Part 8

271 35 1
                                    

မနက်ခင်းရဲ့နေမင်းပင်ထွက်ပေါ်လာပြီဖြစ်သည်။မနေ့ညက သည်းသည်းထန်ထန်ရွာခဲ့သောမိုးမှာ ယခုမနက်မှာတော့ သူမဟုတ်သည့်နှယ် ။ အရိပ်အယောင်တောင်မမြင်ရ ။ ကောင်းကင်ကြီးမှာကြည်လင်လို့နေသည် ။ မိုးရွာခဲ့ကြောင်း သက်သေပြစရာဆိုလို့ စိုစွတ်နေသည့် ရပ်ကွက်တွင်းက လမ်းတွေသာရှိသည်။

မနက် ကိုးနာရီထိုးသည့်တိုင် မက်သရူးမနိုးသေးသည်ကြောင့် ဟန်ဘင်း မက်သရူးကိုလာနှိုးရတော့သည်။

" မက်သရူးရား မထသေးဘူးလား ကိုးနာရီထိုးနေပြီ ထတော့လေ "

ဆော့မက်သရူးတို့ကတော့ တုတ်တုတ်မျှ မလှုပ်ပေ။စောင်ပုံထဲလုံးထွေး အိပ်နေသည်မှာ ကလေးကို အနှီးဖြင့်ထုပ်ထားသဖွယ် ။
ဟန်ဘင်း‌စောင်ကို အသာဆွဲမကာ ထပ်ပြီး လှုပ်နှိုးလိုက်သည်။

" မက်သရူးရား ထတော့လေ ကိုးနာရီထိုးနေပြီ "

" အင်း... "

သံရှည်ဆွဲကာ ညည်းသံပေးရင်း တစ်ဖက်လှည့်ပြီး ပြန်အိပ်ပြန်သည် ။ ဟန်ဘင်း သဘောတကျရယ်ကာ စောင်ကိုဆွဲဖယ်ပြီး လက်နှစ်ဖက်ကိုင်ကာ ထစေတော့သည်။

" မက်သရူးရား ထတော့ "

ထိုအခါမှ အိပ်ချင်မူးတူးဖြင့်ထထိုင်နေတော့သည်။မျက်လုံးများကမပွင့် ။ ထိုင်လျက်ငိုက်နေလေသည် ။

" မက်သရူးရား ပြန်မအိပ်နဲ့တော့ ထတော့ ဆေးကြောပြီးရင် အောက်ဆင်းခဲ့နော် မနက်စာ စားဖို့စောင့်နေမယ် "

မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ကိုင်ကာပြောတော့ မျက်လုံးမပွင့်ပဲ အိပ်ချင်မူးတူးဖြင့် ခေါင်းညိတ်လာသည်။

" အင်း မြန်မြန်လုပ်နော် "

" Nae ! "

ဟန်ဘင်းအခန်းထဲကထွက်ကာ အောက်ဆင်းသွားသည့်အထိ မက်သရူးအိပ်ရာထဲက မထသေးပေ ။ ငါးမိနစ်လောက်ကြာတော့မှ အိပ်ရာထဲမှထကာ ရေချိုးလိုက်တော့သည်။

ရေချိုးပြီးသည့်နောက် ဟန်ဘင်းဘီဒိုထဲက အဝတ်တစ်စုံယူဝတ်ကာ အောက်ဆင်းခဲ့လိုက်တော့သည် ။ ထမင်းစားပွဲရောက်တော့ ထိုင်စောင့်နေသည့် ဟန်ဘင်းနဲ့ မနက်စာပြင်ပေးနေသည့် ဟန်ဘင်းမေမေကိုတွေ့လေသည်။

Our Lovely Boy Where stories live. Discover now