အပိုင်း ၁ (U + Z)

2 0 0
                                    

Episode - 1

Unicode

''ရှိုင်းဒီရှန် မင်းဘယ်အချိန်ထိ ဒီလိုနေ,နေမှာလဲ?''

''ဘာကို''

''မင်းအခုမှမသိချင်ယောင်ဆောင်မနေနဲ့တော့ ဒီရှန် မင်းငါ့အလုပ်တွေကိုဝင်ကူဖို့စိတ်ကူးမရှိတော့ဘူးလား? မင်းအစ်ကို,ကိုလည်းကူညီပြီးအလုပ်,လုပ်ရမယ့်အရွယ်...'

''ဘာတွေပြောနေလည်းတစ်လုံးမှနားမလည်ပါဘူး ခရီးပန်းနေလို့သွားအိပ်လိုက်ပါဦးမယ်''

ရွဲ့တဲ့တဲ့လေသံနှင့်ဖခင်ဖြစ်သူအား ပြောခဲ့အပြီးတွင် ဒီရှန်တစ်ယောက် အိမ်အပေါ်တက်ကာ သူ့အခန်းတွင် ဝင်အိပ်လေတော့သည်။သူခရီးပန်းလာသောကြာင့် အရင်အနားယူမည်၊ပြီးမှသာ ဖခင်ဖြစ်သူ၏ တော်ကီတွေနားထောင်ကာ​ဖြေရှင်းမည်။သူ့အတွေးနှင့်သူ ရှိုင်းဒီရှန်တစ်ယောက် ခဏတာအိပ်စက်သွားတော့သည်။

''ဒီရွန် မင်းညီအချိုးတွေတွေ့တယ်မလား ဒီကောင်အလိုလိုက်လွန်းလို့ ကမ်းတက်လာတာ''

''အဖေရယ် စိတ်လျော့လိုက်ပါ ညီလေးကငယ်သေးလို့ပါ စောနက သူ့ကြည့်ရတာလည်းအတော်ခရီးပန်းလာပုံရလို့ထင်ပါတယ်''

''အေးမင်းလည်း မင်းညီဘက်ကပဲကာပြောနေတော့ ဒီကောင့်အသက်၂၄တောင်ရှိပြီ ခရီးပတ်ထွက်၊ပိုက်ဆံတောင်းဖို့ပဲ သိတယ်''

''ရှန်ကအမေနဲ့တူသွားလို့ပါ ဖေဖေရယ် ကျွန်တော်တို့အိမ်မှာအငယ်ဆုံးလေးကိုအလိုလိုက်,လိုက်ပါ''

''ဟုတ်ပါ့ကွာ ဒီရှန်က မင်းတို့အမေနဲ့သိပ်တူတာပဲ''

ထို့သို့ပြောနေစဥ်အချိန်၌သူတို့နှစ်ဦးမျက်နှာပေါ်တွင်ဝမ်းနည်းရိပ်သန်းနေသည်။သွားလေသူအတွက်ဝမ်းနည်းပူဆွေးနေကြဟန်ပင်။

''ကဲကဲ အဖေတို့ထမင်းစားကြရအောင် သားပြီးရင်ကုမ္ပဏီကိုပြန်သွားမှာမလား''

''ဟုတ် ဒီနေ့က projectအတွက် ဦးမျိုးသန့်နဲ့လူတွေ့ဆွေးနွေးတာပြီးရင်တော့ အားပါပြီဖေဖေ''

''အေးအေး ထမင်းဝိုင်းပြင်ပြီးလောက်ပြီ တို့တွေနေ့လည်စာအရင်စားကြတာပေါ့ မင်းညီကိုလည်းသွားနှိုးဦး''

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Aug 09, 2023 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

Our Universal LoveHikayelerin yaşadığı yer. Şimdi keşfedin