It's me. I'm the problem. 😆
မိန်းလုပ်ခဲ့တဲ့အရာတွေ၊ တွေ့ခဲ့တဲ့လူတွေနဲ့ ဖြစ်ပျက်ခဲ့တာတွေအကုန်လုံးမှာ မိန်းကပဲ problem ဖြစ်နေတယ်ဆိုတာကို သတိထားမိလာတယ်🫠
Mei is the problem 🤣
Friendship မှာပဲဖြစ်ဖြစ် relationship မှာပဲဖြစ်ဖြစ် ဘယ်ဘက်ကကြည့်ကြည့် မိန်းဘက်က လိုအပ်ခဲ့တာတွေကြီးပဲ။ တခြားသူတွေကိုလုပ်ပေးဖို့ လိုအပ်ခဲ့တာမဟုတ်ပဲနဲ့ ကိုယ့်အတွက်ကိုယ် လိုအပ်ခဲ့တာ၊ မရင့်ကျက်ခဲ့တာနဲ့ ဆုံးဖြတ်ချက်မခိုင်မာခဲ့တာတွေကြောင့်...
မိန်းကို ရင့်ကျက်တယ်လို့ပြောကြပေမယ့် မိန်းက အရမ်းကလေးဆန်ပါတယ်။ အခုထိလည်း အဲ့လိုပါပဲ။ လူတိုင်းက ဘယ်လောက်ပဲရင့်ကျက်တယ်ပြောပြော ကလေးဆန်ကြတာပါပဲ။ ဟန်ဆောင်ကောင်းကြလို့သာ ရင့်ကျက်တယ်ထင်ရပေမယ့် တကယ် 100% ရင့်ကျက်တဲ့သူဆိုတာမရှိဘူး။
မိန်းဆီမှာဖြစ်ခဲ့တဲ့ ပြဿနာတွေ၊ မိန်းနဲ့တွေ့ခဲ့တဲ့လူတွေနဲ့၊ ခင်မင်ခဲ့တဲ့ အပေါင်းအသင်းတွေမှာ မိန်းက တကယ့် problem ဖြစ်နေခဲ့တာပါ။ Friend နည်းတာကလည်း မိန်းကြောင့်ပဲ။ Relationship တွေ မမြဲတာလည်း မိန်းကြောင့်ပဲ။ ယှဉ်ကြည့်လိုက်ရင် မိန်းဘက်က ချို့ယွင်းခဲ့တာတွေကြီးပဲ။ မစဉ်းစားပဲ လျှောက်လုပ်မိတာတွေနဲ့ ကိုယ့်အတွက်ကိုယ်မကြည့်ခဲ့တာတွေ...
ကိုယ့်ကိုယ်ကို အရမ်းကြီးလည်း အပြစ်မတင်ပါဘူး။ Problem ဖြစ်နေခဲ့မှန်းသိပေမယ့် နောက်ဆုံးတော့ realize ဖြစ်လာလို့ ကျေးဇူးတင်မိတယ်။ အဲ့ problem တွေနဲ့ mistake တွေကနေ ပြန်သင်ယူနိုင်ခဲ့လို့ ကိုယ့်ကိုယ်ကိုကျေးဇူးတင်တယ်။ ကိုယ့်ကိုယ်ကိုလည်း ခွင့်လွှတ်တယ်။
ရှေ့လျှောက် I'm the problem မဟုတ်တော့ပဲ ဆက်နေနိုင်သွားတော့မယ်လို့လည်း ယုံကြည်ချက်ရှိတယ်~ Of course, I have confident. I love myself. I put myself first in every situation. Yes, I'm selfish. But not in a bad way. Selfish in a good way.
From now on, I'm not the problem anymore.😆✔️
"In the world full of choices, I choose myself."
_Mei
YOU ARE READING
𝐌𝐢𝐝𝐧𝐢𝐠𝐡𝐭 𝐓𝐡𝐨𝐮𝐠𝐡𝐭𝐬
Random𝐃𝐢𝐚𝐫𝐲 𝐨𝐟 𝐌𝐞𝐢 ♥︎ ⚠️ 𝐃𝐢𝐫𝐭𝐲 𝐰𝐨𝐫𝐝𝐬, 𝐝𝐞𝐩𝐫𝐞𝐬𝐬𝐢𝐨𝐧 𝐚𝐧𝐝 𝐨𝐯𝐞𝐫𝐭𝐡𝐢𝐧𝐤𝐢𝐧𝐠 [𝐀𝐝𝐮𝐥𝐭 𝐂𝐨𝐧𝐭𝐞𝐧𝐭]
