part 7

84 5 0
                                    


ဆေးရုံဝန်းထဲ အမောတဇော ပြေးဝင်လာသူက Bright ပင်။

"ဆရာမ ဒီဆေးရုံမှာ  တက်နေတဲ့ Winmetawin ဆိုတဲ့ လူနာ ဘယ်အခန်းမှာလဲဗျ"

ကောင်တာက သူနာပြု ဆရာမလေးက

"ကိုယ်ဝန်ပျက်ကျသွားတဲ့ တစ်ယောက်၊ ဟုတ်တယ်မဟုတ်လား၊ အခန်း 105 မှာပါရှင့်"

"ဗျာ" ဆရာမ တခုခုတော့လွဲနေပြီ ၊ သူက သူကယောက်ျားလေးတစ်ယောက်ပါ ကိုယ်ဝန်ကဘယ်လို...

ဪ ဒါကဒီလိုပါ၊ သူက မွေးရာပါ သားအိမ်ပါလာတဲ့အတွက်ကြောင့် ယောက်ျားလေးတစ်‌ယောက်‌ပေမယ့်ကိုယ်ဝန်ဆောင်နိုင်ခဲ့ပါတယ် ဒါကလည်း တစ်ရာမှာတစ်ယောက်ဖစ်ခဲတဲ့အရာပေါ့ရှင်။

သူနာပြု ဆရာမလေးရဲ့ စကားက သူ့ရင်ထဲကို အရှိန်ပြင်းစွာ မုန်တိုင်းကြမ်းဝင်ရောက်တိုက်ခက်လိုက်သလိုပင်။ သူ ခြေလှမ်းတွေက မပြေးရုံတမယ်ပင်။

"ဒေါ်ကြီးအိုင်"

"ဟင် သခင်လေး"

ဒေါ်ကြီးအိုင် သခင်လေးကို တွေ့လိုက်ရသဖြင့် ဝမ်းသာအားရ ခေါ်မိသော်လည်း ထိုဝမ်းသာမှုက ခဏပင်။

"သား‌လေး"

"ကျွန်တော် သိပြီးပြီ"

ခုံးတန်းပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး 

"ကျွန်တော်အပြစ်တွေပါ၊ ကျွန်တော်က တကယ်မကောင်းတဲ့ကောင်ပါ"

မျက်နှာကို လက်ဖြင့် ခပ်ကြမ်းကြမ်းပွတ်တိုက်လိုက်မိသည့် အထိပင်။ ရင်သွေးတဲ့ အမှန်တကယ် ဆုံးရှုံးသွားရလေပြီ။ ကိုယ့်အပြစ်နှင့် ကိုယ့်မို့  Winကို ရင်ဆိုင်ရန် သတ္တိတွေ အတော်မွေးရလေသည်။

သူ အခန်းထဲ ဝင်သွားတော့ Winက သူကို မျက်နှာလွှဲသွားလေသည်။

"Win"

သူ့ ခေါ်သံကို Win ဂရုမပြုလေဘဲ

"ကျွန်‌တော်တို့ ကွာရှင်းကြမယ်"

Bright သူနှင့် မျက်နှာချင်းတွင် ဝင်ထိုင်လိုက်ပြီး

"သေချာစဉ်းစားပါဦး Winရယ်၊ ကိုယ်တောင်းပန်ပါတယ်၊ကိုယ့် မှားခဲ့ပါတယ်၊ တောင်းလည်းတောင်းပန်ပါတယ်၊ ကိုယ်မင်းနဲ့ကွာရှင်းဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး Winရယ် ကိုယ်တောင်းပန်ပါတယ်ကွာ"

???? အမုန်းနှောင်ကြိုး ????Where stories live. Discover now