Gojo Satoru နိုးလာသည်။သူပထမဆုံးတွေးမိသည့်အရာက သူနိုးလာသည့် အနေအထားဟာ ထူးဆန်းနေသည်။သူ့အခန်းထဲက ဇိမ်ခံထိုင်ခုံလေးပေါ်၌ သူခဏလောက် မှေးလိုက်သည်ကို အဘယ်ကြောင့် သူ့အိပ်ယာပေါ်ကနေ နိုးလာသ နည်း။သူခဏလောက် အခန်းကို ကြည့်နေလိုက်ပြီးနောက် တစ်ခုခုကို ရုတ်တရက် သတိရသွားလေသည်။မဖြစ်နိုင်တာ လို့ပြောရင်း သူ့ပါးကိုသူ တစ်ချက်လောက် ရိုက်လိုက်တာ တကယ်နာနေတာကြောင့် အိပ်မက်မဟုတ်မှန်း သေချာသွား၏။ထို့နောက် သူ့ဖုန်းကို ရှာကြည့်လိုက်တော့ တကယ်ကိုပင် သူပထမနှစ်၊ဒုတိယနှစ်တွေ တုန်းက သုံးသည့် ဖုန်းမျိုး ဖြစ်နေ၏။ဖုန်းကနေ ရက်စွဲကို ကြည့်လိုက်တော့ 2006 ခုနှစ် ဖြစ်နေလေသည်။Dec လ မရောက်သေးပေ။
" Suguru ! "
သူရုတ်တရက် ထထိုင်လိုက်ပြီး Suguru ကို သွားရှာဖို့ ပြင်ဆင်လိုက်ပြီးနောက် နေတောင် မထွက်သေးသည်ကို ကြည့်ပြီး လက်လျှော့လိုက်ရလေသည်။Suguru က အိပ်နေတာဆိုရင် သူ မနှောင့်ယှက်လိုပေ။သူသေချာပေါက် အရမ်းကို ပင်ပန်းနေပေလိမ့်မည်။အဲတာကြောင့် နေထွက်ပြီး Suguru ,mission မသွားခင်လေးမှာ သွားရှာဖို့ ဆုံးဖြတ်လိုက်သည်။Satoru လည်း စိတ် ရှည်ရှည်စောင့်ရင်း နောက်ဆုံးတော့ နေထွက်လာပြီ ဖြစ်တာကြောင့် အလျင်အမြန် ပြင်ဆင်ပြီး Suguru ကို တွေ့ဖို့ သူ့အခန်းထဲမှ ထွက်လာ၏။
သူ Suguru ကို နောက်ဆုံးတော့ တွေ့ရပြီ ဖြစ်သည်။သူကိုယ်တိုင် သူ့လက်နှင့် သတ်ခဲ့တဲ့ သူ့ရဲ့တစ်ဦးတည်းသော သူငယ်ချင်း ဖြစ်သည်။
အခုတော့ သူ့ရဲ့ မျက်လုံးတွေနှင့် Suguru ကို မြင်နေရသည်မှာ သူ့ကို ဖော်မပြနိုင်သည့် ခံစားချက်တွေ ပေးစွမ်းနေ၏။
" Yo , Suguru "
သူပြုံးရင်း Suguru ကို ခေါ်လိုက်တော့ Suguru က သူ့ကို မော့ကြည့်လာ၏။သူအရင်နှစ်တွေတုန်းက Jujutsu soccerer သတ်သမား Toji နှင့် တိုက်ခိုက်ပြီးနောက် အရင်ကထက် သန် မာလာပြီး mission တွေကလည်း အဆက်မ ပြတ်ရှိလာသည်။သူနဲ့ Suguru က နေ့တိုင်းနီးပါးကို mission သွားနေရပြီး တစ်ယောက်မျက်နှာ တစ်ယောက် တွေ့ဖို့က အလွန် ခက်ခဲလာသည်။ဒီလိုနဲ့ သူလည်း သူ့ရဲ့ ကျိန်စာပညာကို တိုးတက်စေဖို့ လေ့ကျင့်နေရတာက တစ်ကြောင်းဖြင့် သူ့သူငယ်ချင်းက