ဒုတိယအကြိမ်တွေ့ဆုံမှု

21 0 0
                                    

ဒုတိယအကြိမ်တွေ့ဆုံမှု 🍑🍑

တိတ်ဆိတ်နေသော အတန်းသည် လူတစ်ယောက်ဝင်ရောက်လာသောအခါ အပ်ကျသံကြားရသည်အထိပိုတိတ်ဆိတ်သွားသည်။

"တီချယ် ဝင်ခွင့်ပြုပါ "

စာသင်နေတုန်းအနှောင့်အယှက်ပေးရင်မကြိုက်တဲ့ တီချယ် May အသံကြားရာသို့လှည့်ကြည့်လိုက်သောအခါ ကျောင်းသူသစ်တစ်ယောက်ကိုတွေ့လိုက်ရသည်။ မနက်က ကျောင်းအုပ်ကြီးခေါ်ပြောထားတဲ့တစ်ယောက်ဖြစ်မည်။

"ဪ ကျောင်းသူသစ်လား ?  သမီး "

"ဟုတ်ကဲ့ "

"အေးအေး ဝင်လာခဲ့..... အားလုံးနားထောင်မယ် တီချယ်တို့ကျောင်းကို ကျောင်းသူအသစ်တစ်ယောက်ပြောင်းလာတယ်"

မက်မွန်သီးရောင် ဆံနွယ်များကို ကျောတွင်ဖြန့်ချထားပြီး နှုတ်ခမ်းများက အပြုံးအရယ်မရှိပေ။ မက်မွန်ပွင့်လွှာ မျက်ဝန်းတို့က ရေသေပမာတည်ငြိမ်နေပြီး စိုက်ကြည့်မိလျှင် အညှို့ခံလိုက်ရသလို ၊ ပုံမှန်အတိုင်း School Uniform ဖြစ်တဲ့ ဒူးအတိစကတ်နဲ့ ရှပ်အင်္ကျီ ကိုအပေါ်က Hoodie အဖြူရောင်ထပ်ဝတ်ထားပင်မဲ့ ထိုပုံစံက သူမနှင့်မှပို၍ကြည့်ကောင်းနေသယောင်

"ဟင် စာသင်နှစ်တောင်ကုန်ခါနီးပြီကို"

"အေးလေ "

"ပြီးတော့ ကျောင်းက အဲ့လိုပြောင်းရွေ့မှုတွေဆိုလက်မခံဘူးမလား"

"ဟုတ်တယ် ...ဒီတစ်ယောက်ကဘာလဲမသိဘူး"

"ဒုန်း!! "

"ပါးစပ်ပေါက်တွေပိတ်ထားစမ်း! "

ခုံကိုထုလိုက်ပြီး တီချယ်အော်လိုက်မှ ပွစိပွစိနဲ့ ပြောနေသောကျောင်းသားများကငြိမ်ကျသွားသည်။သူတို့ပြောတာလဲမမှားဘူး။ တစ်နှစ်ကို ကျောင်းသားသစ် အယောက် ၁၀၀ ပဲဝင်ခွင့်ပေးတဲ့ ကျောင်းမို့ နှစ်စဆို မိဘတိုင်းက အလုအယက်ကျောင်းအပ်ကြရသည်။ စာသင်နှစ်စပြီဆိုလျှင် ကျောင်းအပြောင်းအရွေ့များကိုလက်မခံတော့တာကြောင့် အခုလို စာသင်နှစ်ကုန်ခါနီး ၃လမှာ ပြောင်းလာတဲ့ကျောင်းသူက ထူးခြားတာတော့အမှန်ပင်။

"သမီး ကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်ပါဦး"

" သျှိုင်း "

You've reached the end of published parts.

⏰ Last updated: Aug 24, 2023 ⏰

Add this story to your Library to get notified about new parts!

°°မက်မွန်သီးတစ်လုံး နှင့် ချစ်ကျွမ်းဝင်ခြင်း °°Where stories live. Discover now