10

25 5 3
                                    

ဂျီယုံးက ကျောင်းကအပြန် မြေနီဖြတ်လမ်းမရောက်ခင် မုန့်ဆိုင်လေးတစ်ခုရှေ့မှာ စက်ဘီးကို ရပ်လိုက်တယ်။ ဆွန်းဟျွန်းလည်း သူ့ဘေးမှာ လိုက်ရပ်လိုက်တယ်။ ဒီဆိုင်လေးမှာရောင်းတဲ့ အိမ်လုပ်ပဲနို့နဲ့ ဟိုပန်း (streamed bread like ပေါက်စီ) က သူတို့နှစ်ယောက်အကြိုက် သွားရည်စာဖြစ်တယ်။ ငယ်ငယ်တည်းက ကျောင်းပြန်တိုင်းလိုလို ဝယ်စားနေကျ။

ဆွန်းဟျွန်းက ပဲနို့နှစ်ပုလင်းနဲ့ ဟိုပန်းအကြီးသုံးလုံးဝယ်ပြီး သူ့စက်ဘီးလက်ကိုင်မှာ ချိတ်လိုက်တယ်။

နှစ်‌ယောက်သား စက်ဘီးကိုယ်စီနဲ့ မြေနီလမ်းပေါ် နင်းလာကြရင်း ပုံမှန်အိမ်အပြန်လမ်းကြောင်းကနေ သွေဖီလို့ ညာဘက်ကို ချိုးလိုက်တယ်။ နောက်ထပ် ကိုက်တစ်ရာလောက် နင်းပြီးတာနဲ့ ဟိုဘက်ရပ်ကွက်နဲ့ သူတို့ရပ်ကွက်ကြား ဖြတ်စီးနေတဲ့ စမ်းချောင်းလေးဆီ ရောက်တယ်။ ဒီနေရာလေးက ရံဖန်ရံခါ သူတို့နှစ်ယောက် ရေလာလာကူးနေကျနေရာလေး။

"ဒီနေ့အတော်ပူတယ် ဟူးး"

ဂျီယုံးက စမ်းချောင်းဘေးက ချယ်ရီပင်ကြီးအောက်မှာ စက်ဘီးဒေါက်ထောက်ရပ်ရင်း ကျောပိုးအိတ်ကို ‌ပင်စည်ခြေရင်းနား ပစ်ချလိုက်တယ်။ အနည်းငယ်ကျိုးတိုးကျဲတဲပေါက်နေတဲ့ မြက်ခင်းပြင်ပေါ် ခြေပစ်လက်ပစ်ထိုင်ချတယ်။

ဆွန်းဟျွန်းလည်း စက်ဘီးရပ်ပြီးတာနဲ့ ကျောင်းယူနီဖောင်းအင်္ကျီဖြူရဲ့ ကြယ်သီးတွေကို ဆွဲဖြုတ်လိုက်တယ်။ နောက်ဆုံး သူ့ကိုယ်ပေါ်မှာ ပေါင်လယ်လောက်ရှိတဲ့ အောက်ခံဘောင်းဘီလေးတစ်ထည်ပဲ ကျန်တော့တဲ့ထိ ရှိသမျှအဝတ်အစားတွေ အကုန်ချွတ်ပစ်တယ်။

"လုပ်လေ ဂျီ၊ ကူးကြရအောင်"

ဆွန်းဟျွန်း အဝတ်တွေဆွဲချွတ်နေခိုက် အနောက်ကနေ ထိုင်လျက်သား ငေးကြည့်နေမိတဲ့ ဂျီယုံး။ ဆွန်းဟျွန်းရဲ့ တက်ကြွတဲ့ဆော်ဩသံကို သူ ရုတ်တရက် ဂရုမထားနိုင်သေးဘူး။ သူ့မျက်စိရှေ့က ခပ်တောင့်တောင့် ကျောပြင်ကျယ်နဲ့ မို့မောက်တက်နေပြီဖြစ်တဲ့ ရင်အုပ်ကျယ်ကျယ်တွေကို ငေးစိုက်ကြည့်ရင်း တစ်ဖန် သူ့ရင်ဘတ်သူ ပြန်ငုံ့ကြည့်မိတယ်။

ချယ်ရီရာသီ (Cheery Cherry Time)Donde viven las historias. Descúbrelo ahora