ဘာဖြစ်နေလဲ အဆင်ပြေရဲ့လား ဆိုတာကို မစစ်ခဲ့မိပေ။သူ့မှာ six eyes ရှိနေတာတောင်မှ သူ့ သူငယ်ချင်းက စိတ်ဓာတ် အရမ်းကျနေပြီး ပင်ပန်းနေတာကိုတောင် မမြင်နိုင်ခဲ့ပေ။Suguru အနားမှာ ရှိနေရတာကိုက သူ့အ တွက် ပျော်ရွှင်မှု ဖြစ်နေတာကြောင့် Suguru က အရမ်းတိတ်ဆိတ်လာတာကိုတောင် သတိမထားမိခဲ့ပါ။ကမ္ဘာပေါ်က ရှိသမျှ အချိန်တွေကို သူတို့ ပိုင်ဆိုင်ထားတယ်လို့ ထင်ခဲ့မိ၏။
" Satoru? "
သူ Suguru ကို သေသေချာချာနဲ့ ကြည့်လိုက်တော့မှ Suguru ဟာ အလွန်ပိန်နေပြီး အ သားအရည် ဖြူဖတ်ဖြူရောနဲ့ မျက်ကွင်းကလည်း ညိုနေ၏။သူဝတ်နေကျ တီရှပ်ကလည်း သူ့အတွက် ချောင်နေသည်။mission မသွားရမှာကြောင့်လား မသိ သူ့ဆံပင်ကို ဒီအတိုင်း ချထား ၏။Suguru က အခုချိန်မှာ ၁၇ နှစ်ပဲ ရှိသေးတာ ဖြစ်ပြီး အလွန်ကိုမှ ငယ်ရွယ်နေသေးသည်။သူအရမ်း ပင်ပန်းခဲ့မှာပင်။သူ့အတွက်က တစ်ခြားသူတစ်ယောက်ယောက်ရဲ့ ခံစားချက်ကို နား လည်ဖို့ရန် ခက်ခဲသောကြောင့် တစ်ခုခု မှားနေမှန်း သတိထားမိတာတောင် ဘယ်နေရာက မှားနေလဲ ဆိုတာကို အတိအကျ နားမလည်နိုင်ခဲ့ပါ။
" မင်း mission သွားရမှာ မဟုတ်ဘူးလား "
" ငါ ဖျက်လိုက်ပြီ ဟီး "
သူ Suguru ကို တောက်ပစွာ ပြုံးပြရင်း ပြောလိုက်တော့ Suguru က သက်ပြင်းချလိုက်ပြီး ဘာမှတော့ ဆက်မပြောတော့ပေ။သူလည်း Suguru ဘေးမှာ ထိုင်ချလိုက်ပြီး Suguru ရဲ့မျက်နှာကို ကြည့်ရင်း သူအရင်တုန်းက ဘယ် တော့မှ မမေးနိုင်ခဲ့တဲ့ မေးခွန်းကို မေးလိုက်၏။
" Suguru... မင်း အရမ်း ပင်ပန်းနေလား "
သူ Satoru ကို ကြည့်လိုက်သည်။ဒီနေ့ Satoru ရဲ့ မျက်လုံးတွေက သူမဟုတ်သလို ခံ စားရသည်။စကားလုံးတွေနဲ့ မရှင်းပြတတ်သော် လည်း Satoru ဖြစ်ပေမဲ့ မဖြစ်သလိုမျိုး။Satoru ရဲ့ မျက်လုံးတွေမှာ နာကျင်မှုတွေ နောင်တတွေရှိနေပြီး ဒီအရွယ် ကောင်လေးတစ်ယောက်မှာ တွေ့ရရှားတဲ့ ကြမ်းတမ်းမှုနှင့် ရင့်ကျက်သန်မာမှုတွေ ရှိနေ၏။Satoru က ဘာလို့ မေးတာလဲ။ငါအရမ်း သိသာသွားလို့များလား။
