ep(39)

3.2K 161 11
                                    

🖤 CAN ' T LOSE YOU 🖤




ep(39)



တောင်တန်းတွေကို ကြည့်ရင် တစုံတယာက်ကို ပိုလွမ်းစေတယ်ဆိုတာ အမှန်ဘဲလား

သို့ပေမဲ့ သူ့မှာက လွမ်းရမဲ့ သူက 2 ယောက် ဖြစ်နေပြီ ။ ဘယ်လိုလုပ်ရမလဲ အသက်ရယ် မောင်လွမ်းလို့ ရူးတော့မယ်

" BOSS Model မင်းသမီးတွေ ရောက်လာပြီ မို့လို့ သူ့တို့တွက် အခန်းစီစဥ်ပေးလိုက်ပါတယ် ဘာများ ထပ်ခိုင်းစရာ ရှိပါသလဲ BOSS ''

တောင်အစွန်အဖျားဆီကနေ တဖက်တောင်တွေဆီ ငေးမောနေတဲ့ ရိပေါ်အနားကို သူ့ PA က ရောက်လာပြီး အလုပ်ကြောင်း လာတင်ပြတာမို့ ရိပေါ် ခေါင်းငြိမ့်လိုက်တယ် ။

" အင်း ရှင်းဟန် ရပြီ လိုရင် ခေါ်လိုက်မယ် "

" ဟုတ် BOSS ခုံ ဒီကို ရွေးလာပေးရမလား BOSS "

" ရတယ် ငါခု အခန်းပြန်တော့မှာ "

" ဟုတ်ကဲ့ "

ရိပေါ်ကိုအရိုသေပေးပြီး ရှင်းဟန်က ထွက်သွားသည် ။ သူသိတာပေါ့ BOSS က သူ့အိမ်သူ သက်ထားကို ဘယ်လောက် လွမ်းနေတယ်ဆိုတာ

ရိပေါ် အလုပ်ကိစ္စနဲ့ ခရီးထွက်လာတာ 2 ပတ်ရှိပြီ ။ ကြော်ငြာသစ်တွေ ရိုက်ကူးဖို့လည်း သူကိုယ်တိုင် ဦးဆောင် လုပ်ပေးနေရတာမို့ နားချိန်တောင် မရပေ ။
အချိန်ရတာနဲ့ ပြေးပြီး အိမ်က အသည်းညှာနဲ့ နှလုံးအိမ်လေးကို အလွမ်းသည်တော့တာဘဲ


" လွမ်းနေတာ ယောကျ်ားရေ ပြန်မလာသေးဘူးလား "

အသည်းက သားကို ထမင်းခွံ့နေတာ ထင်တယ် ဧည့်ခန်းထဲမှာ ထိုင်ရင်း ထမင်းပန်းကန်လည်းကိုင်ထားသေးသည် ။ သားက အိမ်မှာ ထမင်းစားရင် လျှောက်ဆော့ပြီး စားတာ ရိပေါ်ရှိရင် ရိပေါ်က ချီထားပေးတယ်။ ခုမောင်မရှိတော့ သားက ဆိုးချင်တိုင်း ဆိုးနေတာ

" ဒီအပတ် ကြော်ငြာ ရိုက်ကူးရေးပြီးရင်တော့ ပြန်လာတော့မှာပါ သည်းရဲ့ သားရော "

Screen ပေါ်မှာ မြင်နေရတဲ့ မောင့်မျက်နှာ ချောချောက ဝေးနေမှ ပိုခန့်ပြီး ပိုချောနေသလို ။ မောင့်ကို စိတ်တောင် မချချင်တော့ဘူး

🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now