part1

1.3K 40 2
                                    

Promise 💝         (Part...1)

"-ရိပေါ်..သားမနက်စာ..စားသွားအုန်းလေ..."

လီရှန်းတစ်ယောက် ကျောင်းဝတ်စုံနဲ့ အပြင်ပြေးထွက်သွားတဲ့ သားဖြစ်သူ ဝမ်ရိပေါ်ကို လှမ်းအော်ရသည်

"မား...မစားတော့ဘူး..ကျွန်တော် ရှောင်းကျန့် နဲ့အတူစားမလို့..."

ရိပေါ်ရှောင်းကျန့် ဆီသွားရန်အလျင်လိုနေကာ မားကို အမြန်အော်ပြီး ရှောင်းကျန့် တို့ အိမ်ဆီ အပြေးလာခဲ့တော့သည်

"အန်တီဟွား...အန်တီဟွား..."

"ဟယ်..ရိပေါ်"

"အန်တီဟွား...ရှောင်းကျန့် ရော..."

-"သူ့အခန်းထဲမှာ ရှိတယ် သွားကြည့်လိုက်နော်"

"ဟုတ်ကဲ့"

ရိပေါ် အိမ်ပေါ် ထပ်ကို တက်ကာ ရှောင်းကျန့် အခန်းထဲကို ဝင်သွားတော့သည်
​အခန်းထဲ ရောက်တော့ ရှောင်းကျန့် ဟာ အဝတ်စားလဲနေတုန်းရှိသေးသည် ကြယ်သီးတတ်နေတဲ့ ရှောင်းကျန့်မှန်ထဲကနေ ရိပေါ်လာကို မြင်သည်

"ရှောင်းကျန့်.. ပြီးပြီလား"

ရိပေါ် ရှောင်းကျန့် နောက်ကနေ ​ပုခုံးပေါ်ကို မေးတင်၍ မေးလိုက်သည် ရိပေါ်ဟာ ရှောင်းကျန့် ကို ဆို အရမ်းကပ်လွန်းသည် ရှောင်းကျန့် ကလည်း နေသားကျနေပြီမို့ ဘာမှမပြောပါ

"အင်း...မင်းမနက်စာ စားပြီးပြီလား"..

"မင်းနဲ့အတူစားမလို့လေ"

"ကိုယ့်အိမ်မှာ ကိုယ်မစားပဲနဲ့ မင်းက တကယ်အနှောင့်ယှက်ပဲ"

ရှောင်းကျန့် ပြောတော့ ရိပေါ်က ပြုံးလိုက်ကာ ရှောင်းကျန့် ​ပါးကို နမ်းလိုက်သည်

"အဲ့အနှောင့်ယှက်က... မင်း
ယောက်ကျားဖြစ်လာမဲ့သူနော်..."

"တော်စမ်းပါ...ရိ‌ပေါ် မင်းနော်"

ရှောင်းကျန့် ရိပေါ်ကို တွန်းကာ အခန်းပြင်ကို ထွက်လာပြီး မနက်စာစားရန် ထမင်းစားခန်းကို ဆင်းလာခဲ့တော့သည်
ရိပေါ်က နောက် တကောက်ကောက်

"ရှောင်းကျန့်.. မင်းပါးကအိနေရောပဲ"

"ဝမ်ရိပေါ်...မင်း မငယ်တော့ဘူးနော် ငါတို့နှစ်ယောက်လုံးအရွယ်ရောက်နေပြီ..ငါ့ကို ဘယ်ချိန်ထိနမ်းနေမှာလဲ"

Promise 💝(Complete)Where stories live. Discover now