သူတို့ တစ်ယောက်နှင့် တစ်ယောက် မတွေ့ရတာ၊ စကားမပြောရတာ ကြာပြီကို Satoru က သိစရာ အကြောင်း မရှိပါ။သူ Satoru နှင့် စကား ပြောခဲ့ရင်တောင် သူဘယ်လောက်ပဲ ပင်ပန်းနေ ပါစေ Satoru ကို ပြောပြမှာ မဟုတ်ပါ။Satoru သည် တက်လမ်းအပြည့်ရှိပြီး မြန်ဆန်စွာ တိုးတက်နေတဲ့ လူငယ်တစ်ယောက် ဖြစ်နေပြီ ဖြစ်သောကြောင့် သူ့ရဲ့ လေ့ကျင့်မှုကိုသာ အပြည့်အဝအာရုံစိုက်စေချင်သည်။သူ့ကြောင့် မနှောင့်နှေးစေချင်ပါ။Satoru သည် နားမလည်ရင် ပေါ့ပါးစွာ နေထိုင်ပြီး လူတွေကို ဂရုမစိုက်သလို ထင်ရပေမဲ့ တကယ်တော့ သူက စိတ်ပူတတ်ပြီး ဂရုလည်း စိုက်တတ်တဲ့သူ ဖြစ်သည်။အဲ့တာကြောင့် Satoru ကို ဝန်မပိုစေချင်ပါ။
" ငါ အဆင်ပြေပါတယ် "
Suguru က သူ့မျက်နှာကို လွှဲရင်း ပေါ့ပါးစွာပဲ ပြန်ဖြေလိုက်သည်။Satoru ကလည်း ဘာမှ ပြန်မပြောတာကြောင့် သူတို့နှစ်ယောက်ကြား ခ ဏတာ တိတ်ဆိတ်သွားလေသည်။ထို့နောက် Satoru က ရုတ်တရက် သူ့ကို ဖက်လာ၏။Satoru ရဲ့ လက်တစ်ဖက်က သူ့ရဲ့ ခေါင်းနောက်မှာ ရောက်နေပြီး ကျန်တဲ့တစ်ဖက်ကတော့ သူ့ရဲ့ လက်ကို ကိုင်ထားသည်။
" Satoru? "
" ဘာမှ ထူးဆန်းတာတွေ မတွေးပါနဲ့ ငါက နားထောင်ပေးမှာမို့ ကျေးဇူးပြုပြီး တစ်ခုခု ပြောပါအုံး "
Suguru ခဏလောက် အချိန်တွေ ရပ်တန့်သွားသလို ခံစားရ၏။ဘယ်လို ခံစားရမှန်း မသိတာကြောင့် ဖြစ်နိုင်သည်။သူ့ရဲ့ အတွေးတွေ ၊ သူ ပင်ပန်းနေတာကို Satoru က သိနေတာကြောင့် သူပျော်သွားတာလား ဒါမှမဟုတ် သူ့ပင်ပန်းမှုကို ဖုံးကွယ်မထားနိုင်တာကြောင့် ဝမ်းနည်းသွားတာလား ဆိုတာကို သူခဏလောက် မဝေခွဲနိုင်ခဲ့ပေ။
အချိန် ခဏလောက် ကြာပြီးမှသာ သူ တွေးမိလိုက်၏။Satoru က သူ့ကို တကယ့် စိတ်ရင်းနဲ့ ပြောနေတာပဲ။သူ Satoru ကို ပြောပြချင်တဲ့ စိတ်တွေ တဖြည်းဖြည်း ဖြစ်လာ၏။ကြည့်ရတာ သူ့ကိုသူ ကလေး မဟုတ်တော့ဘူးလို့ ဘယ်လောက်ပဲ ဆိုဆို၊ ဘယ်လောက်ပဲ ကိုယ့်ကိုယ်ကို လိမ်ညာနေပါစေ သူ့စိတ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ သူ့ကို နည်းနည်းလောက်ပဲ ဖြစ်ဖြစ် ဒီလိုမျိုး တစ် ယောက်ယောက်က ပြောလာမှာကို မျှော်လင့်နေမိတဲ့ ပုံပဲ။ပြီးေတာ့ ပြောလာတဲ့ သူကလည်း သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်း ဖြစ်နေတယ်။ Suguru သူ့ရဲ့ မောပန်းမှုတွေ အကုန်နီးပါး ပျောက်ကွယ်သွားမလိုပင် ခံစားရ၏။တကယ်လို့ သူသာ စိတ်ထဲမှာ ရှိတဲ့ အရာတွေကို အကုန် ဖွင့်ချလိုက်မယ်ဆိုရင် တကယ်ပဲ စိတ်သက်သာ ရလောက်မယ် ထင်တယ်။သို့ပေမဲ့ သူဘာပြောရမှန်းကိုတော့ ရုတ်တရက် မသိလိုက်တော့ပေ။ထို့ကြောင့် သူတို့နှစ်ယောက်ကြား တိတ်ဆိတ်မှုက တစ်ဖန် လွမ်းမိုးသွားပြန်၏။Suguru လည်း သူပြောရမည့် စ ကားလုံးတွေကို ခဏလောက် ကြာအောင် စီလိုက်ပြီးမှ စပြောဖို့ ဆုံးဖြတ်လိုက်၏။
" ကောင်းပါပြီ ငါ ပြောပြမှာမို့ ငါ့ကို လွတ်လိုက် ပါအုံး "
" မလွတ်ချင်ပါဘူး ဒီအတိုင်း ပြောလိုက်ပါ ငါတို့သာ ဒီလိုဖက်ထားရင် ငါ မင်းပြောတာတွေကို ပိုပြီးတော့ ကောင်းကောင်းကြားနိုင်မှာလေ မဟုတ်ဘူးလား ? "
" Sigh မင်းကတော့ ကလေးလား "
" ပြောလိုက်ပါ ငါ နားထောင်ပေးမယ် ဒါပေမဲ့ ကိုယ့်ကိုယ်ကို အရမ်း တွန်းအားမပေးပါနဲ့ မင်း အခုချက်ချင်း မပြောနိုင်ဘူး ဆိုရင်လည်း ပြောချင်လာတဲ့ အချိန်ကျရင် ဘယ်အချိန်ပဲ ဖြစ်ဖြစ် ငါ နားထောင်ပေးမှာမို့ "
Suguru အတွက်တော့ အတော်ကို ထူးဆန်းသလို ခံစားနေရတုန်း ဖြစ်တာကြောင့် ခဏလောက် အချိန်ယူပြီးမှ ပြောပြနိုင်တော့သည်။
" Satoru ငါလေ အမြဲပြောဖူးသလိုပဲ အခုထိကို ငါတို့လို ကျိန်စာပညာရှင်တွေက သာမန်လူသားတွေကို ကာကွယ်ရမယ် ငါတို့က သန်မာတာကြောင့် အားနည်းသူတွေကို ကာကွယ်ရမယ်လို့ပဲ ယုံကြည်လာတာ.... ဒါပေမဲ့ အခုတော့ ငါ့ယုံကြည်မှုက မှားနေတယ်လို့ ထင်လာတယ် "
Satoru က နောက်ဆုံးတော့ သူ့ကို လွတ်လိုက်ပြီး သူ့ကို ကြည့်လာ၏။Satoru ရဲ့ အ ကြည့်တွေက သူ့အပေါ် အပြည့်အဝ အာရုံစိုက်နေ ၏။
" ပြီးတော့ရော "
" သာမန်လူသားတွေက တကယ်ရော ကာကွယ်ဖို့ ထိုက်တန်ရဲ့လား ငါ့ယုံကြည်မှုက မှားနေတာများလားလို့ အဲ့ဒါကြောင့် ငါ ကျိန်စာပညာရှင်မဟုတ်တဲ့သူတွေ အားလုံးကို သတ်ပစ်လိုက်လို့ ရရင် ကောင်းမယ်လို့ တွေးမိတယ် "
" မင်း ဒီလိုမျိုး ကာကွယ်ရတာ အရမ်း ပင်ပန်းနေတဲ့ ရက်တွေမှာ အနားယူလိုက်လို့ ရပါတယ် ငါ မင်းအတွက်ပါ ကာကွယ်ပေးမှာမို့ အဲဒါကြောင့်မို့ ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးပါနဲ့ မင်းတစ်ယောက်ထဲ သည်းခံပြီး ခါးစည်းမြိုသိပ်ထားစရာလည်း မလိုပါဘူး ငါ ရှိနေတာပဲလေ နော်"
