" Nicholas ... Nicholas အခု အဲ့ဒီ့ဘက်က နာမည်က Nicholasလို့ ကျွန်တော့်ကိုပြောနေတာလား "" ဟုတ်တယ် "
" ဒါဆို တွေ့ရတာ ဝမ်းသာပါတယ် ။ Presentationအတွက် တိုင်ပင်ဖို့လိုတာမို့ ခဏလိုက်ခဲ့ပေးပါဦး "
Nicholasက ရှေ့တူရူက မြင်ကွင်းကို တအံ့တသြကြည့်သည် ။ သူအခု အူကြောင်ကြောင်နိုင်လွန်းတာမို့ ပါးစပ်ဟောင်းလောင်းနှင့် ။
" မဟုတ်သေးဘူးလေ .. မင်းနဲ့ငါအခုမှတွေ့ဖူးတာကို "
" ကျွန်တော့်နာမည် Byun Euijooပါ ။ မနေ့က အတန်းထဲမှာ Body Systemတွေအကြောင်း Presentation လုပ်ဖို့ လူခွဲတာ တစ်သင်းတည်းကျပါတယ်ဗျ ။ ကျွန်တော်က အသင်းခေါင်းဆောင်မို့ Presentationအတွက် တိုင်ပင်ဖို့ လူလိုက်စုနေတာပါ "
ကျွန်တော် ?
အထက်တန်းကျောင်းသားတွေ သုံးလေ့မရှိသည့် ကျွန်တော်ဆိုသည့် အသုံးအနှုန်းကို တမင်သုံးပြပြီး ရည်မွန်ချင်ယောင်ဆောင်တာလား ဒီကောင်က !" အားလုံးပဲ မင်္ဂလာပါ ကျွန်တော်ကတော့ Byun Euijooပါ ။ ကျွန်တော်တို့က - "
Byun Euijoo ခေါ်သွားသည့်နောက်ကို လိုက်သွားတော့ Nicholasလိုပင် ချွေးတပ်ဆွဲလာခံရဟန်ရှိသည့် ကျောင်းသား ၄-၅ယောက် ။
" presentationက ဘာကြီးတုန်း "
" ငါတို့လဲမသိဘူးလေ ။ ငါမနေ့ကကျောင်းပျက်တယ် "
Nicholasဘေးနားက ကျောင်းသားကို လက်ကုပ်ပြီးမေးကြည့်တော့ သူလဲ ဘာမှနားမလည် ။
" ငါမနေ့က အတန်းလစ်ထားမိလို့ကွ ။ ပြီးတော့ သူ့ကိုအသင်းခေါင်းဆောင်က ဘယ်သူခန့်ထားတာလဲ "
" သူ့ဟာသူခန့်ထားတာ ထင်တယ် "
Nicholasအတွက်တော့ Byun EuiJooက စတွေ့သည့်နေ့ကတည်းက အတင်းလိုက်ကပ်နေသော ကပ်ပါးကောင်လိုဖြစ်ခဲ့သည် ။ စျေးကြီးပေးဝယ်ထားရသော Nikeဖိနပ်ပေါ် လာစင်သော ရွှံ့စက်လိုမျိုး .. ။
" ဒါဆို အားလုံးနားလည်မယ်ထင်ပါတယ် ။ Deadlineက ဒီအပတ်သောကြာနေ့ပါ ။ လုပ်စရာရှိတာလေးတွေအပြီးလုပ်ထားဖို့မျှော်လင့်ပါတယ် "
အမှန်အတိုင်းပြောရရင် Euijooဘာပြောသွားသည်ဆိုတာ Nicholas နည်းနည်းတောင် အာရုံမစိုက်ခဲ့ပါ ။ ဒီအချိန် ၁၅မိနစ်အတွင်း သူ ညနေကျောင်းဆင်းရင်စားဖို့ မုန့်တွေကိုသာကြိုတွေးနေခဲ့တာဖြစ်သည် ။
YOU ARE READING
every zephyr
Fanfiction&TEAM one shot collection Every OTP included Only available in unicode