အဝါရောင်စိုက်ခင်း(အပြာစာပေ)

12K 19 2
                                    

အဝါရောင်စိုက်ခင်း
ရေးသားသူ – Chann Ko (ချမ်းကို)

🏵️ အပိုင်း (၁) 🏵️

အဝါရောင်စိုက်ခင်းတွေ၊ စိမ်းစိုရောင်တောအုပ်တွေ ပတ်လည်ဝိုင်းထားတဲ့ မှုန်ကုတ်ကုတ် တောမြို့လေးတစ်မြို့ကို အလည်အပတ်သွားရင်း ကျနော့်ကို ကရာတေးကစ်နဲ့ ဖင်ပိတ်ကန်တတ်တဲ့ ညီမလေးတစ်ယောက်နဲ့ ဘူတာရုံအိုလေးတစ်ခုမှာ စတွေ့တဲ့ဇာတ်ဝင်ခန်းကနေ အိပ်ယာထဲရောက်သွားတဲ့ လျှို့ဝှက်ဆန်းကြယ် ရင်သိမ့်တုန် ကိုယ်တွေ့လေးပါ။

ကျနော့်မှာ ထူးဆန်းတဲ့ ကံတရားတစ်ခု ရှိတယ်ဗျ။ ကျနော့်ဘဝမှာ ကြိုက်ခဲ့သမျှ မိန်းမတွေအကုန်လုံး စာဖတ်တဲ့ဝါသနာ ရှိသူတွေချည်းပဲ။ ပြောရရင် စရွေးကိုက်တယ်ပေါ့ဗျာ။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ စာသမားတွေက စာမဖတ်တဲ့လူဆို အထင်ကိုမကြီးတတ်ကြဘူး။ စာအုပ်သမားတွေရဲ့ ဝါသနာက စာအုပ်တွေတင်မကဘူး ရုပ်ရှင်၊ ဂီတ ဘာညာအစရှိသဖြင့် နောက်ဆက်တွဲလေးတွေ ပါလာတတ်ကြသေးတယ် မဟုတ်လား။ အဲ့ဒီလို ဝါသနာတူ ဘာသာရပ်တူခြင်း တွေ့လိုက်ရင် သိတဲ့အတိုင်းပဲလေ။ အင်မတန် ခင်မင်ရင်းနှီးတတ်ကြတာ ထုံးစံပဲ။

အဲ့ဒီ ဝါသနာတူ လူနှစ်ယောက်က ဖိုနှင့်မ ဖြစ်နေကြတယ် ဆိုပါတော့.. သူတို့နှစ်ယောက် ဆုံကြတဲ့နေရာက လူမျိုးတူတွေမရှိတဲ့ အဝေးကြီးမှာဆိုပါတော့..။ ဘာတွေဖြစ်ကုန်မယ် ထင်သလဲဗျာ။ ဟုတ်ကဲ့ အဲ့ဒီမေးခွန်းရဲ့အဖြေက ကျနော်အခုပြောပြမယ့် ဇာတ်လမ်းပါပဲ။

သူ့ကိုဘယ်မှာ စပြီးသိခဲ့သလဲဆိုတော့ ဗမာတွေများတဲ့ နေရာဒေသတစ်ခုမှာ သိခဲ့တယ်လို့ပဲ လွယ်လွယ်ပြောလိုက်ရအောင်။ အခမ်းအနားတစ်ခုမှာ သိခဲ့တယ်ပေါ့။ ဖုန်းနံပါတ်လေးဘာလေး လဲလှယ်မိခဲ့တယ်။ ဒီလောက်ပါပဲ။

ကိစ္စပြီးတော့ ကျနော်လည်း ကိုယ့်တောမြို့လေးဆီ ကိုယ်ပြန်ခဲ့ပြီး မေ့မေ့ပျောက်ပျောက်ပေါ့။ နောက်တော့ ဘာရယ်မဟုတ်ဘူး အဆက်အသွယ်လုပ်မိကြရော။ တက်စ်မက်ဆေ့ချ်လေးဘာလေးပို့၊ တစ်ခါတစ်လေ ဖုန်းပြော၊ စာအကြောင်းပေအကြောင်းလေးတွေ ဟိုအာဒီအာလုပ်တယ် ဆိုပါတော့။ ဟိုလိုမျိုး အီစီကလီထုတာ ဘာညာ မဟုတ်ဘူးနော်။ ဘော်ဒါကဏ္ဍသက်သက်ပဲ။ ဖွန်ကြောင်ရအောင်လည်း သူ့ကိုတစ်ခါပဲမြင်ဖူးခဲ့တော့ ဘယ်လိုရုပ်ဆိုတာတောင် ကောင်းကောင်းမမှတ်မိဘူးရယ်။

အဝါရောင်စိုက်ခင်းOù les histoires vivent. Découvrez maintenant