Part 14

1.7K 73 4
                                    

Becky မနက်အိပ်ယာကနိုးလာတော့
နာရီကြည့်လိုက်တော့ ၉ နာရီတောင်ထိုးနေပီ
သူမ အမြန်ထထိုင်ပီး မမ အခန်းဘက်လှမ်းကြည့်တော့
မငယ်က မမအခန်းရှင်းပေးနေတာပဲတွေ့ရတယ်
ဒါဆို မမ အလုပ်သွားပီပေါ့

မငယ်ရေ 📢📢
Bec နဲနဲကျယ်ကျယ်အော်ခေါ်လိုက်တော့ မငယ် ထွက်လာတယ်
ရှင် မမငယ် ခေါ်တာလား
မငယ် မမရော်
မမကြီး အလုပ်သွားပီ ဒီနေ့စောတယ်သွားတာ
Bec မမ ကို စိတ်ဆိုးနေပါပီ သူမကို မခေါ်လည်းမခေါ်ဘူး ဖုန်းလည်းမဆက်ထားဘူး စာလည်းမပို့ထားဘူး

Bec စူပုပ်ပုပ်နဲ့အောက်ဆင်းလာတော့
မာမီက အလုပ်သွားဖို့ ပြင်တောင်ပီးပီ
သမီး မာမီနဲ့ လိုက်မှာလား
အိမ်မှာနေခဲ့မလား

နေခဲ့မယ်မာမီ
အေး သမီးလေးနေခဲ့မယ်ဆို
ဟိုဘက်အိမ်မှာသွားနေနော် ဒီမှာတယောက်ထဲ မနေနေနဲ့ ကြားလား
ဟုတ်မာမီ
Okay Baby မာမီစိတ်ချမယ်နော်
လက်ကိုရေမစိုအောင်သတိထားနော် သမီး
မာမီ စိတ်မချစွာနဲ့မှာစရာရှိတာမှာပီး ထွက်သွားတယ်

Bec လည်း တံခါးတွေ အကုန်ပိတ်ပီး အိမ်ပေါ်ပြန်တတ်လာပီး
ကုတင်ပေါ် ငုတ်တုတ် ထိုင်နေလိုက်တယ်
မျက်နာလည်းမသစ်  ရေလည်းမချိုး
Breakfast လည်းမစားပဲ
မမ ကို စိတ်ကောက်ပီး တစ်ယောက်ထဲ အထီးကျန်နေတော့တယ်
စိတ်သာကောက်နေတာ မမစီက ဘယ်ချိန် ဖုန်းလာမလည်း မျော်နေရင်း ဖုန်းကိုတကြည့်ကြည့်လုပ်နေတယ်
တစ်ယောက်ထဲ စိတ်တွေကောက်နေတာ တဖြည်းဖြည်းနဲ့ သူမဗိုက်တော်တော် ဆာနေပါပီ နာရီကလည်း ၁၁ နာရီ
ကျော်လောက်ရှိနေပီ
အဲ့ချိန်မှာပဲ သူမဖုန်းလေးအသံမြည်လာပီး
ဖုန်းခေါ်တာက မမ
Bec စိတ်တိုပီး တော်တော်နဲ့မကိုင် Ringtone အသံဆုံးခါနီးမှ ဖုန်းကိုင်လိုက်တယ်

📱📱📱📱
ဖုန်းကိုင်ပီးတော့လည်း မထူးဘူး
Freen ကတော့ အခြေနေကိုသိလိုက်ပီ
သူမကို သူမအူကြူးလေးကောက်နေပီဆိုတာ

မထူးပဲ အသံတိတ်နေတာမို့
Freen က
Babe အိပ်ယာကနိုးပီလား
အိမ်မှာတယောက်ထဲဆို ဘာလို့ မငယ်တို့နဲ့သွားမနေတာလည်း
babe မမမေးနေတာလေ
မသိဘူး ဘာမှလာမမေးနဲ့
အားးးအသဲယားလိုက်တာ အဲ့စိတ်ကောက်နေတဲ့အသံလေးကို
အနားမှာရှိရင် ဆွဲနမ်းပစ်မယ်
နမ်းရဲနမ်းကြည့်ပါ့လား အဲ့နခမ်းတွေကို ကိုက်ပစ်မယ်
babe စိတ်ကောက်ပီး ရန်တွေလုပ်နေတာမို့
Babe လက်ဘယ်လိုနေလည်းသက်သာလား
Breakfast ရော်စားပီးပီလား
မမ
သူမမေးနေတာတခုမှ မဖြေပဲ သူမကို ခေါ်နေတာမို့
ပြော အသဲလေး အူကြူးလေး
Bec ဝမ်းနည်းတဲ့အသံနဲ့ မေးလိုက်တယ်
မနက်က bec ကိုဘာလို့မနိုးတာလည်း စာလည်းမပို့ဘူး
ဖုန်းလည်းမဆက်ဘူး
မမ မနက်ကအလုပ်သွားခါနီးစာပို့မလို့ပဲ
ဖုန်းတွေဝင်လာပီး ခနနဲ့ ရူပ်သွားလို့
မပို့ခဲ့မိတာ
အလုပ်ကိုမခေါ်တာက babe လက်မှာ ဒဏ်ရာနဲ့မို့ပါ

MineWhere stories live. Discover now