ep(42)

2.6K 136 1
                                    

🖤 CAN ' T  LOSE  YOU 🖤




ep(42)





" ပါးပါး "

" ဗျာ  သားငယ် "

ရှောင်ကျန့် အဝတ်တွေ ဗီရိုထဲ ခေါက်သိမ်းနေရင်းမှ နောက်က သားငယ်လေးရဲ့ ခေါ်သံကြောင့် အကြည့်တချက်ပေးပြီး ထူးလိုက်သည်  ။ တနေ့တနေ့ သူတို့သားဖအဝတ် သိမ်းရတာဘဲ မနည်းမနော နှစ်ယောက်လုံးက မင်းသားတွေ ကျနေတာဘဲ ထည်လဲ  လဲကျတာ  ။ နောက်ခါဆို သူတို့သားဖတွက် ပလပ်စတစ်အိကျီ မှာပေးအုံးမယ် ၀တ်ပြီးတာနဲ့ လွင့်ပစ်ရုံဘဲ သူလည်း လျှော်ရတာ သက်သာတယ် ။

ခုလည်း သားက အောက်မှာ သူ့အဖေနဲ့ ဘောလုံးကန်နေတယ်ဆိုလို့ အလုပ်ကို အေးဆေးလာလုပ်နေတာ မောင်သားကို စလိုက်ပြန်ပြီ ထင်တယ် သားက လာတိုင်တာဘဲ ဖြစ်မယ် ။

" Daddy နဲ့ မဆော့တော့ဘူးလား သား "

ရှောင်ကျန့် သားရှေ့ ဒူးထောက် ထိုင်ချပြီး သားဝတ်ထားတဲ့ ဘောလုံးဘောင်းဘီလေးကို ဒူးအပေါ်ထိ ခေါက်တင်ပေးလိူက်သည် ။

" ပါးပါး Daddy ဆေးလိပ်သောက်နေတယ်  "

" ဘာ  ! ခု မင်းအဖေ ဘယ်မှာလဲ  "

" အောက်မှာ "

သားက ငိုမဲ့မဲ့လေး ပြောနေတယ်ဆိုကတည်းက သူ့အဖေ တခုခုစလိုက်လို့ လာတိုင်တာဆိုတာ ရှောင်ကျန့် သိပြီးသား ။ ဒါမဲ့ သားက မဟုတ်ဘဲတော့ ပြောမှာ မဟုတ်ဘူး မောင်ဆေးလိပ်သောက်နေတာဘဲ ဖြစ်မယ် ။ ရှောင်ကျန့် သားကို ချီပြီး ခြံထဲသာ ဆင်းလာခဲ့လ်ုက်သည် ။

" သည်း ဟဲ ဟဲ "

မောင်က ဘောလုံးဝတ်စုံ အပြည့်နဲ့ ခြံထဲကဒန်းပေါ်မှာ ထိုင်နေပြီး   သူ့ကို မြင်တဲ့ဆို တဟဲဟဲ နဲ့ ပါးစပ်ထဲမှာလည်း စုတ်လုံးတလုံး ထည့်ထားသေးသည် ။

" မောင် ဘာလုပ်နေတာလဲ "

" ဗျာ မင်းသား ရေသွားသောက်မယ်ဆိုလို့ မောင်က စောင့်နေတာလေ     သား ဘောလုံး မကန်တော့ဘူး လား "

မောင်က ခပ်တည်တည်ဘဲ ပြောနေတာမို့ ရှောင်ကျန့်မှာ ဘာဆက်ပြောရမလဲတောင် မသိတော့ပေ ။

🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now