My First And Last : NichoJoo

395 33 7
                                    


" Nicholas ... Nicholas အခု အဲ့ဒီ့ဘက်က နာမည်က Nicholasလို့ ကျွန်တော့်ကိုပြောနေတာလား "

" ဟုတ်တယ် "

" ဒါဆို တွေ့ရတာ ဝမ်းသာပါတယ် ။ Presentationအတွက် တိုင်ပင်ဖို့လိုတာမို့ ခဏလိုက်ခဲ့ပေးပါဦး "

Nicholasက ရှေ့တူရူက မြင်ကွင်းကို တအံ့တသြကြည့်သည် ။ သူအခု အူကြောင်ကြောင်နိုင်လွန်းတာမို့ ပါးစပ်ဟောင်းလောင်းနှင့် ။

" မဟုတ်သေးဘူးလေ .. မင်းနဲ့ငါအခုမှတွေ့ဖူးတာကို "

" ကျွန်တော့်နာမည် Byun Euijooပါ ။ မနေ့က အတန်းထဲမှာ Body Systemတွေအကြောင်း Presentation လုပ်ဖို့ လူခွဲတာ တစ်သင်းတည်းကျပါတယ်ဗျ ။ ကျွန်တော်က အသင်းခေါင်းဆောင်မို့ Presentationအတွက် တိုင်ပင်ဖို့ လူလိုက်စုနေတာပါ "

ကျွန်တော် ?
အထက်တန်းကျောင်းသားတွေ သုံးလေ့မရှိသည့် ကျွန်တော်ဆိုသည့် အသုံးအနှုန်းကို တမင်သုံးပြပြီး ရည်မွန်ချင်ယောင်ဆောင်တာလား ဒီကောင်က !

" အားလုံးပဲ မင်္ဂလာပါ ကျွန်တော်ကတော့ Byun Euijooပါ ။ ကျွန်တော်တို့က - "

Byun Euijoo ခေါ်သွားသည့်နောက်ကို လိုက်သွားတော့ Nicholasလိုပင် ချွေးတပ်ဆွဲလာခံရဟန်ရှိသည့် ကျောင်းသား ၄-၅ယောက် ။

" presentationက ဘာကြီးတုန်း "

" ငါတို့လဲမသိဘူးလေ ။ ငါမနေ့ကကျောင်းပျက်တယ် "

Nicholasဘေးနားက ကျောင်းသားကို လက်ကုပ်ပြီးမေးကြည့်တော့ သူလဲ ဘာမှနားမလည် ။

" ငါမနေ့က အတန်းလစ်ထားမိလို့ကွ ။ ပြီးတော့ သူ့ကိုအသင်းခေါင်းဆောင်က ဘယ်သူခန့်ထားတာလဲ "

" သူ့ဟာသူခန့်ထားတာ ထင်တယ် "

Nicholasအတွက်တော့ Byun EuiJooက စတွေ့သည့်နေ့ကတည်းက အတင်းလိုက်ကပ်နေသော ကပ်ပါးကောင်လိုဖြစ်ခဲ့သည် ။ စျေးကြီးပေးဝယ်ထားရသော Nikeဖိနပ်ပေါ် လာစင်သော ရွှံ့စက်လိုမျိုး .. ။

" ဒါဆို အားလုံးနားလည်မယ်ထင်ပါတယ် ။ Deadlineက ဒီအပတ်သောကြာနေ့ပါ ။ လုပ်စရာရှိတာလေးတွေအပြီးလုပ်ထားဖို့မျှော်လင့်ပါတယ် "

အမှန်အတိုင်းပြောရရင် Euijooဘာပြောသွားသည်ဆိုတာ Nicholas နည်းနည်းတောင် အာရုံမစိုက်ခဲ့ပါ ။ ဒီအချိန် ၁၅မိနစ်အတွင်း သူ ညနေကျောင်းဆင်းရင်စားဖို့ မုန့်တွေကိုသာကြိုတွေးနေခဲ့တာဖြစ်သည် ။

You've reached the end of published parts.

⏰ Last updated: Aug 09, 2023 ⏰

Add this story to your Library to get notified about new parts!

every zephyr Where stories live. Discover now