part 28

107 1 0
                                    

နှစ်ရှည်လများ
ပစ်ထားခဲ့သူလေး​​​ပြန်လာပါပြီနော်
စာလုံးပေါင်းတွေလည်း ဆက်သည်းခံပြီးတော့
updated ကြာတာလည်း
အသားကျနေကြရောပေါ့
ကျွန့်တော့် wall ထဲ ဒီဝတ္ထုလေးအပြင်
အခြား နှစ်ပုဒ် လည်းတင်ထားပါတယ်
ဖတ်ပေးကြပါဦးနော်

မုန်းရဲ့ မျက်ဝန်းတွေက မှိတ်ထားသည့်တိုင်
အလင်းရောင်တွေ ထွန်းလင်းလာသည်ကို သိလိုက်သည်
ထိုအလင်းရောင်နှင့်အတူတူပဲ ခြေထောက်က နာကျင်မှုကလည်း
ပိုကာမိုကာ သိသာထင်ရှားစွာ နာကျင်လာသည်
နာကျင်မှုပဲမဟုတ်ဘဲ ကိုက်ခဲသော ဒဏ်အချို့ပါ ပါဝင်နေတာကြောင့်
မုန်းအံကြိတ်မရတော့သည်အဆုံး အနည်းငယ်
ညည်းညူမိလေသည်

ဤသို့သော ဒဏ်ရာတစ်ခုသည် ဆေးရုံဆေးခန်းတွေသွားသင့်မှန်း
မုန်းသိသော်ငြားလည်း မုန်းမသွားချင်ပေ
မဖြစ်နိုင်မှန်းသိပေမယ့်လည်း ဆရာဝန်တစ်ယောက်ဖြစ်သော
ချစ်ရသူ ထက်ဝလာပိုင်သည် မုန်းအား ဝတ်ကြေတမ်းကြေလောက်တော့
ဆေးလာထည့်ပေသည်ကို မ​ျှော်လင့်မိပြန်သည်
"တော်တော်လောဘကြီးတဲ့ တိရစ္ဆာန်ကောင်"
မုန်း ကိုယ့်ဘာသာ ကျိန်ဆဲရင်း ဆိုဖာခုံတန်းရှည်ပေါ်
်ပက်လက်အနေအထားနှင့် အိပ်နေရာက ဒဏ်ရာရှိသော
ခြေထောက်ကလေးကို ခုံတန်းပေါ် ခွသလိုတင်လိုက်ကာ
မဖွင့်ထားသော မျက်ဝန်းတွေကို ပိုမိုကာ မှိတ်ထားလိုက်သည်

လူတစ်ယောက်မှာအာရုံငါးပါးရှိရာ
မျက်လုံးလေးမှိတ်ထားသည့်တိုင် သူ့ရဲ့ကိုယ်သင်းနံ့လိုလို
မုန်းအနံ့ရလိုက်တာကြောင့် တက်မက်စွာရှူရှိုက်ပြီးကာမှ
မဖြစ်နိုင်ဘူးဆိုတာသိရက်နဲ့ ဆက်လက်မိုက်မဲရန် ဘုရားထံခွင့်တောင်းမိသည်

ထိုနောက်နားထဲဝင်ရောက်လာသော အသံအချို့ကိုလည်း
မုန်း လစ်လျူရှူ့လိုက်သည် ထက်ဝလာပိုင်နှင့် ပတ်သတ်၍ မုန်းသည်
အမြဲတမ်း ရူးကြောင်ကြောင် အတွေးတွေကိုမွေးထုပ်လေ့ရှိသည်
မုန်းကိုယ်တိုင်က ပတ်သတ်ခဲ့သော ယောကျာ်းများလည်းရှိခဲ့သလို
မုန်းအား သူတို့ကိုယ်တိုင်လာရောက် ပတ်သတ်ခဲ့သည်လည်းရှိခဲ့သည်
မုန်းဘဝဟာ အလွန်စက်ဆုပ်ဖွယ်ကောင်းသည်ကို
ကိုယ်တိုင်ဝန်ခံသော်လည်း အပြစ်မရှိသော နှလုံးသားကလေးကတော့
အစဥ်အမြဲ ဖြူစင်ခဲ့သည်.............
ထက်ဝလာပိုင်အားလည် ဖြူစင်သန့်ရှင်းစွာပဲချစ်မြတ်နို့ခဲ့သည်
နှလုံးသားလေးသည် မည်မျှဖြူစင်နူးညံ့နေပါစေ
ဘဝတစ်ခုလုံးသည် မဲညစ်ခက်ထန်လှသောကြောင့်
မုန်းအတွကိ အချစ်သည် ကျိန်စာသင့်နေသော ငရဲတစ်ခုလို

You've reached the end of published parts.

⏰ Last updated: Aug 15, 2023 ⏰

Add this story to your Library to get notified about new parts!

နူးညံ့စွာ ခက်ထန်ခြင်းWhere stories live. Discover now