ဒီနေ့ လမ်းလျှောက်ထွက်ဖြစ်ခဲ့သည်
အိမ်ကအထွက် လမ်းဘေးမှာ အလေ့ကျပေါက်နေတဲ့ နေကြာရိုင်းပွင့်လေးကလှမ်းနှုတ်ဆက်လေသည်"နိုင်းရေ အပြင်သွားမလို့လား"
"မွန်းကြပ်မှုတွေကို ဖြေလျော့ရမလားလို့လေ"
အဖြေကိုကြားတော့နေကြာရိုင်းလေးက အထွေအထူးမပြောပါပဲ ပြုံးပြီးခေါင်းညိတ်ပြသည်
ကိုယ်လဲ အပြုံးလေးနဲ့ ပြန်နှုတ်ဆက်ပြီး ထွက်လာခဲ့လိုက်တော့သည်အတော်ကြာလမ်းလျှောက်ပြီးချိန်မှာတော့ ပင်ယံထက်မှာ လှပတင့်တယ်စွာ ပွင့်လန်းနေတဲ့ နှင်းဆီပန်းလေးကို တွေ့လိုက်ရသည်
"ဟူး......ငါ့ကို ဘယ်သူမှလဲမလိုချင်ကြဘူး"
ခပ်လေးလေးသက်ပြင်းချသံနဲ့အတူ ထွက်ပေါ်လာတဲ့ စကားသံကြောင့် ရပ်ပြီးမေးလိုက်မိသည်
"နင်က ဒီလောက်လှတာကို ဘာတွေစိတ်ညစ်နေတာတုန်း နှင်းဆီပန်းလေးရဲ့"
"လှပေမဲ့လဲ ပန်မဲ့သူမရှိရင် အလကားပါပဲဟာ
ဟိုရှေ့ကိုတစ်ချက်ကြည့်လိုက် စံပယ်ပန်းတွေတွေ့လား ငါ့လောက်မတောက်ပပေမဲ့ ပန်ချင်သူတွေတအားများတယ်"နှင်းဆီပန်း လေးရဲ့စကားကြောင့် ခူးယူခံနေရတဲ့ စံပယ်ခင်းကြီးကို တစ်ချက်အကြည့်ပို့လိုက်မိသည်
ပန်ချင်သူများလို့ ခူးယူခံနေရတဲ့ စံပယ်ပန်းလေးတွေကရော တကယ်ပဲပျော်ရွှင်နေပါ့မလား"ရေစက်ရှိရင် ရှောင်လွဲရင်တောင် ဆုံတတ်ကြစမြဲပဲ ထိုက်တန်တဲ့သူဆိုတာ တစ်နေ့တော့ရောက်လာမှာပါ "
ပြောခဲ့မိတဲ့စကားလေးဟာ နှင်းဆီပန်းလေးအတွက် အားဖြစ်စေဖို့မျှော်လင့်လျက်ရှေ့ဆက်လာခဲ့လိုက်သည်
လမ်းအကွေ့တစ်နေရာကိုရောက်လျှင်ပဲ
ခူးယူခံထားရတဲ့ စံပယ်ပွင့်လေးနဲ့ ဆုံလိုက်ချိန်တွင်
ပန်းသည်ကြီးရဲ့ လက်ထဲကနေ အဝေးကိုကြည့်ကာ ညည်းညူ နေတဲ့ စံပယ်ပန်းလေးရဲ့အသံကိုကြားမိလိုက်သည်"ငါသာ အလေ့ကျပေါက်တဲ့ နေကြာရိုင်းပင်လေးဖြစ်ရင် ဘယ်လောက်လွတ်လပ်လိုက်မလဲ"
စံပယ်ပန်းလေးရဲ့ ညည်းညူသံကြောင့်
စိတ်ထဲ သိလိုစိတ်များပြင်းထန်လာကာ ရှေ့ဆက်မဲ့ခြေလှမ်းကိုရုတ်၍ အိမ်ကိုပြန်လာခဲ့မိသည်"ပြန်လာပြီပေါ့ နိုင်း"
"တစ်စုံတစ်ယောက်ကိုအားကျဘူးလား"
နေကြာရိုင်းလေးရဲ့ အမေးနဲ့ ပြိုင်တူမေးခွန်းတစ်ခုထုတ်လိုက်မိသည်
"အဟင်း......အားမကျဖူးဘူးလို့ပြောရင် ညာတာပေါ့ နိုင်းရယ်"
"တစ်စုံတစ်ယောက်ကို အားကျရတာ ပူလောင်တယ်လေ မဟုတ်ဘူးလား"
"အင်း....စစချင်းတော့ နိုင်းပြောသလိုပဲ ပူလောင်တာပေါ့လေ ကိုယ့်ကိုကိုယ် မချစ်တတ်ခင်ပေါ့"
နေကြာရိုင်းလေးရဲ့အဖြေဟာ ဖြေရှင်းချက်ထပ်မလိုလောက်အောင် ပြည်စုံနေသလို
ရိုးရှင်းလှတဲ့ထိုအတွေးလေးဟာ သိပ်တန်ဖိုးရှိလွန်းတယ်မလား#ဂျူဝါနိုင်း📝🌈
The end