Two

146 20 3
                                    

     ဟာအို  ဟန့် ဆီရောက်ပြီး နှစ်ပတ်ကျော်...။

ည12 ကျော်မှ ရေချိုးခန်း ထဲက ရေချိုးသံကြား၍ ဟန်လင်း တံခါးခေါက်ရင်း အခန်းထဲဝင်ကြည့်တော့ ဟာအိုက  ရေချိုးခန်းထဲက ထွက်လာတာနဲ့တိုးသည်။ Bathrobe ကြိုးကို ခပ်လျာ့လျော့စည်းထားတာမို့ ရင်ဘက်ဖွေးဖွေးက ဒီအတိုင်းမြင်နေရသည်။ ဟန်လင်းရုတ်တရက် မျက်နှာပူသလိုဖြစ်လာရင်း ချောင်းတစ်ချက်ဟန့်ကာ...

    "အဟမ်း။  ရေသံကြားလို့ ဝင်လာလိုက်တာ ညဘက်ကြီးကို ဘာလို့ရေထချိုးနေတာလဲ အိုက်လို့လား ဟာအို ..."

   "မဟုတ်ဘူး ဟန်ရဲ့  ကိုယ် မနက်ဖြန်အတွက် စိတ်လှုပ်ရှားပြီး အိပ်မပျော်လို့...."

   "အဒါနဲ့ပဲ အအေးပတ်အောင် ခေါင်းပါလျော်ထားတာလား  သေချာပြောင်အောင်သုတ်အုံး ...  မထူးပါဘူး လာ ..."

ဟန်လင်း ဟာအို့လက်ဆွဲယူရင်း ခုတင်ပေါ်ထိုင်စေကာ သူက ခုတင်ရှေ့မတ်တပ်ရပ်ရင်း တပတ်နဲ့ခေါင်းကိုဖွဖွလေးသုတ်ပေးလိုက်သည်။

   "ညဘက်တွေ ရေမချိုးနဲ့ ခင်ဗျားရဲ့ ... ဒီရာသီမှာ ဖျားရင်မလွယ်ဘူးဆို ခေါင်းပါလျော်လိုက်သေးတယ်..."

  " ဟ ဟ  ဟန် က မသိရင် ကိုယ့်မာမီကြီးလိုပဲ...""

   "အကောင်းနဲ့ပြောနေတာကိို ခင်ဗျားနော် ..."

   "စတာပါ  ဟန်ရဲ့  .... ကလေးလား  စိတ်ကောက်ရအောင် "

  "ကျွန်တော် ဘယ်မှာ စိတ်ကောက်နေလို့လဲ ... ကျန်းဟာအိုကလေးရဲ့ ..."

  "မင်းနော် ငါမင်းထက်အသက်ပိုကြီးတယ် လူကြီးကို "

သူ့ကို ကလေးလားပြောပြီး သူ့ပြန်စတော့ နှုတ်ခမ်းစူလေသည်။ဟာအိုနှုတ်ခမ်းစူကာပြောရင်း ဟန်လင်းမျက်နှာမော့ကြည့်တော့ ဟန်လင်းကလည်း သူ့ကို ကြည့်နေတာနဲ့တိုးသည်။ စက္ကန့်အတော်ကြာအောင် နှစ်ယောက်သား မျက်ဝန်းတွေအချင်းချင်း နူးညံ့ရီဝေစွာ စိုက်ကြည့်နေအပြီးမှာ ဟာအိုကပဲစပြီးအကြည့်လွှဲလိုက်ကာ ၊

    "ရလောက်ပြီ ခေါင်းခြောက်လောက်ပြီ မနက်စောစောထရမှာဆို  အိပ်တော့မယ် မနက်ကျ ကိုယ့်ကိုနှိုးနော်  ဟန်  "

Dear....  Never Forget [ COMPLETED ]Where stories live. Discover now