ဒီနှစ်ရဲ့ နွရောသီဟာ အတော်လေးကို ပူပြင်းသည်။
နေပြင်းပြင်းရဲ့ ဒဏ်ကို မခံနိုင်ရှာတော့သည့် ရော်ရွက်ဝါတို့ဟာလည်း မြေသို့ခလို့။
အရိုးပြိုင်ပြိုင်းသစ်ပင်ကြီးဟာ နွရောသီကို ပိုခြောက်သွေ့စေလေရဲ့။"ဒီနေ့ရဲ့ ပျမ်းမျှ အပူချိန်ကတော့ အရင်နေ့တွေကထပ်ကို ပိုမိုမြင့်မားနေပါတယ်။
လူကြီးမင်းတို့အနေနဲ့ အပြင်ထွက်မယ်ဆို....."ရေဒီယိုကတစ်ဆင့်ထုတ်လွှင့်နေသည့် မိုးလေဝသ အစီအစဉ်ကို နားစွင့်နေရင်း ဓါးထက်ထက်ဖြင့် ဖရဲသီးကို နှစ်ခြမ်းပိုင်းလိုက်တော့ နီရဲရဲ အသားတွေဟာ လက်ဆက်စွာ။
တုံ့ဆိုင်းမနေပဲ ဇွန်းဝိုင်းဖြင့်ထိုးကော်စားလိုက်တော့ ရင်ထဲထိ အေးမြသွားရသည်။
အစိုဓါတ်ကြောင့် နီစွေးနေတဲ့ နှုတ်ခမ်းသားဖူးဖူးဟာ စိုလဲ့လဲ့။
မေးစိထိ စီးကျလားတဲ့ ချိုမြမြအရည်တွေကို လက်ခုံဖြင့်သာ ဖိသုတ်လိုက်သည်။
ဖရဲသီးတစ်ခြမ်းကိုင်ကာ ဧည့်ခန်းထဲသို့ ပြန်လာပြီး ကြမ်းခင်းပေါ်သာ ခြေပစ်လက်ပစ်လှဲချရင်း ပန်ကာလေတဟူးဟူးကို မျက်လုံးလေးစဉ်းကာ ခံနေမိသည်။
အိုက်စပ်စပ်ရာသီဥတုကြီးက သူ့အင်အားတွေအကုန်စုတ်ယုနေတာမလို့ ဆောင်းဟွန်းမှာ လက်လေးခြေလေးတွေတောင်မလုပ်ချင်။
သို့တိုင်အောင် နားထဲသို့ ဝင်ရောက်လာသည့်
စက်ဘီးသံ တဂျောက်ဂျောက်က ဆောင်းဟွန်း၏ လက်ကျန် အင်အားလေးကို ခိုးယူလိုက်တော့သည်။
ပစ်စလက်ခက်လှဲနေရာမှာ ကုန်းရုန်းထလို့ စက်ဘီးသံလာရာ ပြတင်းဘက်အောက်ဘက် ခေါင်းပြူကြည့်မိတော့ ပါးချိုင့်လေးမှာ ထင်းခနဲ။"ဂျယ်ယွန်း"
နွရောသီမှာ စိတ်ကြည်စေတဲ့ လေပြေညှင်းလို ထိုနာမလေး။
မော့ကြည့်လာသည့် အရယ်အပြုံးကင်းသည့် မျက်နှာ။
ဆောင်းဟွန်းအတွက်တော့ ဂျယ်ယွန်းကို ကြည့်နေရုံဖြင့်ပင် အေးချမ်းခြင်းကို ဆောင်ယူသည်။
စောကန စားခဲ့တဲ့ ဖရဲသီးစိတ်လေးတွေထပ်ကိုပင် ချိုမြလွန်းသည်။
YOU ARE READING
Heart Beating Pink but Breathing Blue
FanfictionWhen you fall in love with your childhood best friend!!