၃၉+၄၀

1.7K 265 5
                                    


အပိုင်း ၃၉

ဟူရင်းက အချိန်အတန်ကြာတုံ့ဆိုင်းသွားသည်။ ကျိုင်ရှင်းချန်၏ ဖိတ်ကြားလွှာကတ်ကိုရလာသည့်အတွက် သူ အလွန်အံ့ဩသွားသည်လည်းပါသည်။

သူက ကျိုင်ရှင်းချန်ကို မနက်ဖြန်ဒိတ်တွင် သူ့ကိုခေါ်ရန်စနောက်နေခဲ့သော်လည်း ပရိုဂရမ်အဖွဲ့၏စကားအရ သဘောကျနှစ်ခြိုက်သူကိုသာ ဖိတ်ကြားရမည်ဟု ဆိုထားသည့်အပြင် မိတ်ဆွေဖြစ်လိုသောသူများကိုလည်း ဖိတ်ကြားနိုင်သည်ဟု ဆိုထားသည်။ ကျိုင်ရှင်းချန်က သူ့ကိုဖိတ်ကြားလာသည့်အခါ သူတို့၏ဆက်ဆံရေးက ပိုကောင်းနေသောကြောင့်လည်းဖြစ်နိုင်သည်။ သို့သော် …

ဒါပေမယ့် ကျိုင်ရှင်းချန်က သွမ့်ရီဟွားကိုကြိုက်နေတာ မဟုတ်ဘူးလား။

ဒီကတ်က အလွယ်တကူရောက်လာခြင်းမဟုတ်ဟု သူက ခံစားနေရသည်။ ဒိတ်လို့ရမည့်အခွင့်အရေးကရှားပါးသည်။ သို့တိုင်အောင် တစ်ဖက်သူက သူ သဘောကျနှစ်ခြိုက်သူမရှိမှသာ မိတ်ဆွေချင်းချင်း ရင်းနှီးစေလိုသည့်ပုံစံမျိုးဖြင့် ထုတ်သုံးလေ့ရှိသည်။

ဒါဆိုရင် ကျိုင်ရှင်းချန်က သူ့ကိုကြိုက်တာလား၊ ဒါလည်းဖြစ်နိုင်ခြေရှိတာပဲ၊ ဘာပဲဖြစ်ဖြစ် သူက ငယ်ငယ်ကတည်းက လူပေါင်းမြောက်မြားစွာရဲ့အချစ်ဦး ဖြစ်ခဲ့တာပဲလေ။

သူက အလေးအနက်ထားကာတွေးကြည့်လိုက်ပြီး သူ၏ဆွဲဆောင်မှုကို သူကိုယ်တိုင်ပင် မငြင်းဆန်နိုင်ကြောင်း သိလိုက်သည်။

သူက ကျိုင်ရှင်းချန်ကို ညီအစ်မကောင်းလို သဘောထားပေမယ့်လည်း ကျိုင်ရှင်းချန်ကတော့ သူ့ကို ချစ်ချင်နေတာဖြစ်လောက်တာပဲ

ဟူရင်းက အခုတလော သူနှင့်ကျိုင်ရှင်းချန်၏အလွန်ကောင်းမွန်သော ဆက်ဆံရေးကိုတွေးမိသွားကာ အလွန်စိုးရိမ်သွားသည်။ သူက သည်အခြေအနေကို ကောင်းကောင်းမဖမ်းဆုပ်နိုင်ခဲ့သဖြင့် ကျိုင်ရှင်းချန်က အချက်ပြမှုအမှားတစ်ခုကို လက်ခံရရှိသွားခြင်း ဖြစ်လောက်သည်။

ကျိုင်ရှင်းချန်ကကောင်းလွန်းတယ်၊ ဒီလိုလူမျိုးကို နာကျင်အောင်မလုပ်ချင်သလို အချိန်လည်းဆွဲမထားချင်ဘူး၊ ဒါပေမယ့် ဖြစ်နိုင်ခြေက တစ်ခုပဲရှိတယ်လေ၊ သူ အများကြီးတွေးနေတာဖြစ်ဖို့ပဲ မျှော်လင့်ရတာပဲ။

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now