part (11)

73 2 0
                                    

အချစ်ဦး (bl)
part (11)
-----------------unicode/zawgyi

လ္ဘက်ရည်ဆိုင်ထဲကနေ သူ့ကို ခေါ်ထုတ်လာပြီး စကားတစ်ခွန်းမှမပြောဘဲ  အလောတကြီး နင်းနေသည့် ညီစေ စက်ဘီးဘေးမှာ သူ့စက်ဘီးကိုယှဉ်နင်းလိုက်ကာ

"ဘာဖြစ်နေတာလဲ မင်း"

နားမလည်နိုင်စွာ ထူးဝေမေးလိုက်တော့

"လမ်းပေါ်မှာ မပြောချင်ဘူး ကျွန်တော့်နောက်ကို လိုက်ခဲ့"

မျက်နှာခပ်တင်းတင်းနဲ့ ပြန်ပြောလာသော ညီစေကြောင့် ထူးဝေ သိချင်စိတ်ပိုပြင်းထန်လာပြီး

"ဘာအကြောင်းလဲဆိုတာတော့ ပြောမှပေါ့"

လေပြေလေးနဲ့ ပြောလိုက်ပေမယ့်

"နောက်ကလိုက်ခဲ့လို့ပြောနေတယ် မဟုတ်လား"

မျက်လုံးတွေရဲတက်လာကာ ပြန်အော်လိုက်တဲ့ ညီစေပုံစံကို ထူးဝေ လန့်သွားရပြီး

"အေးပါ... လိုက်ခဲ့မယ်"

ဘာတစ်ခွန်းမှ ထပ်မမေးရဲတော့ဘဲ ညီစေ ခေါ်ရာကိုသာ လိုက်လာခဲ့ရတော့သည်

-----------------------

"မင်းတို့ခြံက တော်တော်ကျယ်တာပဲ ပန်းတွေလည်း အများကြီးပါလား မင်းအမေ စိုက်ထားတာလား"

ညီစေ က သူ့အိမ်ကို ထူးဝေအားခေါ်လာခဲ့ခြင်းဖြစ်ပြီး
ညီစေအိမ်ကို တစ်ခါမှမရောက်ဖူးခဲ့သည့် ထူးဝေမှာ တအံ့တသြဖြစ်နေရသည်

ရပ်ကွက်ရဲ့ ထောင့်ဆုံးမှာရှိနေသည့် ခြံကျယ်ကြီးက ဧကဝက်လောက်ပင် ရှိမလားမပြောတတ်
ခြံဘေးပတ်လည်မှာ သစ်ပင်ကြီးတွေအုံ့ဆိုင်းနေပြီး
သစ်သားနှစ်ထပ်အိမ်ကြီးရဲ့ ရှေ့မှာတော့ ပန်းပေါင်းစုံစိုက်ပျိုးထားသည်က ဥယျာဉ်တစ်ခုအလားထင်ရသည်
မြင့်မားသောခြံစည်းရိုး အုတ်တံတိုင်းနဲ့ စိမ်းညှို့ထူပိတ်နေသည့် နွယ်ပင်တွေကြောင့် အိမ်ခြံဝန်းထဲကို အပြင်ကလှမ်းမြင်ရဖို့ဆိုတာ မဖြစ်နိုင်သည့်အနေအထား
ပေ60ပတ်လည် ခြံဝန်းတွေသာရှိသည့် ရပ်ကွက်မှာ ဒီလိုခြံဝန်းကျယ်နဲ့ ဆင်ဝင်အိမ်မှာ နေသည့် ညီစေ တို့မိသားစုဟာ သာမန်မိသားစု တစ်စုတော့ မဖြစ်နိုင်ဘူးဆိုတာ ထူးဝေ တွက်ဆလိုက်မိပြီး
ညီစေရဲ့အပြုအမူ အကျင့်စရိုက်က  သူနေထိုင်ရာအိမ်နဲ့ စပ်ဟပ်၍မရအောင် ကွာခြားလွန်းတာကြောင့် အံ့သြမိသည်ကတော့ အမှန်ပင်

အချစ်ဦး (bl) completedWhere stories live. Discover now