we could have been us"

127 9 1
                                    

အရာအားလုံး ပုံမှန်နေ့လေးဖြစ်ချေသည်
ဆိုင်ရှေ့က ကော်ဖီဆိုင်ပိုင်ရှင်မလေး နဲ့ သူ့ကောင်မလေး တို့နဲ့အတူ ခရိုလီ စကားပြောနေကြတယ်
"ခရို‌လီ မင်းတို့က သူငယ်ချင်းတွေလား"
"ဒါပေါ့ နှစ်၆၀၀၀ကြာတဲ့သူငယ်ချင်းတွေ"

"သေချာလို့လားခရိုလီမင်းကိုယ်မင်းပြန်မေးကြည့်ပါဦး"

လို့ဆိုကာ ကောင်မလေးနှစ်ယောက်က တစ်ယောက်မျက်ဝန်းတစ်ယောက် စိုက်ကြည့်ကြာပြုံးလိုက်သည်

ခရိုလီကစိတ်ဆုံးဖြတ်ချက်ချလိုက်ဟန်ပြုသည် ထိုအချိန် အယ်ဇီရာဗဲလ် ကပြုံးပျော်နေသော မျက်နှာထားဖြင့် ဆိုင်အတွင်းမပြေးရုံတမယ်ဝင်လာသည်

"ငါမင်းကိုပြောစရာရှိ"

"ငါပြောစရာရှိ"

ခရိုလီကပြောလိုက်သည်
"မင်းအရင်ပြောပါ"

"အခုကလေ ကောင်းကင်ဘုံမှာ အကြီးအမှူးရာထူး ကလစ်လပ်နေတယ်တဲ့"

ထိုစကားကိုကြားလိုက်သည်နှင့် ရှေ့ဆက်ထွက်ပေါ်လာမည့်စကားများကိုနားထောင်ရန် ခရိုလီ ဝန်လေးချေပြီ

"အမ်းး အဲ့တာနဲ့ ငါကို သူက အကြီးအမှူးအဲ့နေရာနေခိုင်းတယ် အကောင်းဆုံးကဘာလဲသိလား"

ခရိုလီ ထပ်မကြားချင်တော့

"မင်း မင်းကို ငါခေါ်သွားလို့ရတယ် ကောင်းကင်ဘုံကို ငါတို့ ငါတို့အတူရှိလို့ရပြီ"

အပြုံးများစွာဖြင့် ပြောနေသော အယ်ဇီရာဗဲလ် ကိုဝမ်းနည်းစွာစိုက်ကြည့်မိနေသည်

"ကောင်းကင်ဘုံကဘာများကောင်းလို့လဲ ကိုတို့အတူဒီနေလို့ရတာဘဲလေ"

သူကျယ်လောင်စွာအော်ဟစ်ပြောလိုက်သည်
အယ်ဇီရာဗဲလ်က မျက်နှာချက်ချင်းငြိုးငယ်သွားခါ

"ကောင်းကင်ဘုံဆိုတာ အကောင်းဘက်လေ ငရဲက မကောင်းဘူး ငါနဲ့လိုက်ခဲ့ပါ"

"မင်းစိတ်မပြောင်းဘူးလား ဟမ်"
ခရိုလီမျက်ဝန်းထဲမျက်ရည်တွေအပြည့်ဖြင့်စိုက်ကြည့်နေသည်

"ငါတို့နှစ်ခြောက်ထောင်သူငယ်ချင်းဖြစ်ခဲ့တာလေ ငါရဲ့ ဘက်ကိုကြည့်ပါဦး အယ်ဇီရာဗဲလ် ရယ်"

good omens (fan)Where stories live. Discover now