1 | ⏳

193 31 5
                                    

전생과 현생이 연결되어 있다는 뜻이라면 ,
당신은 믿을 있습니까 ... !

အတိတ်ဘဝနဲ့လက်ရှိဘဝဟာ ဆက်စပ်မှုရှိခဲ့တယ်လို့ ဆိုလိုခဲ့ရင် မင်းယုံနိုင်မလား ...

•••

တိတ်ဆိတ်နေသည့် စာသင်ခန်းတစ်ခုအတွင်း အမျိုးသမီးတစ်ဦးသာလျှင် ရှိနေခဲ့သည် ။ လေနုအေးအေးသာလျှင် ဖြတ်သန်းသွားသည့် မနက်အစောပိုင်းအချိန်တွင် ထိုအမျိုးသမီး၏ လက်ထဲ၌ အနည်းငယ်မျှ ကြီးသော နှင်းဆီပွင့်ကြီးတစ်ပွင့်သည်လည်း ရှိနေခဲ့ပါ၏ ။ ထိုနှင်းဆီပွင့်အား တစ်ချက်မျှ နမ်းရှိုက်ပြီးနောက် ထိုင်ခုံတစ်ခုံ၏ရှေ့၌ ချထားခဲ့ပြီးနောက်မှာတော့ ထိုအမျိုးသမီးသည် တစ်ချက်မျှပြုံးလျက် ထိုစာသင်ခန်းအတွင်းမှ ထွက်ခွါသွားခဲ့ပါတော့သည် ။ ယင်းသည်ကား နေ့တိုင်းပင် ပြုလုပ်လျက်ရှိသော ထိုအမျိုးသမီး၏ အပြုအမူတစ်ခုပင်တည်း ။

တစ်အောင့်အကြာတွင်တော့ ထိုစာသင်ခန်းအတွင်းသို့ တစ်စနှင့်တစ်စ ကျောင်းသားများဝင်ရောက်လာပြီးနောက်တွင်တော့ နှင်းဆီပန်းထားရှိထားသော ထိုင်ခုံ၌လည်း ထိုထိုင်ခုံ၏ပိုင်ရှင်သည် ရောက်နှင့်နေခဲ့ပြီ ဖြစ်၏ ။

နှင်းဆီပန်းအားကိုင်ကြည့်လျက် ပြုံးလိုက်သော ထိုင်ခုံပိုင်ရှင်၏ အပြုံးသည်တော့ အပြင်ဘက်တွင်စောင့်ကြည့်နေသော အမျိုးသမီး၏ အပြုံးနှင့် ထပ်တူကျလျက် ။

တဖြည်းဖြည်းနှင့်ဝေဝါးလာသော မြင်ကွင်းများနှင့်အတူ ဆက်တိုက်အော်ပြောလာသော အသံခပ်လှလှတစ်ခု ။

"ဂျယ်ယွန်း ... ရှင် ကျွန်မအနောက် လိုက်ခဲ့မယ်မလား ။"

"ဂျယ်ယွန်း ... ။"

"ရှင်းမ်ဂျယ်ယွန်း ... ။"

•••

အချိန်အားဖြင့် မနက် :၄၅

•••

ကြောက်ချွေးများပျံနေကာ အမောတကောနှင့် အိပ်ရာမှ နိုးထလာမှသာလျှင် အိပ်မက်ဟုဖြေသာနိုင်သော ဂျယ်ယွန်းမှာတော့ ကြောက်စိတ်အားလျှော့ချလိုက်ခြင်းဖြင့် ထိုအိပ်မက်အား မေ့ဖျောက်ရန်ကြိုးစားလိုက်၏ ။

ထိုအိပ်မက်အား ဂျယ်ယွန်းမက်ခဲ့သည်မှာ ထိုအဖြစ်အပျက်များအား ဖြစ်ပျက်အောင်လုပ်ဆောင်ခဲ့သူ အမျိုးသမီးသေဆုံးသွားသည့်အချိန်မှ စ၍ ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး ထိုအမျိုးသမီးသည်လည်း သူ၏အချစ်ဦးပင် ဖြစ်ခဲ့သည် ။

"ရှင်းဟာ ... မင်းအခုလောက်ဆို လွတ်လပ်နေလောက်ပြီပေါ့ ။"

ဆက်၍မအိပ်ပျော်နိုင်တော့သည့် ဂျယ်ယွန်းသည်တော့ မျက်မှန်အားကောက်တပ်လျက် ကုတင်ဘေးရှိ စားပွဲခုံအသေးလေးပေါ်မှ Laptop အား ကိုင်လိုက်ကာဖြင့် လုပ်လက်စအလုပ်အား ဆက်၍သာ လုပ်ကိုင်နေလိုက်တော့သည် ။

: တိုးဝေ့ပျံ့၍ :

နွေရာသီ၏ အခြေအနေနှင့်အတူ ၊ ပူလောင်နေမှုနှင့် အသည်းကွဲခြင်းသည် တစ်ထပ်တည်းကျနေလျက် ။

"ယောက်ျားတစ်ယောက်အဖြစ် ပြန်လည်မွေးဖွားလာခြင်းက ... မင်းကို ပြန်လိုက်ဖို့ပဲတဲ့ ။"

ထိုစကားအား အေးဆေးစွာဖြင့်ဆိုလာသူမှာတော့ ဝီစကီတစ်ခွက်အပေါ် ယစ်မူးနေသည့် မျက်နှာထားမျိုးနှင့်ဖြစ်သည် ။

"နီရှီမူရာရီခီ ... ။"

: တိုးဝေ့ပျံ့၍ :

A/N : ပထမဆုံးအပိုင်းမို့ အများကြီးတိုလိုက်ပါမယ် ၊ ဟဲဟဲ ။ ကျနော်လည်း Yunki လေးကို ဒီတစ်လောဓာတ်ကျမိနေတာမို့ Update ကတော့ မကြာလောက်ဘူးထင်ပါတယ်ရယ် ။ ကျနော်ပြောခဲ့သလိုပဲ ၊ စိတ်တိုင်းမကျလာရင်တော့ တကယ်ပြန်ဖျက်မှာပါ ။ ^^

သာယာသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ ။
၁၉.၈.၂၀၂၃

Dostali jste se na konec publikovaných kapitol.

⏰ Poslední aktualizace: Aug 19, 2023 ⏰

Přidej si tento příběh do své knihovny, abys byl/a informován/a o nových kapitolách!

တိုးဝေ့ပျံ့၍ | yunki Kde žijí příběhy. Začni objevovat