လွန်းအိမ်၌ ရှပ်ထွေးမိနေသော

30 1 0
                                    

လွန်းအိမ်၌ ရှပ်ထွေးမိနေသော 20

အပိုင်း၂၀

"ငါ မမူးသေးဘူး သူ သူ ငါ့ကို တော်တော်လေး မုန်းသွားတာလားပဲ "

"မာန် ဖြေးဖြေး လည်းမယ်"

သတိုး အကိုမာန်ရဲ့ လေးလံလှသော ခန္ဓာကိုယ်ကြီးအား တွဲလာလေသည်။ သတိုးမှာလည်း ခန္ဓာကိုယ် တောင့်တောင့်ဖြောင့်ဖြောင့်ဖြင့် ကျစ်လျစ်သန်မာလှသော်လည်း အကိုမာန်နဲ့ ယှဥ်လျှင်တော့ မသိမသာ သေးငယ်သယောင်.....

"ဘုတ်"

"အ့"

အကိုမာန် ကုတင်ပေါ်ပြစ်လှဲလိုက်တုန်း သတိုးခန္ဓာကိုယ်လေးပါ ယိုင်ကျသွားပြီး အကိုပေါ် အုပ်မိုးမိလေခဲ့သည်။

အကိုမာန် မျက်လုံးများ ဖွင့်မလာသေးပေ
သတိုး မာန့်ကို အပေါ်ဆီမှကြည့်နေလေသည်။

ထိုနောင်ဟဖွင့်ဟလာသော မျက်လုံးတစ်စုံတိုကြောင့် နှစ်ဦးသား အကြည့်များ စုံနေခိုက်
အရည်လဲ့သောမျက်၀န်းတစ်စုံဖြင့်ကာ ရီဝေဝေအကြည့်များနဲ့ ကြည့်နေသော အကိုမာန်ဟာ အရမ်းပင်
ဆွဲဆောင်မှုရှိလှပေသည်။ ထိုဆွဲဆောင်မှုဒဏ်က်ို သတိုးညီ ဘယ်လို ဆန့်ကျင်ရမလဲ

"မာန်..."

သတိုညီ အကိုမာန်ရဲ့ နှဖူးလေးကစ မေးဖျားလေးအဆုံး ညင်သာလှသောလက်ဖျားလေးဖြင့် ဖိကပ်ကာ ကိုင်ကြည့်မိနေလေသည်။

"ဆွဲဆောင်နိုင်လွန်းတယ် မာန်ရယ်......
ငါ့ကို ဘယ်အငြိုးအတေးတွေနဲ့များ မင်းအောက်မှာနေချင်လောက်တဲ့ထိ ညှို့ယူထားရသလဲ...."

သတိုးညီ အတန်ကြာ အကိုမာန်ကို အသေစိတ်ကြည့်နေလေသည်။

"ငါ မြတ်နိုးရတဲ့ မင်းက အခြားသူရဲ့ တန်ဖိုတွေကိုပဲမြင်နေတာမျိုး ဒါဟာ ငါ့အတွက် ဘယ်လောက်တောင်နာကျင်ရလဲဆိုတာ မင်း သိရဲ့လား မာန်ရယ်"

"အင့် ဟင်း"

သတိုးပြောနေပင်မဲလဲ အပြစ်ကင်းတဲ့ မျက်နှာလေးနဲ့ ဘာမှမသိသလို အိပ်စက်နေတဲ့ အကိုမာန်ရယ်ပါ

သတိုး အကိုမာန်ရဲ့ ဆွဲဆောင်မှုတွေအောက် ကျရှုံးနေခိုက် ဆွဲဆောင်လွန်းလှတဲ့ နှုတ်ခမ်းပါလေးကို ထိတွေ့ချင်မိခဲ့လေသည်။ထိုအတွေးများကို သတိုး ဆန့်ကျင်နေခိုက်

လွန်းအိမ်၌ ရှပ်ထွေးမိနေသောWhere stories live. Discover now