part -9

146 15 2
                                    

Unicode
------------

ပြိုင်ပွဲကို အကောင်းဆုံးယှဉ်ပြိုင်လို့ပြီးခဲ့ပြီ 

ဟန်ယူဂျင်း သူ့အဝတ်တွေထည့်ထားတဲ့ ကျောပိုးအိတ်ကိုယူကာ အိမ်ကိုပြန်လာခဲ့သည်

ပြိုင်ပွဲအနိုင်ရခဲ့လိုဂုဏ်ယူနေတဲ့ မာမီက အခုထိ ပြိုင်ပွဲ video ကို ကြည့်လို့ဝသေးပုံမပေါ်ပါ

ဟန်ယူဂျင်းအခန်းထဲကိုဝင်ကာ စားပွဲမှာပါတဲ့လော့ချထားတဲ့ဗီရိုအသေးလေးကိုဖွင့်ကာ အထဲကပုံလေးကိုထုတ်ကြည့်လိုက်သည်

ဒီပုံလေးက ကျွန်တော်ငယ်ငယ်ထဲကစာအုပ်ကြားလေးထဲညှပ်ပြီးသိမ်းထားခဲ့ပုံပဲ
ငယ်ငယ်က ဆေးရုံကဆင်းပြီး နှစ်ပတ်လောက်အကြာထဲက ကျွန်တော်တွေ့ခဲ့တာ
ပုံထဲမှာပါနေတဲ့ ကောင်လေးနှစ်ယောက်လုံးကို ကျွန်တော်မသိဘူး
တစ်ယောက်ကကျွန်တော်နဲ့တော်တော်တူပေမယ့် သေချာတာကတော့ကျွန်တော်မဟုတ်ဘူး
ဘာလို့ဒီပုံကကျွန်တော့်မှာရှိနေရတာလဲ ပုံထဲကကလေးလေးနှစ်ယောက်ကရော ဘယ်သူတွေလဲ
ကျွန်တော်အမြဲစဉ်းစားကြည့်ခဲ့ပေမယ့် ခေါင်းအရမ်းကိုက်လာတာကလွဲရင် အဖြေမရခဲ့ပါဘူး

ဟန်ယူဂျင်းထိုပုံလေးကို အာရုံစိုက်ကာကြည့်နေမိသည်
ထိုအချိန် ခေါင်းထဲဖျက်ခနဲဝင်လာသော ရစ်ခီ့အိမ်က ပုံလေး

"မဖြစ်နိုင်တာ ငါမှအဲ့ပုံကိုသေချာမမြင်လိုက်ရတာကို လျှောက်တွေးတာတွေရပ်စမ်း ဟန်ယူဂျင်း"

ယူဂျင်း ကိုယ့်ကိုယ်ကို သတိပေးကာ ပုံလေးကို ပိုက်ဆံအိတ်ထဲထည့်သိမ်းထားလိုက်တော့သည်

------
"ရစ်ခီ မင်းသေချာပြီလား"

"အင်း သေချာပြီဟန်ဘင်း ငါပြိုင်ပွဲကြောင်သာ စိတ်ထိန်းနေရတာမင်းသိပါတယ်..
အခု အဖွဲ့ကိုထိခိုက်စေမယ့်အချိန်လဲမရှိတော့ဘူးဆိုတော့ ငါသူနဲ့ရှင်းမှရမယ်  ဒီတိုင်းဆက်လွှတ်ထားရင် ငါ့ကလေးနာကျင်လိမ့်မယ် ငါဘယ်လိုမှကြည့်မနေနိုင်ဘူး.."

"အေးပါ မင်းသေချာပြီဆိုရင်လဲ ငါမတားပါဘူး"

"ရစ်ခီ မင်းမှာ သက်သေအစုံရှိပြီလား အကယ်၍ ဟန်ယူဂျင်းသိသွားရင် မင်းရှင်းပြဖို့ အလုံအလောက်ရှိလား"

အချစ်ဦးမို့ရူးမိသည်(အချစ်ဦးမို့ရူးမိသည်) ( Complete )Where stories live. Discover now