Friend But just like a Diamond

35.7K 100 3
                                    

Social platform ပေါ်ယူသွားခြင်း သည်းခံပါ။

Unicode

ပျင်းစရာနှစ်တစ်နှစ် စတင်ကာ ကျောင်းများ ပြန်တက်ရပြန်ပြီ 🤌။ ထုံးစံ အတိုင်း အတန်းထဲမှ ရုပ်ဆိုးမများသာ မြင်တွေ့ရပေအုန်းမည်။

**အားးး ကျောင်းသူအသစ်လေးတွေအခန်းထဲ ပြောင်းလာရင် ကောင်းမှာပဲ**
ဖြစ်ချင်သောစိတ်များ ဘေးထား မျက်နှာသစ် school uniform ပြောင်းကာ Briefcase ထဲ laptop ထည့် ဖုန်းထည့်ကာ ထွက်လာခဲ့သည်။

International School တွင် တက်ရတာ တခုကောင်းသည်မှာ စာအုပ်များ လေးလေးပင်ပင် သယ်စရာမလို laptop ရှိရုံဖြစ်ပင် လုံလောက်ပေသည်။

ကျောင်းအ၀အရောက် မိန်းခလေးများ uniform အကျီလေးများဖြင့် ပေါင်ပေါ် စကပ်အတိုလေးများအား၀တ် ၍ ကျောင်းထဲသို့ ပြေး၀င်နေကြပြီ။

စာသင်ခန်းဟောထဲ အရောက်
တီချယ်အသစ်မှာ projector တလုံးဖြင့် စသင်နေပြီ။

ကျွန်တော်လည်း သိုသိုတိတ်တိတ်လေး ၀င်ကာ စာသင်ခန်းနောက်ဆုံး၌ နေရာယူလိုက်သည်။

နောက်ဆုံးတွင်ကား ကျွန်တော်တယောက်တည်းသာ ဖြစ်သည်။
စာကြိုးစားကြသော hyper ကြီးများမှာ ရှေ့တွင် ထိုင်ကာ ကုန်းရုန်းကာ စာလုပ်နေကြသည်။

ကျွန်တော်လည်း laptop အားဖွင့်ကာ dota စတင်ခုတ်ရန်ပြင်လေသည်။(😎 ဟဲဟဲ)

တီချယ်အား တချက်လှမ်းလျိုး လိုက်သည်။ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ဆံပင် အရှည်လေး ချကာ စာသင်နေသော သူမ မှာ အလွန်ပင် ချစ်စရာကောင်းလှသည်။

မိန်းခလေး တယောက် အခန်းထဲ၀င်လာသည်။

လက်တွင် laptopလေးကို ပိုက်ကာ သိမ်သိမ်မွေ့မွေ့ဖြင့် လျှောက်လာသော သူမမှာ ကျက်သရေရှိလှသည်။

**ကဲ အားလုံးပဲ သူက ခု နှစ်မှ ပြောင်းလာတဲ့ ကျောင်းသူသစ်လေး နမည်က ရတီ တဲ့၊ အစစအရာရာ ကူပေးလိုက်ကြဦး**

** ကဲကဲ သမီးအဆင်ပြေတဲ့နေရာ ၀င်ထိုင်လိုက်**

ဆံပင်ဂုတ်၀ဲ ကေလေးဖြင့် ပေါင်ပြတ် စကပ်လေးအား ၀တ်ဆင်ကာ ကျွန်တော့်ဆီသို့ လျောက်၍လာလေပြီ။

Friend But just like a Diamond Where stories live. Discover now