရှားအောင် ဝတ်ထားတဲ့ အနက်ရောင် အင်္ကျီလေး။တကယ်ကို အလှလေး တစ်ယောက်ပါ။သူဟာ ရေစွမ်းအား၊‌ေလစွမ်းအား၊အလင်းစွမ်းအားတို့ကိုပိုင်ဆိုင်တဲါနှင်းဘုရင် ပါ။

သူနဲ့အတူရှိနေတဲ့ကောင်လေးက မီးစွမ်းအား၊မြေစွမ်းအားနဲ့ မှော်စာအုပ်ကိုပိုင်ဆိုင်တဲ့ နဂါးတိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသား VAN ပဲ ‌ဖြစ်ပါတယ်။အနီရောင် မျက်လုံးတွေ၊ဖြူဝင်းနေတဲ့ အသားအရေ နဲ့လိုက်ဖက်အောင် အဖြူရောင်ဝတ်စုံလေးကို ဝတ်ထားတယ်။

"အင်းးးး မင်းနိုင်ပါတယ်၊"

"ဝန်ခံပြီးပေါ့၊နားရအောင် ပြီးရင် ပြန်ကျတာပေါ့"

ဆိုကာ လက်ထဲက မှော်တုတ်တံကို အစွမ်းနဲ့ဖျောက်ကာ လှပတဲ့ ‌ပန်းခင်းပေါ်ကို ထိုင်ချလိုက်တဲ့ ။

"ဟာ မင်း ပန်းတွေကြွေအုန်းပြီး ကြည့်အုန်းကွ"

"ကြွေမှာပေါ့ ငါထိုင်ချတာကို"

"မင်းကလည်း သနားပါတယ် ပန်းလေးတွေ ထထ ဟိုက မြက်ခင်းမှာ အခင်းခင်းပြီး ထိုင်ရအောင်ကွာ နော်"

သူကို ကလေးတစ်ယောက်လို ‌ချွဲနွဲပြောနေသူကြောင့် သူလည်းထလိုက်ကာ ပြောတဲ့နေရာကိုသွားလိုက်တယ်။မြက်ခင်းနားရောက်တော့ ကသူလက်ကို ထုတ်လိုက်ပြီး မြက်ခင်းပေါ်လက်တင်လိုက်ကာ ပါးစပ်မှ

"ထွက်ပေါ်စေ"

လို့ ပြောလိုက်တော့ လှပတဲ့ အဖြူရောင် အခင်းတစ်ခုက ပေါ်လာတယ်။သူတို့လည်း အခင်းပေါ်မှာ ထိုင်လိုက်ကြတယ်။ရုတ်တရတ်

"ငါဗိုက်ဆာတယ်"

"ဟက် ခန"

ဆိုကာ လက်‌ေဖြာက်တစ်ချက်တီးလိုက်တော့ အသီးအနံတွေနဲ့ ဖျော်ရည်ပေါ်လာတယ်။

✨MAGICAL✨ Where stories live. Discover now