Ep. 8

595 103 24
                                    


"ဘွား~~ "

"ဟင် မြေး"

"အဟင့်"

chae တစ်ယောက် Ms.Park ရင်ခွင်ထဲပြေးဝင်ကာ အားရပါးရငိုချပစ်လိုက်သည်။
ငယ်ငယ်ထဲကငိုပြီဆိုဘယ်တော့မှမျက်ရည်မကျ၊
သူမလေးငိုလျှင် အိမ်ရှိလူအကုန်ပျာယာခတ်နေတတ်တာမို့ငိုကြောင်းလူသိစေရန်သာအသံကုန်ဟစ်ပြီးငိုခဲ့သည်။

ထိုသို့သောကလေးက အခုတော့အူလှိုက်သည်းလှိုက်ငိုကြွေးနေတာမို့ ရင်ထဲပူလာရ၏။

"မြေး chae လေး ဘာဖြစ်လာတာလဲ
ဘွားကိုပြောစမ်း"

chae ဘွားကိုတော်တော်နှင့်ပြန်မဖြေနိုင်။
အဆက်မပြတ်ကျလာသော မျက်ရည်တို့ကိုသာထိန်းချုပ်နေရ၏။
မချစ်ပါဘူး လက်မထပ်နိုင်ပါဘူးဟုပြောကာ chae ကို ရွံစရာသတ္တဝာစ်ကောင်လို မုန်းတီးရွံရှာစွာကြည့်သော unnie ရဲ့အကြည့်တွေ~

chae ကအဲ့လောက်တောင်မုန်းစရာကောင်းတာလား။

"မြေး~~ဘာတွေဖြစ်လာတာလဲ
ဘွားရင်တွေပူနေပြီ တစ်ခုခုပြောပါဦးမြေးရယ်"

"ဘွား~~ unnie လေ... unnie.. အီးဟီး..အင့်.."

"jiji လေးနဲ့တွေ့လာတာလား"

"unnie က chae ကိုမုန်းနေတာ။ လက်မထပ်နိုင်ဘူးတဲ့"

ခုနက စကားဝိုင်းကိုအကုန်ကြားလိုက်ပြီဖြစ်ကြောင်း Ms.Park နားလည်လိုက်သည်။
chae လေးခံစားချက်ကို နားလည်လိုက်တာမို့ တစ်ခုခုစကားဆိုရန်ပျော့ပျောင်းသော ရွှေဝါရောင် ဆံနွယ်လေးတွေကိုသပ်တင်ပေးလိုက်၏။

chae က နီရဲနေသောလက်ဖဝါးလေးကို ဆုပ်လိုက်၊
အံကလေးကြိတ်လိုက်၊
ပြန်ဖြန့်ကြည့်လိုက်နှင့်အလုပ်ရှုပ်နေခဲ့ပြီး~~

"chae unnie ပါးကိုရိုက်ချလိုက်မိတယ်ဘွား...
ဟင့်... unnie ကိုစော်စော်ကားကားလဲပြောမိလိုက်တယ်..."

အကြမ်းအတမ်းပါနမ်းခဲ့မိတယ်ဆိုတာတော့ထည့်မပြောတော့။ chae ရှက်လို့ပင်။

"ဘယ်လို!ဒုက္ခပါပဲမြေးရယ်~~
jiji လေးက ဘယ်လောက်အမှတ်သညာကြီးလဲသိရက်နဲ့"

ကြောက်လန့်နေတာလား။
ကိုယ့်ကိုယ်ကို အပြစ်တင်မိတာလား။
ယူကြုံးမရဖြစ်နေတာလား
မသဲကွဲသောခံစားချက်မျိုးစုံနှင့် chae နှုတ်ခမ်းလေးတွေတဆတ်ဆတ်တုန်ယင်နေသည်။

𝙊𝙒𝙉𝙀𝙍Donde viven las historias. Descúbrelo ahora