back to childhood (memories)

205 10 0
                                    

ထမင်းစာကြစိုလို့အဖေခေါ်သံကြားမှအိမ်ပေါ်တက်ထမင်းစားပွဲအလည်မှာအောက်ခံမြေခွက်လေးခံထွန်းထားတဲ့တစ်တိုင်တည်းသောဖယောင်းတိုင်လေးနဲ့တူတူစားကြပါတယ် ထမင်းစားပြီးပန်ကန်တွေလဲအလှည့်ကျဆေးရပါတယ် ကျမတို့အားလူံဖယောင်းတိုင်အလင်းလေးရဲ့အောက်မှာ စားကြသောက်ကြဆေးကြကြောကြပြီးတာနဲံ ခြံထဲဆင်းထိုင်ချိန်အမေဖယောင်းတိုင်လေးတစ်ဝက်လောက်ကုန်ပါပြီ အာူလုံးပြီးတာနဲ့ခြံထဲဆင်းတဲ့အချိန်ဖယောင်းတိုင်ကိုအမေကမှိတ်သိမ်းထားပါတယ်ခြေရင်းပြတင်းပေါက်လေးဖွင့်ထားတော့အလင်းရောင်လေးအိမ်ထဲရှိနေပါတယ် ၈နာရီထိုးတော့အားလုံးအိမ်ပေါ်တက်ကျမတို့တူတူစာရေးဖို့စားပွဲခုံကြီးချ အမေဖယောင်းတိုင်လေးအလယ်မှာထွန်းပြီးအိမ်စာတွေရေးကြရပါတယ် အဖေကတော့အနီူနာကုလားထိုင်မှာထိုင်းရင်စာမသိတာမှားတာတွေထောက်ပြပြောပေးတယ် ဘကြီးကတော့ ကျမတို့နားကပ်ပြီးချဲတွက်ပါတယ်🤣🤣🤣(ဘကြီးအကြောင်းနောင်ပြောပြပါမယ်) စာကျက်ချိန်ကျတယောကိတနေရာစီကျက်မှရမှာမို့ အမေ့ရဲ့လောက်ဌမူလျို့ဝှက်ချက်ထွက်လာပါတယ် အာ့တာကတော့ ဖယောင်းတိုင်ထွန်းရင်အမြဲခံလေ့ရှိတဲ့ခွက်ကလေးတွေဖယောင်းအရည်ပျော်ကျပြီးခွက်ထဲရှိနေတဲ့ဖယောင်းခြောက်လေးတွေနဲ့ တခါတရံဈေးသည်ကြီးပေးတဲ့စက္ကူထုပ်လေးအတွင်း(အမေကဈေးသည်ဦးလေးကြီးကိုဈေးက ဝယ်သမျှထုပ်ပေးလိုကိတဲ့စက္ကူအိပ်လေးတွေသေချာထပ်ထပ်ထားပြီးအများကြီးရရင်ပေးလေ့ရှိသလို တခါတရံဈေးသည်ဦးလေးကြီးက  ဖယောင်းစက်ရုံက အကြေခဲလေးတွေစုပြီးစက္ကူအိပ်နဲ့ပေးလေ့ရှိတယ် ဦးလေးကြီးတို့ကအိမ်မှာ ကူန်စုံဆိုင်ရှိတယ်အမေပေးသမျှစက္ကူအိပ်လေးတွေကိူဆိုင်မှာကြက်သွန် အားလူးဝယ်သူတွေကို ပြန်ထုပ်ပိုးပေးတယ်လို့အမေပြောတယ်)အမေလက်လေးနိူက်ပြန်ထုတ်တော့ဖယောင်းအကြေလေးတွေခွက်လေးတွေထဲလိုက်ဖြည့်မီးစာလေးထုတ်မီးညှီပြီးတယောက်တစ်ခွက်ပေးကာ ည၁၀နာရီအထိစာလုပ်ရပါတယ် ဈေးသည်ဘကြီးရဲ့ မိသားစုချွေတာမူအပေါ်ကူညီနိုင်သလောက်ကူညီပေးတဲ့ စာနာမူကုသိုလ်ပါ
ဒီလိုနှလုံးသားနဲ့လူသားတွေ ဘယ်နေရာမှာဘယ်လိုရှိနေကြပါသလဲ သိချင်မိပါတယ် ကျမလဲအိမ်ရောက်ပြီမို့ ဗိုက်သိပ်မပြည့်တော့ ရှိတဲ့ပေါင်မုန့်လေးတစ်ချပ်စားပြီး လုပ်စရာရှိတာလေးတွေလုပ်ရင်း သားနိုးလာရင်စားဖို့ ပေါင်မုန့်ထောပတ်သုပ်မီးကင်ကာကော်ဖီတစ်ခွက်လဲပြင်ဆင်ထားလိုက်ပါတော့တယ်  
(မနက်စာကိူ ပဲပြုတ်ထမင်း အသုပ် မုန့်ဟင်းခါး စားမှဗိုက်ပြည့်တင်းတိမ်တတ်တဲ့ကျမ ငယ်ဘဝလေးတူးဖော်လိုက်ရလို့အသုပ်မဝပေမဲ့စိတ်ဝတင်းတိမ်သွားပါပြီ🥰)

စာရေးသူ- ပစ်တိုင်းထောင်

(ဒါလေးကတော့ အိုရာ့မေမေရေးတဲ့စာစုလေးတစ်ခုပါ
88 bornတွေဆိုရင်တော့ဒီလိုမိသားစုလေးကိုနားလည်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်)

ညိုWhere stories live. Discover now