🖤Am I Wrong 🖤

1.9K 132 8
                                    

🖤 🅰︎🅼︎ 🅸︎ 🆆︎🆁︎🅾︎🅽︎🅶︎ 🖤



One Short [ YiZhan ]




" ၀မ်ရိပေါ် !!! "

" ကျစ် Daddy ရာ ဘာလို့ အော်နေတာလဲ "

ည 12 နာရီ ကျော်မှ အပြင်က ပြန်လာပြီး ဧည့်ခန်းထဲမှာ ထိုင်စောင့်နေတဲ့ လူတွေကို အရေးမစိုက်စွာ အပေါ်ထပ် တက်ဖို့ ခြေလှမ်းနေတဲ့ ၀မ်ရိပေါ်ကို ၀မ်ပါး အော်လ်ိုက်တော့ လူတွေကို အကြည့်တချက်ပေးမလာဘဲ လှေကားလက်ရမ်းကို ကိုင်ပြီး ရပ်နေတဲ့ သားမိုက်ကြောင့် ၀မ်ပါး ဒေါသ ထွက်ရသည် ။


" မင်း အခု ဘယ်ချိန် ရှိနေပြီလဲ ဟမ် ! "


" နာရီ မပတ်ထားဘူး ဖုန်းက ကားထဲမှာ ကျန်ခဲ့တယ် "

" မင်း !! အခု ဆင်းခဲ့စမ်း ၀မ်ရိပေါ် ! "

" ခု အရက်မူးနေလို့ ပြီးတော့ အိပ်ချင်နေပြီ ပြောစရာရှိရင် မနက်မှ ပြော ဟုတ်ပါပြီလား "

" ဘာ !! မင်း ! မင်း ! "

" အကိုရယ် တော်ပါတော့ သားနားပါစေ မနက်ဖြန် မှပြောလေနော် "

" ဒီမှာ ဒေါ် ကျိုးမေ ကျုပ်တို့ သားဖကြား ခင်ဗျား ၀င်မပါနဲ့ ပြီးတော့ ကျုပ်ကို သား သား မခေါ် နားကြားပြင်း ကပ်တယ် "

" ၀မ်ရိပေါ် မင်း လူကြီးကို ဘယ်လိုတွေ ပြောနေတာလဲ "

" ပြောပြတာ မကြိုက်ဘူးဆိုတဲ့ အကြောင်း နောက်တခါ Daddy မိန်းမကို ကျနော့်ကို သားလို့ မခေါ်ဖို့ ပြောထား "

၀မ်ရိပေါ် ပြောပြီးတဲ့ ဆို အပေါ်ထပ်ကာ သူ့အခန်းထဲ လာခဲ့လိုက်သည် ။ အောက်က Daddy ဘယ်လို ကျန်ခဲ့လဲ သူစိတ်မ၀င်စားပေ ။ ခုချိန်ဆို သူ့မိန်းမကို ပြောလို့ သူ့ကို ထိုးချင်နေလောက်ရောပေါ့

စောက်ဇယားတွေ အာရုံနောက်တယ် ။ ရိပေါ် အပေါ်ကုတ်ကို ကုတင်ပေါ် ပစ်တင်ပြီး လူပါ အိပ်ယာပေါ် ဝုန်းကနဲ ပစ်လှဲ လိုက်သည် ။ ဖိနပ်တွေ ဘာတွေလည်း ချွတ်မနေတော့ဘူး အာရုံနောက်တယ် ။

" လွမ်းတယ် ခင်ဗျားရေ မောင် ခင်ဗျားကို အရမ်းလွမ်းတာဘဲ ခင်ဗျားက ချေလိုက်တာဗျာ တကယ်ဘဲ မောင် ဘာများ မှားလို့လဲ "


🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now