heartbeats little bit louder

304 55 4
                                    

အီဟီဆွန်း၏ တပည့် ချစ်ရသူ ကင်မ်ဆောနူသည် ဆေးမချယ်ရသေးသော အဖြူရောင်ကင်းဗတ်စနဲ့တူသည်။

ထိုအဖြူထည်ကို ဆေးဆိုးလိုက်သူသည် ကျွန်တော် အမှန်တကယ်မဖြစ်ချင်ပါ။ ဆေးရောင်စုံတို့ မည်မျှပင်လှသည်ဖြစ်စေ အဖြူရောင်ကို မမီသောကြောင့်။

သို့သော် စိတ်မနိုင်သူကျွန်တော်ကား ထိုနှင်းလုံး‌လေး၏ ပါးပြင်ထက်တွင် နှုတ်ခမ်းကပ်မိခဲ့၏။ မာရသွန်ပြေးပွဲဝင်သူလို ကျွန်တော့်နှလုံးသား မောဟိုက်လှပါသည်။

သက်ပြင်းတို့ အခါခါချရင်း စားပွဲပေါ်က တွေ့ကရာ စာအုပ်တွေကို လှန်ကြည့်နေမိသော်လည်း စိတ်မပါလှပါ။

ဘယ်တော့မှ ဖွင့်ဟခွင့်ရမည်မဟုတ်သော ချစ်ခြင်းတရားတို့သည် တိုးတိုးတိတ်တိတ်သေဆုံးမြဲ။

အိပ်မောကျနေသော ချစ်ရသူသည် ဟီဆွန်း၏ချစ်မေတ္တာထုထည်ကို နှိုင်းဆ သိရှိနိုင်မည် မဟုတ်သလိုမျိုး။

ကင်မ်ဆောနူသည် အခန်းကို ရှုပ်ပွနေအောင် ထားတတ်ပြီး အတွေးရှင်းတဲ့သူမျိုး။ အကြင်သူ့စိတ်သည် ဗီဒီယိုဂိမ်းများနှင့် အစားအသောက်တွင်သာ အာရုံထားတတ်သည်။

တစ်ခါတစ်ခါ အလုပ်ရှုပ်တဲ့ပင်ဂွင်းတစ်ကောင်လို တကုပ်ကုပ်နှင့် တိုးတိတ်နေတတ်ပြန်သည်။ ထိုအခါများသည်လည်း ကလေးစိတ်ဖြင့် လဲဂိုနှင့် ကောမစ်ဝယ်ရန် ဘယ်လို ပိုက်ဆံဘတ်မလဲ ကြံဆနေချိန်ဖြစ်၏။

ယခုခေတ် ဆယ်ကျော်သက်တို့ ဘယ်အခြေအနေရှိလဲ ဟီဆွန်းမသိပေမဲ့ ကင်မ်ဆောနူက ထိုမျှ ရိုးစင်းလှသည်။ ဗြောင်ဆန်လှသည်။

ကလေးစိတ်ကို မြတ်နိုးမိသူ ကျွန်တော် အီဟီဆွန်းသည်ကား မျက်ကန်းတစ်ယောက်ကို ကမ္ဘာတစ်ပတ်လမ်းလျှောက်ခိုင်းသလို ဒုက္ခများတော့သည်။

ကိန်းဂဏန်းတို့ မတတ်နိုင်တော့သော ဟီဆွန်း၏ သက်ပြင်းတစ်ချက်တွင် အိပ်ယာ‌ပေါ်က ကင်မ်ဆောနူသည် ခြေဆန့်လက်ဆန့်ဖြင့် လွင့်လူးလာသည်။

"မေမေရယ် သုံးမိနစ်.."

တဝိုးတဝါးအသံနှင့် မြောက်တတ်လာတာက လက်ငါးချောင်း။

𝐌𝐲 𝐋𝐨𝐯𝐞𝐥𝐲 𝐋𝐨𝐯𝐞𝐫 [ 𝐇𝐞𝐞𝐒𝐮𝐧 ] Where stories live. Discover now