Suguru ပြုံးလိုက်သည်။တကယ့်ကိုမှ နူးနူးညံ့ညံ့လေး ပြုံးလိုက်တာပင်။သူ Suguru ရဲ့ အပြုံးကို တကယ် သဘောကျတယ်။ သူ့ကို ဆူနေတဲ့ အခါဖြစ်စေ၊ သူ့ကို ချောတဲ့ အခါ ဖြစ်စေ၊ ဒီအတိုင်း စကားပြောတဲ့ အခါ ဖြစ်စေ အရမ်းကို နား၀င်ချိုပြီး သာယာနာဖွယ် ကောင်းလွန်းတဲ့ Suguru ရဲ့ အသံကိုလည်း သူ အရမ်းသဘောကျတယ်။ဒါပေမဲ့ Suguru ရှိနေတုန်းက မပြောခဲ့တာကြောင့် နောက်ထပ် ဘယ်တော့မှ ပြောခွင့် မရတော့ပေ။သူ တစ်နေ့ကျရင် သူ Suguru ကို ဘယ်လောက် သဘောကျကြောင်း ပြောနိုင်ဖို့ မျှော်လင့်ပါတယ်။
" ဒီနေ့ မင်းနဲ့ စကားပြောရတာ အကိုကြီးတစ်ယောက်နဲ့ စကားပြောနေရသလိုပဲ "
" ဟုတ်လား "
Satoru က သူ့ကို တင်းတင်းကျပ်ကျပ် ဖက်လာပြန်၏။
" တောင်းပန်ပါတယ် တောင်းပန်ပါတယ် ငါ မင်းဒီလောက်ပင်ပန်းနေတာကို သတိမထားမိခဲ့လို့ "
" ဘယ်အချိန်မှာပဲဖြစ်ဖြစ် ငါ နားထောင်ပေးမှာမို့ ကျေးဇူးပြုပြီး မင်းတစ်ယောက်ထဲ သည်းခံမထားပါနဲ့... ငါတို့က... အကောင်းဆုံး သူငယ်ချင်းတွေလေ မဟုတ်ဘူးလား "
Suguru တကယ် စိတ်သက်သာရသွားသည်။သူ့ရဲ့ ကိုယ်လုံးကပါ အရမ်းပေါ့ပါးသွားသလို ခံစားရ၏။သူဒီလောက် စိတ်မပေါ့ပါးရတာ ဘယ်လောက်တောင် ကြာပြီလဲ။သူလည်း နောက်ဆုံးတော့ Satoru ကို ပြန်ဖက်ပြီး ညင်သာစွာ ပြုံးရင်း ပြောလိုက်၏။
" ဟုတ်တယ် ငါတို့က အကောင်းဆုံးသူငယ်ချင်းတွေလေ "
Satoru သူ့သူငယ်ချင်းကို တစ်ခါ မကယ် တင်နိုင်ခဲ့ပေ။ကယ်တင်တယ်ဆိုတာက အကယ်ခံချင်တဲ့သူတွေကိုသာ ကယ်နိုင်တာ ဖြစ်သည်။ကြီးမားလှတဲ့ တောင်ကြီးရဲ့နောက်မှာ ဖြည်း ဖြည်းချင်း ဝင်သွားတဲ့ နေမင်းကြီးကို ဖမ်းဆုပ်ဖို့ ကြိုးစားနေရသလိုမျိုး အကယ်မခံချင်တဲ့သူကို ဘယ်လောက်ပဲ ကြိုးစားပြီး ကယ်တင်ချင်ပါစေ ကယ်တင်နိုင်မည် မဟုတ်ပါ။ဘယ်လောက်ပဲ ချဉ်းကပ်နေပေမဲ့ အနားတော့ မရောက်နိုင်ခဲ့ပါ။ဒါပေမဲ့ ယုံနိုင်စရာ မကောင်းစွာ သူ ဒုတိယနှစ် ကျောင်းသားတုန်းက အချိန်ကို ပြန်ရောက်လာခဲ့တယ်။Suguru ကို ပြန်တွေ့ခွင့်ရပြီး စကားပြောခွင့်လည်း ရခဲ့တယ်။ဘယ်သူ့ကို ကျေးဇူးတင်ရမယ်မှန်း မသိပေမယ့် သူ အရမ်းကျေးဇူးတင်မိ၏။သူ ကျေးဇူးတင်နေတုန်းမှာပင် သူ့ရဲ့ မျက်လုံးတွေက ဘာမှ မမြင်ရတော့ပဲ လုံးဝအမှောင်ကျသွား၏။အချိန်ခဏလောက်ကြာပြီးမှ သူ အသံတွေ မရှင်းတရှင်းကြားရပြီးနောက် သူ ပုံမှန် အချိန်ကို ပြန်ရောက် လာပြီ ဆိုတာ သိလိုက်ရ၏။အဲ့ဒီ အသံတွေက Yuji တို့ ရဲ့ အသံဖြစ်သည်။သူ့နာမည်ကို ခေါ်နေကြတာပင်။သူ အိပ်မက် မက်နေခဲ့တာလား။ဒါပေမဲ့ အိပ်မက် ဖြစ်ရအောင်က အရမ်းကို တကယ့် ဆန်လွန်းတယ်။သူ့ပါးကိုသူ ရိုက်ခဲ့တာ တကယ်နာပြီး သူ အိပ်မက်ကနေလည်း လုံးဝ နိုးမလာခဲ့ပေ။သူ ဝေခွဲမရ ဖြစ်နေတုန်း အသံတစ်သံက သူ့အာရုံကို အပြည့် အဝ ဆွဲဆောင်သွား၏။
" Satoru"
" ထပါအုံး ကျောင်းသားတွေ ရောက်နေပြီလေ "
သူ ချက်ချင်းပဲ သူ့ရဲ့ မျက်စည်းကို ဖယ်လိုက်ပြီး အသံလာရာကို မော့ကြည့်လိုက်တော့ Suguru ဖြစ်နေသည်။တကယ့် Suguru စစ်စစ်ပင်။ဒါပေမဲ့ သူမယုံနိုင်သေးတာကြောင့် ထရပ်လိုက်ပြီး Suguru ရဲ့ မျက်နှာကို ထိကြည့်လိုက်တော့ တကယ့် အစစ်ဖြစ်သည်။သူ အတည်ပြုနိုင်ဖို့ Suguru ကို ဖက်လိုက်ပြန်၏။ရုတ်တရက် အဖက်ခံလိုက်ရတော့ Suguru က ခဏလောက် ကြောင်တောင်တောင်လေး ဖြစ်သွားရှာ၏။ပြီးမှ သူ့ကို ပြန်ဖက်လေသည်။Satoru လည်း ထပ်ခါ ထပ်ခါ အတည်ပြုပြီးနောက် သူမှားမြင်နေတာမျိုး မဟုတ်သလို ပုံရိပ်ယောင်လည်း မဟုတ်တာ သေချာသွားမှ စိတ်သက်သာရာရနိုင်တော့ သည်။Suguru က ကျိန်စာပညာရှင်တွေရဲ့ ဝတ်စုံကို ဝတ်ထားပြီး ခါးထိ ရောက်နေတဲ့ သူ့ဆံပင်ကိုဒီအတိုင်း ချထား၏။ကြည့်ရတာ ဒီနေ့ Suguru သူ့ခေါင်းစည်းကို မေ့လာတယ် ထင်တယ်ဆိုပြီး Sutoru သူ့လက်ကို အလိုလို ကြည့်မိသွား၏။သူ့ရဲ့ လက်မှာ ခေါင်းစည်း တစ်ခုရှိနေသည်။Suguru ခေါင်းစည်း မေ့ခဲ့ရင် ဆိုပြီး လိုမယ်လိုရ သူ ဆောင်ထားတာပဲ ဖြစ်ရမယ်။ဒါပေမဲ့ ဒီတိုင်း ချထားတာကလည်း တစ်မျိုး ကြည့်ကောင်းတယ်။သူတို့ ဆရာနှစ်ယောက်ရဲ့ အပြုအမူကို မြင်နေရတဲ့ ကျောင်းသားသုံးယောက်ကတော့ ဘာမှ မထူးဆန်းသလိုမျိုး သူတို့ နှစ်ယောက်ကို အဖက်တောင် မလုပ်ပေ။သို့သော်လည်း Suguru ကတော့ သူ့ရဲ့ အပြုအမူတွေကြောင့် နည်းနည်းစိတ်ပူသွားပြီး သူ့ကို မေးလာသည်။
" Satoru မင်း နေမကောင်းဘူးလား ? "
