(၅)🌼

181 44 5
                                    

Unicode

လွန်ခဲ့သော နှစ်ပေါင်း ၇၀ကျော်က....။

"Kim..."

ဝါဝင်းသည့် နေကြာခင်းထဲက ခေါ်သံလေးသည် ဆယ်လှမ်းလောက်ဝေးသည့်နေရာ၌ လိပ်ပြာဖမ်းနေသည့် Kimထံသို့ တလွင့်လွင့် ကူးသွားသည်။

အဝါရောင်လိပ်ပြာလေးသည် ဝတ်ရည်ချိုချိုပေါ်၌ မြူးထူးနေကာ အယ်လန့်ခေါ်သံကြောင့် ထပျံသွားသည်။

လိပ်ပြာလေး ပျံထွက်သွားသည့်အခါ Kimမျက်နှာထက်က အပြုံးလေး ပျောက်ကွယ်သွား၏။

"လိပ်ပြာက ပျံသွားပြီ အယ်လန်။ ကျွန်တော်က အယ်လန့်ကို ဖမ်းပြချင်တာကို..."

အယ်လန်သည် နေကြာခင်းကြီး၏ နေရာလွတ်ထဲ၌ ပက်လက်လှန်အိပ်နေပြီး ခေါင်းအောက်၌ လက်ဖဝါးတစ်ဖက်ကို ခုထားသည်။ Kimက ညီးညီးညူညူပြောသည့်အခါ အယ်လန်သည် ခပ်လွင်လွင်ရယ်မောလိုက်ပြီး Kimအနောက်က နေကြာပွင့်လေးကို စူးခနဲတစ်ချက်ကြည့်လိုက်သည်။

"လိပ်ပြာက Kimအနောက်မှာ....ရအောင်ဖမ်း.."

Kimသည် ထိုစကားကြောင့် သူ့အနောက်သို့ ဆတ်ခနဲလှည့်ကြည့်တော့ တကယ်ပင် ခုနကထက်ပိုလှသည့် အပြာရောင်လိပ်ပြာလေးတစ်ကောင်ကို မြင်လိုက်ရသည်။

ဝင်းခနဲသော Kimမျက်နှာလေးအား အယ်လန်က ခေါင်းကိုစောင်းပြီး ငြိမ်သက်စွာ ငေးကြည့်နေသည်။ Kimသည် လိပ်ပြာလေးအား အသည်းတယားယားဖြင့် ထပျံမသွားအောင် ပုခုံးလေးကျုံ့ပြီးဖမ်းနေသည်။

အယ်လန်သည် အောက်က နေကြာပန်းအား ဆွဲခူးလိုက်လျှင်တောင် လိပ်ပြာလေးက ထပျံသွားမှာမဟုတ်မှန်း သိနေတာမို့ ပြာလွင်လွင်ကောင်းကင်အား ပြောင်းကြည့်ကာ စိတ်လိုလက်ရ ပြုံးလိုက်သည်။

"မိပြီ အယ်လန်...မိပြီ "

Kimသည် ချက်ချင်းပင် အယ်လန့်အနားသို့ပြေးထိုင်ကာ လိပ်ပြာလေးကို ပြသည်။

"မလှဘူးလား အယ်လန်...ကြည့်ပါဦး။"

ကွေးညွှတ်နေသည့် Kimမျက်လုံးများအားကြည့်ကာ အယ်လန်သည် ချက်ချင်းစကားမပြန်နိုင်။

လိပ်ပြာလေး မလှဘူးလားအယ်လန်...
စတော်ဘယ်ရီလေး မလှဘူးလားအယ်လန်...
နှင်းဆီပန်းလေးမလှဘူးလား...နေကြာတွေမလှဘူးလားနှင့် လှတဲ့အရာလေးတွေများမြင်ရင် သူ့ကို အရင်ဆုံး ပြသတတ်သည့် ထိုအကျင့်လေး...။ တစ်ခါတလေ သူ့ကို ရေအိုင်ထဲ ငုံ့ကြည့်ခိုင်း၍ပင် ' အယ်လန်က မလှဘူးလား...' ဟု တဖွဖွမေးတတ်ပြန်သေးသည်။

"အယ်လန်..." [Completed]Donde viven las historias. Descúbrelo ahora