လောကသဘာဝအရ သေကြတဲ့အချိန်
ငါတို့ဟာ သုဿာန်လို့ခေါ်တဲ့ နေရာတစ်ခုမှာ
တစ်ခြားသူတူးပေးတဲ့ တစ်ကိုယ်စာ
မြေကွက်ထဲ ဘဝကိုအဆုံးသတ်ကြရတယ်
ဒါပေမယ့်...
ကိုယ်သေဖို့ ကိုယ့်သေတွင်းကိုယ်
ကျေကျေနပ်နပ်တူးနေမိတဲ့
အခိုက်အတံ့ကိုရော
ဘယ်လိုသတ်မှတ်ကြမလဲဟင်...
ရှင်းပါတယ် ...ဒါကို...
"တစ်ဖတ်သတ်အချစ်" ဒါမှမဟုတ်
တရားခံမပေါ်ဘဲ ...
"တမြှေ့မြှေ့သေဆုံးခြင်း"လို့ခေါ်တယ်တဲ့...
ကိုယ်တော့သက်ဆိုးရှည်မယ်မထင်ဘူး...
#Monn
KAMU SEDANG MEMBACA
ကဗျာခေါင်းစဉ်ဟာသူသာလျှင်ဖြစ်ကြောင်း
Puisiမပိုင်ဆိုင်ဖူးသောအရာတစ်ခုကိုအကြိမ်ကြိမ်ဆုံးရှုံးရခြင်းမို့ မျက်ရည်နှင့်ရေးခဲ့သည်ပေါ့ကွယ်....
