Chapter_26

1K 176 15
                                    

[Unicode & Zawgyi]

တစ်ယောက်နှင့်တစ်ယောက် ရန်စောင်ပြီး အကြည့်ချင်း စစ်ခင်းနေကြသည့် လူနှစ်ယောက်ဟာဖြင့် ရှုဇယ့်၏ ရုတ်တရက် အော်ငေါက်လိုက်သံကြောင့် စောနလေးကမှ စကားနိုင်လုတာ ရပ်သွားကြတယ်။

လူနှစ်ယောက်နှင့် ရှုဇယ့် က တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး ရှုဇယ့်၏လှပသောမျက်နှာလေးက အမူအရာကင်းမဲ့နေသည်မှာ အကယ်၍ သူတို့နှစ်ယောက်သာ စကားတစ်ခွန်းလောက် ထပ်ပြောလိုက်တာနဲ့ သူက ချက်ချင်း 'ကားရပ်စမ်း' လို့ပြောပြီး ကားထဲမှထွက်သွားတော့မည့် အနေအထားမျိုးပါပင်။

ယန်းယန်ရဲ့ရင်ဘတ်ထဲမှာ ဒေါသတွေ ဆန်တက်ပြည့်နှက်နေခဲ့ပြီး ရှုဇယ့်အတွက်ကြောင့်နဲ့ ဒီဒေါသတွေကို လောလောဆယ်မှာတော့ ဖွင့်ထုတ်ပြီး ထွက်ပေါက်မရှာနိုင်ခဲ့ဘူး။ သူ့ကလေးကို ကိုယ်ဝန်ဆောင်နေတဲ့သူတစ်ယောက်ကို သူ ဒေါသမထွက်နိုင်ဘူးလေ။

အခုလက်ရှိ ဖြစ်ပျက်နေတဲ့အရာအားလုံးကတော့ ယန်းယန်၏ဒေါသကို နှစ်ဆတိုး‌အောင်ပဲ လုပ်နေခဲ့တယ်။  ရှုဇယ့် က ရုတ်တရက် မတော်တဆဖြစ်ခဲ့တယ်။ ရှုဇယ့်မှာ သူ့ရဲ့ ဖုန်းနံပါတ်ကြီးလည်း ရှိနေရဲ့သားနဲ့ သူက သူ့ကို အရင်ဆုံး မဆက်သွယ်ခဲ့ဘူး။ အဲ့ဒီအစား သူက ရှဲ့ချန်းကျိုးကို ဖုန်းခေါ်ပြီး သူ့ကို လာခေါ်ပေးဖို့ ရှဲ့ချန်းကျိုး ကို တောင်းဆိုခဲ့တယ်လေ။

ရှုဇယ့် က ရှဲ့ချန်းကျိုး ကို လုံး၀စိတ်မဝင်စားပါဘူးလို့ သူကိုယ်တိုင်ပဲ ပြောခဲ့တာမဟုတ်ဘူးလား? ဒါဆို အခု ဒီအခြေအနေကြီးက ဘာကြီးလဲ? သူ့မျက်စိရှေ့မှာတောင် ရှဲ့ချန်းကျိုး ကို သူ့ကို ဖက်ခွင့်‌ပေးထားသေးတယ်။

ရှုဇယ့် နဲ့ ညတိုင်း အိပ်ရာတစ်ခုထဲမှာ အတူတူအိပ်တဲ့သူက သူပါ။ ဒါပေမဲ့ ရှုဇယ့်မှာ ပြဿနာတစ်ခုခုဖြစ်တဲ့အခါ သူပထမဆုံးသတိရတဲ့ တစ်ယောက်သူကတော့ သူ မဟုတ်ခဲ့ဘူး။

ယန်းယန်ရဲ့မျက်လုံးတွေ အရောင်မှိန်ဖျော့သွားကာ ဖြည်းဖြည်းချင်း အသက်ရှူထုတ်လိုက်တယ်။ သူ လျှာဖျားနှင့် အပေါ်သွားအနောက်ကို ဖိကပ်လိုက်ပြီး အရှေ့တွင် ကားမောင်းနေသော ရှဲ့ချန်းကျိုး၏ နောက်ကျောကို စိုက်ကြည့်လိုက်တယ်။ အခုသွားနေတုန်း လမ်းတစ်၀က်မှာသာမဟုတ်ရင် ယန်းယန် က ရှဲ့ချန်းကျိုး ကို ကားပေါ်ကနေ ဆင်းခိုင်းပြီး သူတို့နှစ်ယောက် ပြောင်ပြောင်တင်းတင်းပဲ တစ်ပွဲလောက်‌တော့ ရန်သတ်ပစ်လိုက်ပြီ။

သူကအဖေဖြစ်ရတာကိုသဘောကျတယ်Donde viven las historias. Descúbrelo ahora