Ep2

244 14 3
                                    


အဲ့နေ့ကစပြီးသူတို့ငါးယောက်သူငယ်ချင်းရင်းတွေအဖြစ်ပေါင်းလာကြတာ၅နှစ်ကျော်ကြာမြင့်ခဲ့ပြီဒီနေ့ဆိုသူတို့တွေG10မှာ ပညာသင်ကြားမယ့်အချိန်ပေါ့ သူတို့ငါးဦး‌ရဲ့သူငယ်ချင်းသံယောစဉ်ကမပြောင်းလဲဘဲ ယခုတိုင်မြဲကာ တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးရန်ဖြစ်ခြင်းမရှိဘဲအချင်းချင်းသင့်မြတ်ကာနေကြပေမဲ့မိသားစုရေးရာ ရုပ်ပိုင်းဆိုင်ရာ စိတ်ဓာတ်တို့မှာပြောင်းလဲသွားခဲ့တယ်နန်းဖူးတိမ်ရောင်ငယ်ဟာတစ်နေ့ထက်တစ်နေ့ လူတွေကိုအရွဲ့တိုက်ပေမယ်လို့ သူ့သူငယ်ချင်းတွေနဲ့ဆရာ/မတွေအပေါ်မှာတော့လေးစားမှုအပြည့်နဲ့ပင်ရှိတယ် သူဟာ စာကိုလဲမလစ်ဟင်းသလို ဆိုးတဲ့ဘက်မှာလဲမလစ်ဟင်းဘူး သူတို့အဖွဲ့ဟာ ညနေတိုင်း သူတို့ကျောင်းကြီးရဲ့အနောက်ဘက်မှာရှိတဲ့
မေဘယ်ပင်ကြီးရဲ့အောက်မှယထိုင်ကာစကားတွေပြော ကြတယ် ဒါပေမဲ့တစ်နေ့မှာ တိမ်ရောင်ဟာသူရဲ့အပြုအမူတွေက အရင်နေ့တွေလိုမဟုတ်ဘဲမှိုင်ထွေနေကာ တတ်ကြွမှု မရှိသည့်အတွက် ဆရာ/မများကပင်မေးယူသော်လည်းအဖြေမထွက်လာ ညနေသူတို့အပင်အောက်မှာစုစည်းကာထိုင်နေစဉ်သူမစကားပြောလာခဲ့တယ်

"ငါအကိုကြီးတစ်ယောက်ကိုကြွေနေပြီ" လို့ပြောတဲ့အချိန်မှာကျွန်မတို့တစ်ဖွဲ့လုံးအံ့ဩခဲ့ရတယ်တိမ်ရောင်ဟာ သူ‌ငယ်ချင်းတွေအပေါ်မှာသူဟာတကယ့်ကိုသူငယ်ချင်းကောင်းတစ်ယောက်ဖြစ်တယ် သူကတတ်ကြွကာ အဲ့အချစ်ရေးအကြောင်းကိုသူစိတ်ဝင်စားသည်ဟု ပေါင်းလာသည့်အချိန်တွင်း တစ်ခါမှဖွင့်မပြောခဲ့ဘူးပေအဲ့လိုနဲ့သူကဆက်ပြောပြန်တယ်
"အဲ့အကိုကြီးမှာစော်ရှိတယ်ဟာ ငါစနှိုက်ကြော်သလိုများဖြစ်နေပြီလား ငါ့အကိုကြီးကိုဖွင့်ပြောဖို့စိတ်ကူးမရှိဘူးဒီနေ့ကျောင်းလာတဲ့လမ်းမှာအဲ့ကိုကြီးရဲ့ဆိုင်ကယ်အနောက်မှာ သူ့ကောင်မလေးကိုတင်လာတယ်ဟာ သူတို့နှစ်ယောက်ပုံစံကအရမ်းကိုကြည်နူးဖို့ကောင်းတယ် ငါကြောက်တယ် စိမ်းလဲ့ ငါပိုင်ရှင်ရှိပြီးသား လူကိုပြစ်မှားနေတဲ့အတွက် ငါမှားလားစိမ်းလဲ့ ငါမှားသွားပြီမလား ဟုတ်တယ်မလားစိမ်းလဲ့"သူပုံစံကအရမ်းကိုကြေကွဲ့ဖို့ကောင်းတယ် ကျွန်မတို့သိခဲ့ရတဲ့သူ့ပုံစံက အဲ့လိုမဟုတ်ဘူး အရမ်းကိုတတ်ကြွပြီး ဘာမှစိတ်ထဲ့မထားတတ်ဘဲပျော်ပျော်နေတတ်တဲ့ကောင်မလေးတစ်ယောက်အ‌ဖြစ်လေသူ့ကိုကြည့်ရင်းဝမ်းနည်းမိတယ်
"နင် မမှားပါဘူးနင်ဘာမှလွန်လွန်ကြူးကြူးမလုပ်ရသေးဘူးလေတိမ်ရောင်ရဲ့ဟုတ်တယ်မလား"

"ငါအဲ့ကိုကြီးကို အဝေးကနေပဲကြည့်နေခဲ့တာပါ"

"အေးလေငါတို့သူငယ်ချင်းတိမ်ရောင်ကဘာမှမ မလုပ်ရသေး‌တာ ဟုတယ်နင်မမှားသေးဘူး"

"သူ့မှာပိုင်ရှင်ရှိမှန်းသိရင်နောက်ဆုတ်လိုက်ပါဟာ နင်ရှေ့ဆက်မတိုးနဲ့နာကျင်ရမယ့်သူက နင်ဘဲဖြစ်လိမ့်မယ်တိမ်ရောင်"

"ဟုတ်တယ်နော်အစု ငါရှေ့ဆက်မတိုးသင့်ဘူးဒါပေမယ့်ငါသူ့ကြိချစ်တယ်ဟာ သူမျက်နှာမကောင်းရင်ငါရင်တွေပူရလိုက်တာ သူမျက်ရည်မြင်ရရင်ငါရင်ကို ဓားနဲ့မွှန်းနေသလိုဘဲ အရမ်းခံရခက်တယ်ဟာ ငါရင်တွေနာတယ် ယွန်းရယ်"

ကျွန်မချစ်သူကိုကြီးကကျောင်းကောင်စီကဗျို့Where stories live. Discover now