Mafiaကတော်က အဆိပ်ပြင်းတယ် 14

78 6 4
                                    

" ပန်းကလေးလိုလှတဲ့ ချစ်သူရယ် .... "

ကိုးတစ်‌ယောက်ထဲကိုတည့်တည့်ကြည့်ပြီးဆိုနေတဲ့
စဝ်မဟာဦးခိုက်ဆိုတဲ့ကောင်ကို မျက်ခွက်ကြည့်
စုတ်ပြတ်သွားအောင်ထိုးချင်စိတ်ကိုမနည်း ထိန်း
ထားရတယ် ဒီကောင်နေရာမှာ တစ်ခြားကောင်ဆို
အလောင်တောင်ကောက်နေရပြီ ဟူးးးးးးးစိတ်လျော့

" 9မင်းမျက်နာကြီးကလဲ ဝမ်းချုပ်နေတဲ့ရုပ်ကြီးနဲ့ ဘာ
ဖြစ်နေတာလဲ မအီမသာနဲ့ "

" ဟုတ်တယ် ဝမ်းချုပ်နေတာ အခု မင်းထက်ခဆိုတဲ့
မင်းပါးစပ်ထဲ ချီးကိုအတုံးလိုက်အတစ်လိုက် ပါချင်
နေလို့ ပါးစပ်ကိုဟထားလိုက်စမ်းပါ "

" ဟေ့ကောင် မင်းရိုင်းလှချည်လား ခေတ်လူငယ်
‌တွေတော်တော်ခတ်လိုက်တာ "

" ခွေးစကားမပြောနဲ့ အဲ့ပြောနေတဲ့အပေါက်ကို
ပြောင်းဖူးရိုးနဲ့စို့ထားလိုက်ရ "

" တော်ကြပါတော့ကွာ နားတွေကိုညည်းနေတာဘဲ
စိတ်ညစ်ညစ်နဲ့ မိန်းမကောက်ယူလိုက်ရ "

" ယျောင့် ငခါးမင်းရုပ်က မိန်းမရမဲ့ရုပ်မဟုတ်ဘူးကွ မှန်ထဲသေချာကြည့် "

" ဘာပြောချင်တာလဲ ဒဲ့ပြော ဟေ့ကောင် မင်းခ "

" ယောင်္ကျားရမဲ့ရုပ်လို့ပြောချင်တာ ဟုတ်တယ်မလား မင်းခလေး "

" ငထိုက် မင်းအတော်ဆုံး "

" အောင်မာ ဟေ့ကောင် ငထိုက် မင်းကငါ့ဘက်ကမပါဘူးပေါ့ မင်း.... "

" တော်ပါတော့ အရှေ့က လင်လင်နှစ်ယောက်နဲ့
သာလေးတွေရယ်ကျွန်တော်မျိုးမ နားညည်း လှပါပြီ တော်ပါတော့ရှင်တို့ရယ် "

" အကုန်တိတ် ဟိတ်ကောင်မသာ အဲလေ မဟာ
မင်းအရှေ့ကိုကားကြည့်မောင်း သီချင်းလိုက်ဆိုရင်
လဲအရှေ့တည့်တည့်ကိုကြည့်ဆို ငါ့မျက်နာကိုကြည့်ဆိုရင် ဒီတစ်ခါမင်းကိုသတ်ပြစ်ပြီး လမ်းမှာတင် မင်း
အလောင်းကိုပစ်ချခဲ့မယ် မဟော်ကိုးနိုင်းသာ မလုပ်
ရဲတာဘာမှမရှိဘူး "

" ရှိပါတယ် သရဲ‌ခြောက်တယ်ဆိုတဲ့အိမ်ရှေ့ကနေ ကားတောင်ဖြတ်မမောင်းရဲဘူးလေ "

" ခွီး "

" ဟားးးးးးးဟားးးးးး "

မင်းခလဲပြောအပြီး တစ်ကားလုံးမှာဆူညံသွားတဲ့
ရီသံတွေ မရီတာဆိုလို့ ကားမောင်းနေတဲ့ မဟာနဲ့
အပြောခံရလိုက်ရတဲ့ 9ဘဲရှိတယ် ဒါတောင်မဟာက
ရီချင်နေတာ ဘေးကဂျိုကြည့်ကြည့်နေတဲ့ ဆရာသမားကို ကြောက်လို့သာ အတင်းပါးစပ်ပိတ်ထား
ရတာ 9ရဲ့လက်သံပြောင်ပုံကို ကိုယ်တိုင်တွေ့ဖူးထားတာမို့ လန့်ရပါတယ် ကိုယ်အသက် ကိုယ်တိုင်ကာကွယ်ရမယ်လေ 9ကတကယ်လုပ်မဲ့ရုပ်

  Mafiaကတော်က အဆ်ိပ်ပြင်းတယ်Where stories live. Discover now