My First Love(Hwanyoung)Final

292 35 39
                                    


နေရောင်ခြည်ဟာ မှန်ပြတင်းပေါက်ကနေ ယောင်းရဲ့ မျက်နှာပြင်ကို ထိုးချလိုက်တာနဲ့ တစ်ပြိုင်နက် ငြိမ်သက်စွာအိပ်နေတဲ့ Doyoung ဟာ မျက်လုံးလေးတွေကို ပွတ်သပ်ပြီး မဖွင့်ချင် ဖွင့်ချင်နှင့် ဖွင့်လိုက်သည်နှင့်

မျက်နှာချင်းဆိုင်မှာ ခေါင်းကိုလက်နဲ့ထောက်ကာ ပြုံးပြီး သူ့ကိုကြည့်နေတဲ့သူ...

ဟုတ်တယ် ဒါဟာ သူစိတ်ခံစားချက်အမှန်ကို သိလိုက်ရတည်းက လွမ်းနေခဲ့ရတဲ့ လူတစ်ယောက်....

"နိုးပြီဆိုလည်း ထတော့လေ ယောင်း တစ်အောင့်နေ အန်တီ လာနေရင် အဆင်သင့်မဖြစ် ဖြစ်နေဦးမယ်"

"ချီ"

ချီလိုပြောပြီး Doyoung ဟာ နိုးကားစ ကလေးလေးတစ်ယောက်လို ချော့မြူနေလေတယ်။

Junghwan ဟာ Doyoung ကိုယ်လေးကို မချီကာ သန့်စင်ခန်းအပေါက်ဝထိလိုက်ပို့လိုက်တယ်။

"ပြွစ် Morning kiss ပါ ဟွမ်"

"ကိုယ်စိတ်ကို လာမဆွနဲ့ ယောင်း"

‌နှစ်ယောက်စလုံး ရေချိုးသန့်စင်ပြီးသည်နှင့် တစ်ပြိုင်နက်ဆိုသလို အိမ်ရှေ့ Doyoung အမေဖြစ်သူရဲ့ကား ဟာ အဆင်သင့်ရောက်နှင့်နေလေပြီ။

Doyoung ဟာ အမေဖြစ်သူကို တွေ့သည်နှင့် တန်းပြီး ပြေးသွားကာ လိုချင်တာကို ဝယ်ပေးလို့ ပျော်နေတဲ့ သူပမာ သူ့အမေကိုဖတ်ပြီး နားလေးကပ်ကာ ပြောလိုက်တဲ့စကားက

"ကျေးဇူးအများကြီးတင်ပါတယ် မေမေ" တဲ့လေ

" Hwanie သား‌လေး နေရတာအဆင်ပြေရဲ့လား"

"ဟုတ် ပြေပါတယ်"

"ကဲ ဒါဆို သွားကြမယ်လေ"

"ဘယ်ကိုလည်း မေမေ"

"ဟိုရောက်ရင်သိပါလိမ့်မယ်"

----------------------

ကားလေးဟာ အီဆန်ဆိုတဲ့ နယ်မြို့လေးစီ ဝင်လာပြီး

"ဂါဖူး မိဘမဲ့ဂေဟာ" ဆိုတဲ့ လမ်းညွန်ထားတဲ့ ဂေဟာထဲ တန်းဝင်လာခဲလေတယ်။

"ဟင် မေမေ ဒါမေမေ နေခဲ့တဲ့ ဂေဟာလေးမလား"

"အင်း ဟုတ်တယ် မေမေနဲ့ မေ့ညီမလေး ကြီးပျင်းရာ အိမ်လေးပေါ့"

You've reached the end of published parts.

⏰ Last updated: Sep 06, 2023 ⏰

Add this story to your Library to get notified about new parts!

Teume's OTP Collection Where stories live. Discover now