Suguru က လုံးဝ မပြောင်းလဲသေးပေ။သူ့ကို အမြဲ ဂရုစိုက်ပြီး စိတ်ပူနေတုန်းပင်။သူလည်း အတောက်ပဆုံးသော အပြုံးဖြင့် Suguru ကို ပြုံးပြရင်း ဖြေလိုက်သည်။
" ငါ လုံးဝ ဘာမှ မဖြစ်ပါဘူး ဟီး "
" ကောင်းပါပြီ "
" Yuji တို့ကို မင်းခေါ်လိုက်တာမလား ပြောစရာရှိတာကို အခု ပြောလိုက်ပါ "
" ဟုတ်ကဲ့ပါ "
" Sensei ကျွန်တော်တို့ ရောက်နေတာ ကြာပြီကို သတိတောင် မထားမိဘူးမလား "
Yuji က ပြောလာ၏။Nobara ကတော့ သူခုနက ထိုင်ခဲ့တဲ့ သူ့ဇိမ်ခံခုံကိုပဲ အာရုံရောက်နေပြီး သူ့ကိုတောင် မကြည့်အားပါ။Megumi က သူ့ရဲ့ ပုံမှန် မျက်နှာထားနဲ့ ရပ်ရင်း သူ့ကို ကြည့်နေပြီး ဘာမှ ပြောမလာပါ။
" သတိထားမိတာပေါ့ ကဲ မင်းတို့ကို အကြာကြီး စောင့်စေမိလို့ တောင်းပန်ပါတယ် ငါမင်းတို့ကို ခေါ်ရတဲ့ အကြောင်းပြချက်ကတော့......"___________________________________________
2433 words
Extra information- Young Gojo ရဲ့ အထဲကနေ adult Gojo ထွက်သွားပြီးနောက် young Gojo က ဖြစ်ပျက်သမျှကို မှတ်မိပါတယ် , also adult Gojo will eventually get his memories back about everything that happened after he left from his younger body.
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. This one's from Nakamura ( Gojo' va )'s interview
" Listen to me !
Don't think anything strange , just come
over here
Because I'll listen to you
So please say something "
I got inspired from thisI hate them so much ( affectionately )
ကိုယ့်ကိုယ်ကို နှစ်သိမ့်တဲ့ အနေနဲ့ ဒီ au ကို ရေးလိုက်တာပါ :3
တကယ်လို့ Gojo သာ အချိန်နောက်ပြန်သွားနိုင်ခဲ့ရင် ဆိုပြီးပေါ့
( My writing isn't the perfect one but enjoy reading <33 )
![](https://img.wattpad.com/cover/350351550-288-k517768.jpg)
YOU ARE READING
Jujutsu Kaisen ( one shots ) MM
Fanfictionမရေးတတ်ရေးတတ်နဲ့ လက်တွေ အရမ်း ယားနေလို့ ရေးလိုက်တာပါ :> I don't own any of these characters , they are from the manga called Jujutsu Kaisen by GeGe Akutami