Champagne Kisses

876 79 38
                                    

"Lee Jeonghyeon.! ခင်ဗျားအလုပ်တွေ ခုဖြတ်မလား မဖြတ်ဘူးလား.?"

"RuiRui မရစ်နဲ့ကွာ.! ကိုယ်အလုပ်ရှုပ်နေပါတယ်ဆို"

'မရစ်နဲ့' တဲ့။ ပိတ်ရက်ကြီးမှာတောင် မနားမနေအလုပ်တွေလုပ်နေတာမို့ နားစေချင်တဲ့စိတ်နဲ့ပြောတာကို မရစ်နဲ့တဲ့။

ဒီလောက်တောင် ဒီအလုပ်တွေကိုချစ်နေပြီး မခွဲနိုင်မခွာနိုင်ဖြစ်နေရင်လဲ သူ့ဘက်ကဆက်ဂရုစိုက်စရာအကြောင်းမရှိတော့။

လှေကားရင်းမှာ ငြိမ်ငြိမ်လေးရပ်နေကြတဲ့ အလုပ်သမားအုပ်စုကိုကျော်ပြီး အပေါ်ထပ်ကအခန်းထဲရောက်ရောက်ချင်း အားသွင်းကြိုးတန်းလန်းဖုန်းကိုကောက်ကိုင်ကာ Call Logs ရဲ့ထိပ်ဆုံးမှာနေရာယူထားတဲ့ ဖုန်းနံပါတ်ကိုဆက်လိုက်တော့သည်။

"Hao Hyung.! ကျွန်တော့ကိုလာခေါ်တော့.!"

"လာပီ အင်္ကျီလဲပြီးစောင့်နေ ခုချက်ချင်းထွက်လာခဲ့မယ်"

လက်ထဲကဖုန်းကိုပစ်ပေါက်လိုက်ချင်ပင်မယ့် လွန်ခဲ့တဲ့နှစ်ရက်လောက်ကမှ ဝယ်ထားတဲ့အသစ်လေးဖြစ်နေတာမို့ ကုတင်ပေါ်ကိုသာပစ်ချလိုက်ရသည်။

အိမ်အောက်ထပ်ကအလုပ်သရဲမသိအောင် ခိုးဝယ်ထားတဲ့ အင်္ကျီအမဲလေးကို ‌Style Pants နဲ့တွဲဝတ်လိုက်ပြီး Eyeliner ကိုအရင်ကထက်ပိုပြီးထင်းအောင် Eyeshadow အညိုလေးပါထပ်လိုက်သေးသည်။

လက်စွပ်၊ နားကပ်ပိစိလေးတွေကို အပြည့်ဝတ်လိုက်ပြီး နောက်ဆုံးအနေနဲ့ Miss Dior ရေမွှေးကိုဆွတ်လိုက်တော့ လုံးဝ Perfect.!

သူ့ရဲ့ဒီလိုပုံစံကိုသာတွေ့ရင် အလုပ်သရဲအဘိုးကြီးဘယ်လိုနေမလဲကြည့်ကြသေးတာပေါ့။

"သခင်လေး.."

"အပြင်သွားတာကိုအဲ့အဘိုးကြီးကိုမပြောနဲ့နော် ကြားလား.? အဲ့လောက်အလုပ်များနေတာ အဲ့အလုပ်တွေနဲ့ပဲညားပစေ.!"

လည်ပင်းကျိုးမတတ် ခေါင်းငုံ့ထားကြတဲ့ အလုပ်သမားတွေကတော့ သူ့ကိုမော့ကြည့်လိုက်၊ ဧည့်ခန်းထဲမှာနားကြပ်တပ်ပြီး အလုပ်လုပ်နေတဲ့ သူတို့သူဌေးကိုကြည့်လိုက်နဲ့ လက်မခံချင်သလိုအင်တင်တင်။

"ဘာမှမပြောရင်လက်ခံတယ်လို့ပဲမှတ်လိုက်ပီ အိမ်ပြန်ရောက်လို့အဲ့ဘဲကြီးပွဲကြမ်းရင် ခင်ဗျားတို့အသေပဲ"

Champagne KissesWhere stories live. Discover now