P - 15 ( Zg + Uni) 💔💔💔

1.3K 57 2
                                    

💔💔💔 ဆုံမှတ်တစ်ခု အလို 💔💔💔
Part { 15  }

" မြေကွက်ကို မတော်မတန် ဈေးနဲ့
ဥက္ကဌ ဖြစ်တဲ့ မင်းအဖေက ပေးဝယ်ခဲ့တယ်ဆို..
အဲ့တာဟုတ်လား မိန်းလင်းချယ်ရီ "

အေးအေးလူလူ ဖြစ်လောက်မယ့်
တစ်နေရာကို ခေါ်သွားပြီး ထိုင်လိုက်တာနဲ့
အန်တီစောမူ ဆီက ထွက်​ကျလာသော စကားက
မိန်း ရင်ကို ပို၍ လှုပ်ရှားသွားစေသည်။
အန်တီစောမူ နဲ့ အတူလိုက်လာတဲ့
ဒီမြဲမှော် ကို ကြည့်ပြီးလည်း မိန်း
တစ်ခုခု လုပ်ပစ်ချင်စိတ်တွေကို မနည်း
ထိန်းနေရသည်။ ဒါပေမဲ့ မိန်း ထိုသို့ လုပ်လို့မရ။
အခုချိန်မှာ သည်းခံခြင်းကသာ အောင်မြင်ခြင်း
ရဲ့ လာဘ်ကြီးတစ်ပါး။

မိန်းသာ ထိုသို့ လုပ်လိုက်မယ်ဆိုရင်လည်း
အန်တီစောမူ က မိန်းတို့နဲ့ ချုပ်ထားတဲ့
စာချုပ်ကို ပြန်ဖျက်ပစ်မှာက ကျိန်းသေပေါက်ပင်။

မိန်းရဲ့ အတွင်းရေးမှူးမလေး ထူးထူးပန်၊
ဒီမြဲမှော် ရဲ့ အတွင်းရေးမှူး ကောင်လေးပါ
ရှိနေတော့ မိန်း ထိုသို့ ပို၍ လုပ်လို့တောင်
မဖြစ်သေးပါ။

" ဟုတ်ပါတယ် အန်တီစောမူ။  မိန်း ဒယ်ဒီ က
မြေကွက်ကို မတန်မဆဈေးပေးပြီး ဝယ်ခဲ့ပါတယ်။
ဒါပေမဲ့ အဲ့ဒီလိုနောက်မှာ အကျိုးအကြောင်း
တွေ အများကြီး ရှိ​နေပါတယ်။ ဒီမြေကွက်က
ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာမှာ
ရှိနေတော့ မိန်းတို့သာ စက်ရုံဆောက်ပြီး
တစ်ခုခုထုတ်လုပ်​မယ်ဆိုရင် မိန်းတို့ ပြန်ရမယ့်
အကျိုးအမြတ်က ဒီထက် ထောင်သောင်းမကတဲ့
ငွေတွေပါ အန်တီစောမူ။ အဲ့ဒီအတွက်
မိန်းတို့ရဲ့ ဒီမြေကွက်မှာ အန်တီစောမူ ပူးပေါင်း
ပါဝင်​​ပေးသင့်​တယ်​လို့ မိန်း ​ထင်​မြင်​မိတယ်။
အဲ့တာဆို အဲ့ဒီကရတဲ့ ငွေတွေရဲ့ အမြတ်ငွေတွေ
ကိုလည်း အန်တီစောမူ ပိုင်ဆိုင်နိုင်​ပါတယ်။ "

"  ပြောသွားတာတော့ ကောင်းပါတယ် မိန်းလင်းချယ်ရီ..
ဒါပေမဲ့ ငါ့ နာမည်ကို အသုံးချပြီး မင်း
company က ရှယ်ယာရှင်တွေကို ငါက
မင်းတို့ မြေကွက်မှာ ရှယ်ယာဝင်ထားတယ်ဆိုပြီး
လိမ်ထားတာလေးကိုလည်း ရှင်းပြပေးပါအုံး..."

 💔💔 ဆုံမှတ်တစ်ခု အလို  💔💔 ( ဒီမြဲမှော် + မိန်းလင်းချယ်ရီ) Where stories live. Discover now