Part 1

906 23 1
                                    

                နဒီရွှန်းလဲ့မောင်ဆိုတဲ့မိန်းကလေးကသိပ်ကိုချစ်စရာကောင်းတယ်။
သူကယောက်င်္ကျားလေးတွေကိုရင်မခုန်ဘူး။
သူရင်ခုန်ခဲ့တဲ့သူက"ဒေါ်လဲ့၀င်းမာ"တဲ့......
(မှတ်ထားကြသူ့နာမည်ကဒေါ်လဲ့၀င်းမာတဲ့)
      တစ်ရက်
    

    "သမီးနဒီရေ"

"ရှင်အမေ"

"မနက်ဖြန်အမေတို့ကျောင်းမှာစျေးရောင်းပွဲရှိတယ်
သမီးလိုက်မလား"

"အမေရယ်လူတွေရှုပ်နေတာနဲ့အမေ့သမီးချောလေးကိုဂရုစိုက်နိုင်မှာလဲမဟုတ်ဘဲ🤓"

"ကဲညည်း က လိုက်မှာလားမလိုက်တာလား"

"လိုက်မှာမုန့်စားရရင်ပြီးရော😗"
(နဒီရွှန်းလဲ့မောင်ကအစားပုတ်လေးပါကွယ်)

"အေးဒီညစောစောအိပ်မနက်ကြစောစောထရမှာ"

"ဟုတ်ကဲ့ပါမေမေ"

ဒီလိုနဲ့စျေးရောင်းပွဲနေ့ရောက်ခဲ့တယ်
နဒီ့အမေရဲ့ကားပေါ်ကိုတက်လာတဲ့အဲ့အမျိုးသမီးသိပ်လှတယ်တည်ငြိမ်တဲ့အလှလေးနဲ့ကိုလှနေတယ်။

"မေမေသူကဘယ်သူလဲအမေတို့ကျောင်ကပဲလား"

"ဟုတ်တယ်သမီးအမေတို့ကျောင်းကပဲ    ၀င်းမာရေဒါကငါ့တစ်ဦးတည်းသောသမီးနဒီရွှန်းလဲ့မောင်တဲ့"

"နာမည်လေးကလှလိုက်တာ"

"ဟောလူကောမလှဘူးလားအန်တီ"

"လှပါ့ရှင်စကားတက်လိုက်တာ"

"လှတာအမေတူလို့စကားတက်တာလဲအမေတူလို့"

"တော်တော်ကိုချစ်စရာကောင်းတဲ့သမီးလေးရထားတဲ့အမကံကောင်းလိုက်တာ"

"ဟုတ်ပါ့၀င်းမာရေ"

"အော်ဒါနဲ့အန်တီ့နာမည်ကဒေါ်၀င်းမာလား"

"မဟုတ်ဘူးသမီးရဲ့အန်တီ့နာမည်က
ဒေါ်လဲ့၀င်းမာ"

"အန်တီ့နာမည်လဲလှသားပဲလူရောနာမည်ရော Perfect"

"ကျေးဇူးပါရှင်"

ဒီလိုနဲ့စကားပြောရင်သူ့အမေစာသင်တဲ့ကျောင်းကိုရောက်သွားတယ်
ကျောင်းရောက်တော့အမေကအလုပ်ရှုပ်နေတာနဲ့အန်တီ၀င်းမာကဘဲသူ့အနားမှာနေပေးတယ်။

"သမီးဗိုက်ဆာနေပြီလား။ဘာစားချင်လဲ"

"ဟုတ်ဟို....မုန်းဟင်းခါးစားမယ်လေမနက်စာဆိုတော့နော့"

"ကောင်းပါပြီသွားစားမယ်လာ"

(အဲ့လိုနဲ့နဒီတစ်ယောက်ဒေါ်လဲ့၀င်းမာကိုစကြွေနေပြီ)

စားပြီးတော့ရှောက်ကြည့်ရင်း

"သမီးဟိုမှာဖိနပ်ရောင်းနေတယ်သွားကြည့်မယ်လာ"
(လက်ကိုတွဲထားရင်းလမ်းရှောက်ရတာကိုနဒီလေးရင်တွေခုန်)

"သမီးကိုအန်တီဖိနပ်၀ယ်ပေးမယ်လေ"

"ဟောရပါတယ်"

"မရပါဘူး၀ယ်ပေးမယ်"

"ဟုတ်ပါပီ"

(ဖိနပ်ဆင်တူ၀ယ်လိုက်တယ်။၀ယ်ပြီးလမ်းဆက်ရှောက်ရင်း)

"သမီး၀က်အူချောင်းစားမလား။အဲ့ဆိုင်ကစားကောင်းတယ်ပြောကြတယ်။"

"အန်တီရောစားမှာလား"

"ဟင့်အင်းအန်တီက၀က်သားမစားဘူး"

"အော်ဟုတ်သမီးလဲ၀က်သားမကြိုက်ဘူး"

(နဒီ့စိတ်ထဲမှာမှတ်ထားလိုက်ပြီလေ)

(ကဲကဲအိမ်ပြန်ပါပြီ)

နောက်တစ်ပိုင်း....

        

တက္ကသိုလ်မှရင်ခုန်သံ(Complete) Where stories live. Discover now